Ko Zaww

5 Flips | 1 Magazine | @zawmyintoo39 | Keep up with Ko Zaww on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Ko Zaww”

ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ

အရပ်ဘက်ရောက် တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများ နှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁ )<br>ကျုပ်ဒိစာ လေးတွေ ကိုရေးမယ်....ရေးမယ် …

ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက် မထိုက် Thursday, February 20, 2014 တချို့က ကြက်ဥကို အသက်မရှိသေးဘူးလို့ ယူစတယ်၊ ဗုဒ္ဓရဲ့ အဆိုအမိန့် အရ ဒီကြက်ဥလေး သန္တန် ပေါ်လာပြီဆိုကသေးက ဒီထဲမှာ ဝိညင်လေးရှိနေပြီ။ ဒီကြက်ဥလေး ပုပ်မသွားအောင် အသက်က ထိန်းသိမ်း စောင့်ရှောက်တယ်။ အကောင်မပေါ်သေးတာနဲ့ အသက်မရှိဘူးဆိုတာ မဟုတ်သေးဘူး။ ကြက်ဥလေးဟာ မိခင် ကြက်မကလည်း ဝပ်ပေးတယ် ဒါနဲ့ တဖြည်းဖြည်းရင့်လာတော့ အကောင်ဖြစ်လာတယ်။ အဲ့ဒီဖြစ်လာဖို့ အခြေခံ မျိုစေ့ရှိကသေးက အသက်ရှိတယ်လို့ ပြောရမယ်။ ဒါကို ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက်လားလို့ ဆိုရင်၊ သတ္တဝါလို့လည်းယူစမယ် - သတ္တဝါလည်းဟုတ်နေပြီးသားပဲ၊ အသက်လည်းရှိတယ်၊ သေစေလိုတဲ့ စိတ်လည်းရှိမယ် - သေအောင်လို့လည်းလုပ်မယ် - သေလည်း သေတယ် ဒီလို ၅ချက်နဲ့ ကိုက်ရင်တော့ ပါဏာတိပါသာကံ မြှောက်တယ်လို့ ပြောရမယ်။ သတ္တဝါလို့ မယူစဘူး အသက်မရှိဘူးဆိုပြီ စားမယ်ဆိုရင်တော့ သေမူတော့ဖြစ်တယ် ဒါပေမဲ့ ပါဏာတိပါသာကံ မြှောက်စေတဲ့ အင်္ဂါ ၅ ရပ်တော့ မပြည့်စုံဘူးလို့ပဲ ပြောရမယ်။ မြ၀တီ

ဥာဏ်ကောင်းစေရန် ရည်ရွယ်၍ မှန်ကန်သော နေထိုင်မှု ပုံစံများကို ဘာသာပြန်ဆို ရေးသားပေး လိုက်ရပါတယ်။ Thursday, February 20, 2014 (၁) များများတွေးပါ မိမိလက်ရှိ လုပ်နေသော အလုပ်တွေသာမက အခြားသော အလုပ်များ ထပ်မံပြီး ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတာကို တွေးတော ကြံဆခြင်းအားဖြင့် သင်၏ ဦးနှောက်ဥာဏ်ရည် သာမန်ထက်ပိုပြီး ထက်မြက်လာပါလိမ့်မယ်။ (၂) နေမကောင်းရင် ဦးနှောက်ကို အနားပေးပါ ဆိုလိုသည်မှာ အရမ်းပင်ပန်းနေရင် (သို့) နေမကောင်း ဖြစ်နေချိန်မှာ တွေးတော ကြံဆမှုတွေကို ရှောင်ကြဉ်လိုက်ပါ။ (၃) မှုးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ မှုးယစ်ဆေးဝါးများကို သုံးစွဲတာက ကြာလာတာနဲ့အမျှ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှုးယစ်ဆေးဝါးများကို ရှောင်ကြဉ်လိုက်ပါ။ (၄) စကားများများပြောပါ အမြဲတန်း မြုံစိစိ လုပ်နေတာမျိုးတွေကို ရှောင်ပြီး အပြောအဆို သွက်သွက်လက်လက် ရှိခြင်းဟာလည်း ဥာဏ်ကောင်းစေရန် နည်းလမ်းကောင်းပါပဲ။ (၅) သန့်ရှင်းသော လေများကို ရှုရှိုက်ရခြင်း မိမိနေထိုင်သော ပတ်ဝန်းကျင်မှာ သဘာဝအလှ ရှုခင်းများနှင့် သန့်ရှင်းသော လေများကို ရှုရှိုက်ရလျှင် အတွေးအခေါ် အသစ်များ ထွက်ပေါ်လာက ဥာဏ်ရည်ဥာဏ်သွေးကို ထက်မြက် လာပါလိမ့်မယ်။ (၆) အိပ်ရေးဝဝ အိပ်စက်ပါ အလွန်အကျွံ အိပ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လိုအပ်သလောက် အိပ်စက်ရလျှင် ဦးနှောက် ဖွံဖြိုး လာနိုင်ပါတယ်။ ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ