Than Naing

12 Flips | 4 Magazines | 2 Following | 3 Followers | @thannaing86 | Keep up with Than Naing on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Than Naing”

13 Crucial Facts About His Penis

Consider this your go-to handbook for his manhood<p>If you’ve been with enough guys in your lifetime (however many that may be) you might think you know your way around a penis. But the truth is, whether you’ve been with one or 10, you probably know a lot less about them than you thought. So to …

ဆယ်ကျော်သက်အရွယ်တွေကို မပြောသင့်တဲ့ စကားများ ဆယ်ကျော်သက်အရွယ်ဆိုတာ တွေးပုံခေါ်ပုံ ပြောင်းလဲစအရွယ်၊ အတုမြင်အတတ်သင်တဲ့အရွယ်ဖြစ်တာကြောင့် မိဘတွေအနေနဲ့ သူတို့နဲ့ စကားပြောတဲ့အခါ၊ သူတို့ကို ဆုံးမတဲ့အခါ သတိထားဖို့ လိုအပ်သလို ကိုယ်တိုင်လည်း သူတို့ရှေ့မှာ ဆင်ဆင်ခြင်ခြင် ပြုမူနေထိုင်သင့်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်တွေကို ပြောဆိုဆုံးမတဲ့အခါ ဘယ်လိုဆိုကောင်းတယ်၊ မကောင်းဘူးဆိုတာ၊ ချီးမွမ်းတဲ့အခါ ဘယ်လိုလေး ချီးမွမ်းသင့်တယ်ဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်။ မလိုလားတဲ့ ဆုံးမစကားများ မူးယစ်ဆေးဝါးတွေ မလုပ်ရဘူး။ ညနက်ကြီး အပြင်မထွက်ရဘူး။ လိင်ကိစ္စ မရှုပ်ရဘူး။ အဲ့ဒီ အဝတ်အစားတွေ မ၀တ်ရဘူး။ ကိုယ်ကျိုးအနစ်နာခံခြင်း သားသမီးတွေအတွက် စိတ်ဖိအားများတဲ့ သူရဲကောင်းကြီးတွေလို ပြုမူနေထိုင်တတ်တဲ့ မိဘတွေဟာ သားသမီးတွေကို လူကြီးဖြစ်ရတာ ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းကို ပြသဖို့တော့ မေ့နေကြတယ်။ ဆယ်ကျော်သက်တွေကလည်း စိတ်ဖိစီးမှု၊ ပူပင်သောကတွေ၊ ခြေကုန်လက်ပန်းကျပြီး အမြဲတမ်းအလုပ်နဲ့ပဲ ပိနေတဲ့ သူတို့လို ဘဝကို ကြည့်ပြီး ဒီလိုမျိုးတော့ အဆုံးမသတ်ချင်ဘူးဆိုတဲ့စိတ် ၀င်သွားတတ်ကြပါတယ်။ ဖြေရခက်တဲ့မေးခွန်း “ဒီနေ့ ဘယ်လိုလဲ”။ အပြင်လေးထွက်ပြီး ပျော်ပျော်လေးနေဖို့သာ စိတ်ကူးနေကြတဲ့ ဆယ်ကျော်သက်များအတွက် ပြန်ဖြေဖို့ နားလည်ရခက်၊ ရှုပ်ထွေးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းအစား “ဒီနေ့အတွက် မင်းအတွက် အကောင်းဆုံးက ဘာဖြစ်မလဲ” ဆိုတာမျိုးတွေ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဆယ်ကျော်သက်ကောင်လေးတွေကို ချီးမွမ်းစကားဆိုတဲ့အခါ “မင်းလုပ်တာ အရမ်းကောင်းတယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင် ......” ဆိုတာမျိုးမပြောပါနဲ့။ သူတို့ က ငါ့ကိုချီးမွမ်းစကားဆိုနေတာပါလား ဆိုတာကို မေ့ပြီး သင်ပြောသွားတဲ့ ဒုတိယစာကြောင်း “ဒါပေမဲ့” အပိုင်းကိုသာ ပိုအာရုံစိုက်တတ်ကြတယ်။ ရိုးရိုးလေးသာ ချီးမွမ်းပါ။ ဆယ်ကျော်သက်မလေးတွေကို အားပေးတဲ့အခါ သူတို့ပြဿနာအားလုံးကို ဖြေရှင်းပေးစရာမလိုပါဘူး။ သူတို့ ဝမ်းနည်းတိုင်း နှစ်သိမ့်စကားပြောဆိုစရာမလိုသလို စိတ်သက်သာရာရအောင် ရယ်စရာဟာသကိုလည်း ပြောစရာမလိုအပ်ပါဘူး။ ဘာအကြံဥာဏ်မှ မပေးခင် နားလည်မှု ရှိအောင်သာ နားထောင်ပေးပါ။

တင်ပါးလေးလှအောင် လေ့ကျင့်နည်း ၄ ချက် အလုပ်၊ ကျောင်းနဲ့ သွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုတာလည်း အရေးကြီးတဲ့အပိုင်းပါ။ မိန်းကလေးတွေ အနေဖြင့် ခန္ဓာကိုယ်မှာလည်း တင်ပါးလေးလှအောင်ဆိုပြီး Gym မှာသွားကစားရအောင်လည်း အချိန်နဲ့ ပိုက်ဆံက စကားပြောလာမှာပါ။ အဲဒီတော့ လွယ်လွယ်နဲ့မြန်မြန်လှအောင်တော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်မှာပဲ လေ့ကျင့်ခန်းလေးကို လုပ်လိုက်ကြရအောင်နော်။ ၀၁. ရပ်နေတဲ့အချိန်မှာ ကားကိုစောင့်နေတဲ့အချိန်၊ တယောက်ယောက်ကိုစောင့်နေတဲ့အချိန်၊ မတ်တတ်ရပ်နေတဲ့အချိန်ကို အသုံးချကြရအောင်နော်။ အဲဒီအချိန်မှာ တင်ပါးကိုအားထည့်ပြီး ကြုံ့ကြည့်ပါ။ ၅စက္ကန့်ကြုံ့ပြီး ၅ စက္ကန့်နားပါ။ဒီလေ့ကျင့်ခန်းလေးကို အကြိမ်ကြိမ်လုပ်နိုင်ပါတယ်။ တခုပဲ သတိထားရမှာကတော့ ခါးကိုမတ်မတ်ထားဖို့လိုပါတယ်။ ၀၂. ထိုင်နေတဲ့အချိန်မှာ ထိုင်နေတဲ့အချိန်မှာ ကိုယ်အနေအထားကမမှန်တတ်ပါ။ထိုင်နေတဲ့အချိန်ကို အသုံးချပြီး တင်ပါးအတွက်ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲဆိုတော့ ခြေထောက်နှစ်ချောင်းညီညီညာညာ ဒူးကနေစပြီးကပ်ထားပါ။အချိန်နည်းနည်းကြာလာလျှင်ပေါင်အတွင်း ကြွက်သားက တဖြေးဖြေးနာလာပါလိမ့်မယ်။တင်ပါးနဲ့ဘာမှမဆိုင်ဘူးမဟုတ်လားလို့ မထင်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ အလေးချိန်က ခြေထောက်ရဲ့အပြင်ပိုင်းမှာ များတာကြောင့် ခြေထောက်ရဲ့အတွင်းပိုင်းရဲ့ ကြွက်သားတွေက ပုံမှန်အခြေအနေမှာ သိပ်အလုပ်မလုပ်သောကြောင့် တင်ပါးကလည်း ဘေးသို့ကားသွားစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တင်ပါးမှ ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာပါ။ ၀၃. လမ်းလျှောက်တဲ့အချိန်မှာ လမ်းလျှောက်ပုံဆိုတာလည်း အမျိုးမျိုးရှိပါတယ်။လမ်းလျှောက်တဲ့ပုံကို ကြည့်ပြီးတော့ အဲဒီသူက ဘယ်သူလဲဆိုတာကို မှန်းလို့ရတဲ့အခါမျိုးကို ကြုံဖူးမှာပါ။အနှစ်နှစ်အလလ ဒီပုံအတိုင်းပဲလျှောက်နေမယ်ဆိုရင်တော့ အရိုးနှင့်ကြွက်သားတွေကို ဒဏ်ပေးသလိုဖြစ်နေမှာပါ။ဥပမာ အပေါ်အောက် ခုံသလိုလမ်းလျှောက်နေတဲ့သူဟာ ခြေဖျားထောက်ပြီး လမ်းလျှောက် နေလို့ပါ။ တင်ပါးလေးလှအောင် ဘယ်လိုလုပ်ရမှာဆိုတော့ ဖနောင့်ကို စနစ်တကျ အသုံးချဖို့လိုအပ်ပါတယ်။ခြေထောက်ကို မြေကြီးနဲ့စပြီးထိတဲ့အချိန်မှာ ဖနောင့်ကနေစ၍ ထိစေဖို့လိုပါတယ်။ဒါကြောင့် ပေါင်အနောက်ပိုင်းက ကြွက်သားတွေကို လှုပ်ရှားစေပြီး တင်ပါးမှာရှိသော ကြွက်သားတွေကိုလည်း အလုပ်လုပ်စေမှာဖြစ်ပါတယ်။ ၀၄. လှေကားအတတ်အဆင်းလုပ်တဲ့အချိန်မှာ လှေကားတတ်တဲ့အချိန်မှာ လေ့ကျင့်ခန်းကိုလုပ်ရမယ် ဟုတ်လား။စိတ်ညစ်စရာကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဒါပင်မဲ့ ခက်တဲ့လေ့ကျင့်ခန်းမဟုတ်ပါ။လှေကားကို မြန်မြန်မတတ်ပဲ ခြေဖျားကနေ ခြေဖနောင့်အထိ ထိထိမိမိ နင်းပြီး ဖြေးဖြေးတတ်ဖို့ပဲလိုပါတယ်။တင်ပါးမှ ပေါင်ရင်း၊ ကိုယ်ခန္ဓာအောက်ပိုင်းကို အသုံးချပြီး တတ်သွားရုံပါပဲ။ဆင်းရင်လည်း တူတူပါပဲ။ ကိုယ်ခန္ဓာကို အရှေ့ကို ငိုက်မကျစေဖို့သတိထားပါနော်။ အပေါ်ကလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်ဖို့ဆိုတာ ခက်ပင်မဲ့ သတိရရင် လုပ်စေချင်ပါတယ်။

Log In or Sign Up to View

This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.

Log In or Sign Up to View

ရှာရှာဖွေဖွေ နည်းလမ်းအထွေထွေ<br>=======================<p>ဖန်ကွဲစသိမ်းဆည်းနည်းလမ်းညွှန်<p>...<p>အိမ်မှာဖန်ခွက်တစ်ခွက် မတော်တဆ လွတ်ကျကွဲခဲ့ရင် …

ဘုန်းကြီး ယနေ့ ဟောပေးမှာ မေတ္တာဘာဝနာ ပွားများပုံ နှစ်နည်းကို ဟောပေးပါ့မယ်။ ဘာပြုလို့ မေတ္တာဘာဝနာပွားပုံကိုဟောပေးရတုန်း။ ယနေ့ ကြည့်မယ်ဆိုလို့ ရှိရင် သတ္တ၀ါတွေမှာ ရာဂမီး၊ဒေါသမီး၊မောဟမီးဆိုတဲ့ မီး(၃)ပါးတွေ တစ်ဟုန်းဟုန်းလောင်နေတယ်။ ဒါကမြင်ရတဲ့ ဥာဏ်နဲ့ ကြည့်ရင်မြင်ရတဲ့ မီးသုံးပါး။ တစ်ခါ ဉာဏ်နဲ့ ကြည့်ရင်မြင်ရတဲ့အကျိုးမီးက ငရဲမီး။ အဲ့ဒီမှာ သင်္ဂဟာဆရာတော်ကြီးက မီးသုံးပါးနဲ့  အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်။ သင်္ဂဟာဆရာတော်ဘုရားကြီးက ဂါထာရေးဖွဲ့ ပြီးတော့ထားပါတယ်။ အဂ္ဂိသုတ္တန်ကို မှီပြီးရေးခြင်းဖြစ်ပါတယ်။ (၁) လောဘမီးကိုအကြောင်းပြုပြီးတော့ ဒေါသမီးတောက်တယ်။ ဒေါသမီးအကြောင်းပြုပြီးတော့ မောဟမီးတောက်တယ်။ မောဟမီးအကြောင်းပြုပြီးတော့ငရဲမီးတွေတောက်ကုန်တယ်။ ငရဲမီးတောက်ရင် သတ္တ၀ါတွေဟာ ဒုက္ခမီးတွေ တစ်ဟုန်းဟုန်းတောက်တယ်။ ဒါဖြစ်ရင်ကောင်းပြီ....။ မီးကို ငြိမ်းစေနိုင်တဲ့ ရေရှိသလို အခုပြောတဲ့ လောဘမီး၊ဒေါသမီး၊မောဟမီး၊ ငရဲမီး ဒီမီးကို ငြိမ်းစေတက်တဲ့ တရားရေကော မရှိဘူးလား?၊ တရားရေက မေတ္တာဘာဝနာသည် အဲ့ဒီမီးတွေကို ငြိမ်းစေတက်တဲ့ ရေစင်ရေအေးဖြစ်ပါတယ်။ မေတ္တာဘာဝနာ ရေစင်ရေအေးပွားတဲ့ နည်းဟာ ဘုန်းကြီးတို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ လာရှိတဲ့ အရပ်ဆယ်မျက်နှာ ။ တစ်မျက်နှာ တစ်မျက်နှာ တွင် မေတ္တာလေးပါးပွားတဲ့ မေတ္တာဘာဝနာကြီး ရေစင်တစ်မျိုး ၊ မေတ္တာသုတ် ပရိတ်မှာလာတဲ့ မေတ္တာဘာဝနာ(၁၁)မျိုး ဆိုပြီး နှစ်မျိုးတောင်ရှိပါတယ်။ မေတ္တာရေစင်ဆေးနှစ်မျိုးပြောကြလို့ ဤတွင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာမှာ လာတဲ့ မေတ္တာဘာဝနာပွားပုံက ဘုန်းကြီးတို့တွေ အရပ်ဆယ်မျက်နှာကို စာကရေတွက်ပုံက တစ်မျိုး၊ စာက အရှေ့ ၊အနောက်၊ မြောက်၊တောင် ။ တစ်ခါ အရှေ့ တောင် ၊ အနောက်မြောက် ၊ အရှေ့မြောက်၊ အနောက်တောင်၊အောက်၊ အထက်၊ အဲ့သလို သူ့ နည်းနဲ့ သူပေါ့လေ။ တူယူ အရပ်လေးမျက်နှာ၊အထက်အရပ်လေးမျက်နှာ ဒီလိုဆိုပြီးတော့ အောက် အထက် ၊ “အရပ်ထဲကလူတွေမှတ်ဘို့ လွယ်တဲ့နည်း”က အရှေ့ အရပ်၊အရှေ့ တောင်အရပ်၊ တောင်အရပ် ၊ အနောက်တောင်အရပ်၊ အနောက်မြောက်အရပ်၊မြောက်အရပ်၊ အရှေ့ မြောက်အရပ်၊ အဲ့ဒီလိုမှတ်ရင်လည်းပဲ အရပ်ထဲက နည်းကပြီးပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း= ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။ ••••••••••••••••••••••••••••••••••••••• ၁။ အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၂။ အနောက်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၃။ မြောက်အရပ်၌ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၄။ တောင်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တ သတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။ ၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါ တို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တနတ်ဗြဟ္မာတို့  - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ “မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။” ••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ၁။ လုံးစုံများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ ၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ -【တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ】 Photo : Ko Kyaw Thu (W.K.A) Dhamma Dãna Source ►Young Buddhist's Association

အစဉ်ကျန်းမာနေအောင် နေထိုင်စားသောက်နည်း ------------------------------------------------------- ၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။ ၂။ ဂျုံ၊စပါး ဆက်စပ်အစားအစာ စားသုံးခြင်း ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာ ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိသဖြင့် အမျိုးမျိုး စုံလင်လှသော အစားအစာ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျုံနဲ့ ပက်သက်တဲ့အစားအစာကို စားသုံးရာမှာ မသန့်ရှင်းတဲ့ ဆီများ အသုံးပြုတာများရင်တော့ မကောင်းပါဘူး။ ဥပမာ- ၃၊ ၄ ရက် အသုံးပြုထားသော စားအုန်းဆီတွင် အီကြာကွေး များ ကြော်ရာတွင် ပြန်လည် အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့က ခန္ဓာကိုယ်က လိုအပ် တဲ့ အဓိက အာဟာရများကို ပေးစွမ်းတဲ့ ပင်မ အစားအစာဆိုတာ စာဖတ်သူ တို့ သိရှိမယ် ထင်ပါတယ်။ ၃။ အရေအပြားကို ဂရုစိုက်ခြင်း နေရောင်ခြည်အောက် အမြဲသွားလာနေသူများအတွက် မိမိအရေအပြားကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတွေ့လို့ မသိသာပေမယ့် ကြာလာတဲ့အခါ အရေအပြားနဲ့ ပက်သက်တဲ့ ရော ဂါတွေ ဖြစ်စေပါတယ်။ (ဥပမာ- အရေအပြားကင်ဆာ၊ အရေ အပြား လှောင်ခြင်း၊ ပျက်ဆီးခြင်း)။ ဆောင်းရာသီဆိုရင်လည်း အသားအရေ အပ်ကွဲခြင်းကင်းအောင် အရေအပြား ထိန်းသိမ်းတဲ့ လိမ်းဆီများ အသုံးပြုနိုင် ပါတယ်။ အရေအပြားဟာလည်း အိုမင်းမှုကို လူသိအောင် ပြသတဲ့ အစိတ် အပိုင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမကောင်းကိုလည်း အရေအပြား ကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ပဲ အရေအပြား ဆိုပြေမှု ရှိမရှိ၊ နီခြင်း၊ ဝါခြင်း ရှိမရှိ တို့က မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို ဖော်ပြနေခြင်း ဖြစ်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ၄။ ငါးများများစားခြင်း ငါးက အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေမှ တစ်ကြိမ်တောင် ငါးမစားဖြစ်သူတို့ထက် နှလုံးနဲ့ ဆက်စပ် ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် လျော့နည်းတာကို တွေ့ရှိထားပါတယ်။ ငါးစားခြင်းဟာလည်း မိမိရဲ့ ပင်မ အသက် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ ၅။ လက်ဘက်ရည်သောက်ခြင်း လက်ဘက်ရည်ကြမ်း၊ လက်ဘက်ရည်ချို သောက်သုံးသူများ ဟာ နှလုံးရော ဂါနဲ့ သေနိုင်စွမ်း အင်မတန် နည်းတယ်လို့ ဆိုထားပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေတဲ့အတွက် tea ဆိုတာ ကျန်းမာရေးကောင်းရန် အထောက်အကူ အရွက်တစ်မျိုးလို့ သတ်မှတ် ထားကြပါတယ်။ ၆။ ဆေးလိပ်ရှောင်ခြင်း ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ လူကို တဖြည်းဖြည်းနဲ့ သတ်နေတာကို သိလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်ဟာ များသထက်များ လာပါတယ်။ လူကြီး၊ လူငယ်တင်မကပဲ ၁၀ နှစ် အထက် ဆေးလိပ်သောက် သူ အရေအတွက်ပါ တိုးတက်လာပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်သလို အနှံ့ ရှူရှိုက်ရသူ ပတ်ဝန်းကျင်က လူများကိုလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုး ၂ ဆမက ခံရတယ်လို့ ဆေးပညာရှင်များ က လေ့ လာ တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။ ၇။ လမ်းလျှောက်ခြင်း လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အားကစားနည်းတွေ အားလုံးမှာ လမ်းလျှောက်တဲ့ အားကစားနည်းကသာ ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ဖြစ်ပါ တယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးကို လည်ပတ် အားကောင်းပြီး ကျန်းမာရေး ကောင်းစေပါတယ်။ အထက်ပါ ၇ ချက်ကို ပုံမှန်ပြုလုပ် ကျင့်သုံးမယ်ဆိုရင် မလုပ်သူများထက် စာရင် အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ နေထိုင်ရ တာ ကို ဆေးပညာရှင်များက လေ့လာတွေ့ရှိထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ --- Ref:medicfact

သင်တို့ရဲ့ဇနီး၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက် တွေကို ဒီစာလေးကိုရှယ်ပြီး ပြောပြပေးဖို့မမေ့ကြပါနဲ့။ ဇီဝမော်လီကျူးနှင့်ဆေးသိပ္ပံမှ Dr. Elizabeth Ayoub ကခဲပါဝင်သောနှုတ်ခမ်းနီများကိုသုံးစွဲခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေနိုင် ကြောင်းသတိပေး ပြောကြားထားပါတယ်။ မကြာသေးခင်ကနှုတ်ခမ်းနီကုမ္ပဏီတစ်ခုဖြစ်တဲ့ 'Red Earth'ဟာ R $ 67.00 to R $ 9.90! ထိဈေးကျ ဆင်းသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ထဲမှာ ခဲပါဝင်နေသောကြောင့်ဖြစ်ပါတယ်။ နှုတ်ခမ်းနီများတွင်ခဲပါဝင်သောအမှတ်တံဆိပ်များကတော့ CLINIQUE ESTÉE LAUDER SHISEIDO RED EARTH (Lip Gloss) CHANEL (Lip Conditioner) MARK AMERICA MOTIVES LIPSTICK AVON တို့ပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီအတွင်းမှာခဲပါဝင်မှုပိုများလေ ကင်ဆာဖြစ်ပွားမှုမြင့်တက်လေပါပဲ။ ဒါကြောင့်နှုတ်ခမ်းနီများကို မသုံးစွဲခင် သေချာစမ်းပြီးမှသုံးစွဲခြင်းဖြင့်ကင်ဆာ ရောဂါကိုကာကွယ်နိုင်ပါတယ်။ နှုတ်ခမ်းနီကိုမသုံးစွဲခင်စမ်းသပ်ရမည်မှာ...... -နှုတ်ခမ်းနီကို မသုံးစွဲခင် လက်ပေါ်တင်ကြည့်ပါ။ -နှုတ်ခမ်းနီကို မသုံးစွဲခင် ရွေလက်စွပ်ပေါ်တင်ကြည့်လိုက်ပါ။ -တကယ်လို့သာအရောင်က အမဲရောင်ပြောင်းလဲသွားခဲ့မယ်ဆို ရင် အဲဒီနှုတ်ခမ်းနီမှာ ခဲပါဝင်နေပြီဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ For daily health tips MUST SHARE THIS INFORMATION...... Do not forget to pass this message to their wives, girlfriends, friends or colleagues. Women: Lip Care for using! Dr. Elizabeth Ayoub, bio molecular and medical is issued an alert for lipsticks containing lead, which is a carcinogen. Recently the brand 'Red Earth' decreased prices of R $ 67.00 to R $ 9.90! Why? Because it contained lead. The brands that contain lead are: CLINIQUE ESTÉE LAUDER SHISEIDO RED EARTH (Lip Gloss) CHANEL (Lip Conditioner) MARK AMERICA MOTIVES LIPSTICK AVON The higher the lead content, the greater the risk of causing cancer. After doing a test on lipsticks, lip was observed in the highest level of lead AVON. Care for those lipsticks which are supposed to have greater fixation. If your lipstick is fixed but is due to high levels of lead. Take this test: 1. Put some lipstick on your hand; 2. With a gold ring on this lipstick pass it; 3. If the lipstick color changes to black, then you know that contains lead. Please send this information to all your friends. SHARE!!!!!!!!