စိုင်းစိုး

20 Flips | 1 Magazine | 1 Like | 10 Following | 3 Followers | @td5osqm | Keep up with စိုင်းစိုး on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “စိုင်းစိုး”

Internet Journal

"Breaking News"<p>MPT ဖုန်းခေါ်ဆိုခနှင့် အင်တာနက် နှုန်းထားသစ်များ (GSM/WCDMA)<p>၁၂ ဇန်နဝါရီ ၂၀၁၅ စတင်မည်<p>...<p>Voice === 35 Kyats/min<p>SMS === 15 …

Log In or Sign Up to View

This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.

မင်္ဂလာပါ <3

The arrival says it all :) -devil-

Neymar already surpasses his goal total for all of last season http://ow.ly/H37DU Neymar supera el seu registre golejador de la temporada passada http://ow.ly/H3863 Neymar supera su registro goleador de la temporada pasada http://ow.ly/H389j #Neymar #Goals #FCBarcelona

Union Daily_ 10 January 2015 Newpapers | သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်)

Myanma Alinn Daily_ 10 January 2015 Newpapers | သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်)

Happy Birthday Jimmy Page! James Patrick "Jimmy" Page, OBE, born on January 9, 1944, is an English musician, songwriter, multi-instrumentalist, and record producer who achieved international success as the guitarist and leader of the rock band Led Zeppelin. Page began his career as a studio session musician in London and, by the mid-1960s, he had become the most sought-after session guitarist in England. He was a member of the Yardbirds from 1966 to 1968. In late 1968, he founded Led Zeppelin. Page is widely considered to be one of the greatest and most influential guitarists of all time. Rolling Stone magazine has described Page as "the pontiff of power riffing" and ranked him number 3 in their list of the "100 Greatest Guitarists of All Time". In 2010, he was ranked number two in Gibson's list of "Top 50 Guitarists of All Time" and, in 2007, number four on Classic Rock's "100 Wildest Guitar Heroes". He was inducted into the Rock and Roll Hall of Fame twice; once as a member of the Yardbirds (1992) and once as a member of Led Zeppelin (1995). Page has been described by Uncut as "rock's greatest and most mysterious guitar hero." Los Angeles Times magazine voted Jimmy Page the 2nd Greatest Guitarist of all time.

အမိုးအကာမရှိတဲ့ ဒို့မောင်နှမ ==================== ရင်ထဲတကယ်ထိစေပါတယ်.... မမ ဟိုအမိုးအောက်မှာ မိုးခိုရအောင် ပြောနေသလား မောင်လေးရဲ့အကြည့်တစ်ချက် သူ့ရဲ့ နှုတ်ခမ်းတွေပြာနေမှုကို အစ်မဘယ်ကြည့်ရက်နိုင်ပါ့လဲ မောင်လေးရယ်။ အမိုးခိုတာခြင်းတူတူ အစ်မတို့ကို ခွေးမောင်းသလို မောင်းထုတ်မဲ့ဒဏ်ရာတွေကို မောင်လေးကို မခံစားချင်ဘူး။ မောင်လေးကို မသိစေချင်ဘူး။ အစ်မဆောင်းပေးထားတဲ့ ကျွတ်ကျွတ်အိပ်က မောင်လေးကို အချမ်းသက်သာပါစေ။ မိုးမြန်မြန်လဲ တိတ်ပါစေ အကြိမ်ကြိမ်စုဆောင်းရင်း အစ်မမျက်ရည်လဲ မိုးရည်ကြားမှာ မျောသွားပြီ။ လာပါမောင်လေးရယ် ချမ်းလို့ ခိုက်ခိုက်တုန်နေတဲ့ စိတ်ကို ဖျောက်ဖို့ တို့မောင်နှမ ဆော့လိုက်ရအောင် မိုးတိတ်ရင် ကျန်တာလေး ဆက်ရောင်းမယ် အိမ်ရောက်ရင် အစ်မမောင်လေးကို ရေနွေးပူပူလေး တိုက်ပါ့မယ်။ မောင်လေးရေ အစ်မတို့ ဆင်းရဲခဲ့တာမမေ့ပါနဲ့။ ဈေးရောင်းခဲ့တာမမေ့ပါနဲ့။ မိုးရွာရင် ဝင်ခိုစရာနေရာရှားတာ မမေ့ပါနဲ့။ အစ်မ ကျောင်းမနေခဲ့ရတာမမေ့ပါနဲ့။ မောင်လေးပညာတက်ဖြစ်ဖို့ အစ်မကြိုးစားမယ်။ ကျောင်းနေနိုင်ဖို့ အစ်မကြိုးစားမယ်။ မိုးရွာလဲ ဂရုစိုက်စရာမလိုတဲ့ မှန်လုံကားစီးနိုင်တဲ့ လူမျိုးဖြစ်ရမယ်။ ဒါပေမဲ့ အစ်မတို့ အခုလို ဘဝသမားလူမမယ်လေးတွေ ဒုက္ခရောက်နေတာကို ကိုယ်တိုင်လဲမကူညီ သူများကူညီရင်လဲ နှောက်ယှက်တဲ့ လူစားမျိုးတော့ မောင်လေး မဖြစ်ပါစေနဲ့။ (အလေ့ကျသစ်ပင်) credit to >> Page ၀န်ဆောင်မှု

နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ်၌ ဆည်ရေသောက် စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးလျော်ခြင်း မပြုသေးဘဲ တောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း စက်ယန္တရားများဖြင့် စတင်တူးဖော်နေ နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ်အတွင်း၌ ဆည်ရေသောက် စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးလျော်ခြင်း မရှိသေးဘဲ တောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း စက်ယန္တရားများဖြင့် စတင်တူးဖော်နေကြောင်း သိရသည်။ အဆိုပါ ဆည်မြောင်းအား နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဖောင်းလောင်ဆည်မှ အနီးအနားရှိ လယ်မြေဧက ၄ဝဝ ခန့်အား ဆည်ရေပေးဝေ နိုင်ရန်အတွက် မြောင်းများ စတင်တည်ဆောက်ရာတွင် စီမံကိန်းနှင့် မလွတ်ကင်းသည့် တောင်သူများ၏ စိုက်ပျိုးဆဲ သီးနှံများ ပျက်စီးဆုံးရှုံးကြောင်း၊ သီးနှံများပျက်ဆီးသည့်အပြင် လယ်ယာမြေလျော်ကြေးများ မရရှိသေးသည့်အတွက် ထိုက်သင့်သည့် နစ်နာကြေးများ အမြန်ဆုံး ရရှိလိုကြောင်း ဇလောင်းနှင့် မောင်းရမ်းကျေးရွာ သားများက ပြောကြားသည်။ “လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော်တို့ ကျေးရွာအုပ်စုက ကျေးရွာသားတွေနဲ့ ဒေသအာဏာပိုင်တွေ၊ ဆည်မြောင်းစီမံကိန်းက တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းမှု သုံးကြိမ်လောက် တွေ့ရပါတယ်။ ဒါပေမဲ့ လယ်ယာမြေ လျော်ကြေးတွေကို ရရှိမယ့်အချိန်၊ တစ်ဧကကို ဘယ်လောက်ပေးမယ် ဆိုတာကို တိကျစွာ မသိရှိရသေးပါဘူး” ဟု မောင်းရမ်းအုပ်စု ဘုရားကုန်းကျေးရွာမှ ဦးလှရွှေက ပြောကြားသည်။ မောင်းရမ်းကျေးရွာသား တစ်ဦးက “ဒီဇင်ဘာလအတွင်းက နောက်ဆုံးတွေ့ဆုံခဲ့တာ တွေရှိပါတယ်။ ဘာမှ တိတိကျကျ မသိရဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဆည်မြောင်းက တာဝန်ရှိသူတွေပြောတာက တစ်ဧကကို ၁ဝ သိန်းကနေ ၁၅ သိန်းကြားမှာ ပေးနိုင်မယ်ပြောတယ်။ ကျွန်တော်တို့က ဒေသပေါက်ဈေးအတိုင်း တစ်ဧကကို သိန်း ၃ဝ လောက် လိုချင်တယ်” ဟု ပြောကြားသည်။ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများအရ တစ်ဧကကို ၁၅ သိန်းနှင့် ထောက်ပံ့ကြေးပေါင်းပါက သိန်း ၃ဝ ခန့်ရမည်ဟု ပြောဆိုထားမှုများ ရှိကြောင်း၊ ၁ဝ သိန်း သတ်မှတ်ပါက ၂၅ သိန်းရမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးဟု ပြောဆိုရာတွင် ဆည်ရေသောက် တောင်သူများက နစ်နာသူတောင်သူများကို ဝိုင်းပြီးထောက်ပံ့ ကြမည်ဖြစ်ကြောင်း၊ မတ်ပဲမကြဲရသေးပါက မကြဲရန်နှင့် ကြဲပြီးပါက ကုန်ကျစရိတ်များကို ဆည်မြောင်းက တာဝန်ယူပေးမည်ဟု ပြောဆိုထားမှုများရှိကြောင်း၊ ထိုကဲ့သို့ ပြောကြားမှုများ ရှိသည့်အတွက် တောင်သူများ ကျေနပ်ပြီး လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။ “ဆည်မြောင်းက အခုစလုပ်နေပြီ။ ဘယ်သူတွေ ဘယ်လောက်ပါသွားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ မြေစာရင်းတို့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကလည်း မြေတိုင်းတာတွေ မလုပ်သေးဘူး” ဟု တောင်သူတစ်ဦးက ပြောကြားသည်။ ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က “နစ်နာတဲ့ တောင်သူတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာပါ။ သူတို့နဲ့တွေ့ဆုံညှိနှိုင်း တာတွေလည်းရှိတယ်။ မြေလျော်ကြေးအတွက် ဝန်ကြီးဌာနနဲ့ နေပြည်တော်ကောင်စီက သတ်မှတ်ထားတဲ့ နှုန်းထားတွေရှိတယ်။ အဲဒီဘောင်ထဲကအတိုင်း ပေးလျော်မှာပါ” ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက “တောင်သူတွေ ကျေနပ်တဲ့နှုန်းထားဖြစ်အောင် ညှိနှိုင်းဖို့လိုတယ်။ အပေါ်ကနေ ပုံစံခွက်နဲ့ချတာမျိုး မဖြစ်သင့်ပါဘူး။ သူတို့လိုချင်တဲ့ သိန်း ၃ဝ ဆိုတာကလည်း သင့်တော်ပါတယ်။ လောဘတက်ပြီး တောင်းနေကြတာ မဟုတ်ပါဘူး။ ဒေသပေါက်ဈေးကလည်း အဲဒီလောက်ရှိတယ်။ မနစ်နာတဲ့ တောင်သူတွေက နစ်နာတဲ့တောင်သူတွေကိုဝိုင်းပြီး ထောက်ပံ့မယ် ဆိုတာကလည်း ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ တောင်သူတွေနဲ့ညှိနှိုင်းပြီး ပေးချေသင့်တယ်။ အစိုးရကဘယ်လောက်ပဲ ပေးနိုင်မယ်။ ကျေနပ်ပါဆိုတာက နေရာတိုင်းမှာ ကြားနေရတယ်။ တကယ်တော့ ဒီလိုမဖြစ်သင့်ဘဲ တောင်သူတွေ ကျေနပ်အောင် ညှိနှိုင်းသင့်တယ်။ ထိုက်ထိုက်တန်တန်တော့ ပေးသင့်တာပေါ့”ဟု သုံးသပ်ခဲ့သည်။ အဆိုပါ ဆည်မြောင်းစီမံကိန်းသည် ပေ ၃ဝ ခန့် အကျယ်ရှိကြောင်း၊ မြောင်းအရှည်မှာ မသိရသေးကြောင်း၊ ဆည်မြောင်းစီမံကိန်းကြောင့် စီမံကိန်းဧရိယာအတွင်း မပါဝင်သည့် တောင်သူများအနေဖြင့် နစ်နာမှုများ မရှိသော်လည်း စီမံကိန်းဧရိယာတွင် ပါဝင်သည့် တောင်သူများအတွက်မူ နစ်နာမှုများ ရှိနေကြောင်း၊ စပါးအပြီးတွင် မတ်ပဲများ စိုက်ပျိုးထားကြောင်း သိရသည်။ ဘုရားကုန်းကျေးရွာမှ ဒေါ်မာအေးက “ကျွန်မမှာ လယ်နှစ်ဧကရှိတယ်။ မြောင်းဧရိယာက ကျွန်မရဲ့ လယ်ကွက် အလယ်လောက်ကနေ လမ်းအူကြောင်း ထိုးထားတယ်။ ကျွန်မရဲ့လယ်ကွက်က တစ်ဧကကို မတ်ပဲ ၂၅ တင်းလောက် အထိထွက်တယ်။ အခုလိုပါသွားပြီဆိုရင် ကျွန်မတို့ကဘာနဲ့ လုပ်စားရတော့မှာလည်း။ လျော်ကြေးကလည်း အခုထိမရသေးဘူး။ တစ်ဧကကို သိန်း ၃ဝ ရရင်တော့ ကျေနပ်တယ်” ဟု ပြောကြားသည်။ Eleven

:-D :-D It's like when players join #CHELSEA they fall in <3 love <3 with the club :-) :-) @MzeeDdamba

၂၀၁၅ မှာနှစ်ယောက်ဟာ လိုက်ဖက်ညီသော အတွဲဖြစ်နိုင်လား ၂၀၁၅ နှစ်သစ်မှာသူနဲ့ ပိုပြီး နီးနီးကပ်ကပ်နေချင်သူ၊ သူငယ်ချင်းကနေ ရည်စားအဆင့်တတ်ချင်သူ၊ ချစ်သူ ဘဝမှ လက်ထပ်ချင်သူများအတွက်ဖြစ်ပါတယ်။ နှစ်ယောက်ဟာ လိုက်ဖက်ညီလား မညီဘူးလားကို ဗေဒင်လေးမေးကြည့်လိုက်ရအောင်နော်။ တွက်နည်း ၀၁. သင်နဲ့ သင်ကကြိုက်နှစ်သက်သူရဲ့ မွေးနေ့ကို ပေါင်းပြီး၊ နောက်ဆုံးတွင် ၂၀၁၅ ကိုထပ်ပေါင်းပါ။ ဥပမာ - သင်က ၂လ၁၄ရက် နှင့် သူက ၁၂လ၃ရက် ဆိုရင် ၂ + ၁ + ၄ + ၁ + ၂ + ၃ + (၂ + ၀ + ၁ + ၅) = ၂၁ ၂ + ၁ = ၃ အဖြေ = ၃ အကယ်၍ အဖြေက ၁၀ ဖြစ်ခဲ့ရင် ၁ ဖြစ်ပါမည်။ ကဲစာဖတ်ပရိသတ်ကြီးရဲ့ အရေးကြီးဆုံးသောသူနဲ့ လိုက်ဖက်ညီလားကို ကြည့်လိုက်ရအောင်လား။ ၁. ဘာမဆိုတိုင်ပင်ပြီး ရှေ့ဆက်သွားနိုင်မည် အတူတူနေရင် ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ။ အတွေးအခေါ်တွေမတူတာကြောင့် တခါတလေတော့ ရန်ဖြစ် ရပါလိမ့်မယ်။ ရည်မှန်းချက်ပန်းတိုင်တခုကို ဦးတည်ပြီး ကြိုးစားနိုင်ပါလိမ့်မယ်။ချစ်သူတွေဖြစ်နေကြပြီဆို ရင်တော့ ဘဝလက်တွဲဖော်ဖြစ်မှာ မလွဲပါ။ လုပ်ငန်း (သို့) အလုပ်အသစ်ကို စရင်ကောင်းပါမည်။ တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်နေပြီး ပတ်ဝန်းကျင်ကိုလည်း သတိထားဖို့မမေ့နဲ့နော်။ ၂. လူကြီးဆန်သော နှစ်ယောက် သိတာ ကြိုက်တာကြာပြီဆိုရင် နှစ်ယောက်စလုံးဟာ တဖြည်းဖြည်းလူကြီးဆန်လာပါလိမ့်မယ်။ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေတယ်ဆိုရင်ပဲ စိတ်အေးချမ်းဖြင့် နေထိုင်နိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် တည့်တိုးပြောခြင်းထက် အေးအေးဆေးဆေး တိုင်ပင်နိုင်မှသာလျှင် အဆင်ပြေပါလိမ့်မယ်။ ၃. အမြဲတမ်း ပြုံးပျော်ရွှင်နေနိုင်မည့် နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့တောင် ရယ်ချင်စိတ်တွေပေါ်လာသည်အထိ အမြဲတမ်း ပြုံးပျော် ရွှင်နိုင်မယ့် အတွဲဖြစ်ပါလိမ့်မယ်။ သူ့အကြောင်းကိုတွေးယုံနဲ့စိတ်ထဲမှာပျော်နေမှာပါ။ဘယ်လောက်ပဲအ ခက်အခဲတွေနဲ့ကြုံတွေ့နေပါစေ နှစ်ယောက်စလုံးဟာ အဆုံးထဲကအကောင်းကိုရှာဖွေပြီး ပျော်အောင်နေ တတ်မဲ့သူ နှစ်ယောက်ပါ။ ၄. အေးအေးဆေးဆေးနေနိုင်မည့် နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ပြီး အလုပ်လုပ်သွားနိုင်မည့် နှစ်ယောက်ဖြစ်မှာပါ။ ချက်ချင်းဆိုသလို ယုံကြည်မူကိုရရှိနိုင်မယ်လို့မထင်ပင်မဲ့ အချိန်ကစကားပြောပါလိမ့်မယ်။ရည်စားတွေဖြစ်နေကြပြီဆို ရင်တော့ အနာဂတ်အတွက် လိုက်ဖက်ညီသော အတွဲဖြစ်မှာပါ။ ၅. ဘာဖြစ်မလဲဆိုတာကို ကြိုတွေးလို့မရနိုင်သော နှစ်ယောက် နှစ်ယောက်အတူတူရှိတယ်ဆိုရင်ပဲ အင်အားတွေရှီတာပြီး ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့အတွေးတွေနဲ့ စိန်ခေါ်မူတွေကို ရင်ဆိုင်နိုင်မှာပါ။ တက်တက်ကြွကြွ သွားလာလှုပ်ရှားနိုင်သူများဖြစ်ပါလိမ့်မယ်။အမြဲတမ်း တက်တက်ကြွကြွရှိတာကြောင့် အခွင့်အရေးရရင် ထိုအခွင့်အရေးကို လက်လွတ်မခံပဲ အမိအရဆုပ်ကိုင်နိုင် မှာပါ။ ရည်စားတွေဖြစ်နေကြပြီဆိုရင်တော့ အချစ်မလွန်စေရန် သတိထားပါ။ ၆. ပျော်ပျော်နေတတ်သော နှစ်ယောက် လူငယ်တွေလို လေးလေးပင်ပင် မတွေးပဲ ပျော်ပျော်နေတတ်သူများဖြစ်ပါလိမ့်မယ်။ငယ်တုန်းကအကြောင်း တွေကို ပြန်တွေးပြီး စိတ်ကူးယဉ်နေတတ်သူလဲဖြစ်ပါတယ်။ စွန်းစားရမဲ့အကြောင်းကိစ္စတွေကို စိတ်ဝင်စား ပြီး ဘာဖြစ်လာမလဲဆိုတာကို တွေးပြီးပျော်နေတတ်သူပါ။ ရည်စားတွေဖြစ်နေပြီဆိုရင်တော့ ပတ်ဝန်းကျင် ကတော့ ကြောင်တောင်တောင်အတွဲလို့ ထင်ပါလိမ့်မယ်။ ၇. ထူးခြားသော အတွေးအခေါ်ရှိသော နှစ်ယောက် နှစ်ယောက်ကြားထဲမှာသာရှိသော လျို့ဝှက်ထားရမဲ့အကြောင်းလေးတွေရှိနေတတ်ပါတယ်။ တစ်ယောက် တစ်နေရာမှာရှိနေရင်လည်း တန်ဖိုးထားတဲ့အရာက အတူတူဖြစ်နေတာကြောင့် စိတ်ပူစရာမလိုပါ။ အကြောင်းကြောင်းကြောင့် ဝေးကွာနေရင်လည်း ရည်မှန်းချက်က အတူတူဖြစ်တာကြောင့် ယုံကြည်မူတွေ ရှိနေမှာပါ။ ၈. ခွဲခွာရန် မလွယ်သော နှစ်ယောက် ချစ်သူငယ်ချင်း၊ ရည်စားတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင်သူများဖြစ်ပါလိမ့်မယ်။ ဘာတွေပဲဖြစ်ဖြစ် နှစ်ယောက်အတူရှိနေတာကိုသဘောကျလက်ခံမည့်သူများပါ။ဒါကြောင့် နှစ်ယောက်အတူ တူရှိရန်ကို အလေးပေး စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ ၉. သစ္စာရှိသော နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အားပေးအားမြှောက်လုပ်ပေးနိုင်ခြင်း၊ လေးစားမူရှိခြင်းတွေကြောင့် ရေရှည် လက်တွဲသွားနိုင်မဲ့ အတွဲတွေဖြစ်ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူတွေရှိနေတာကြောင့် ကြိုးစားမူတွေကို ချုပ်ချယ်ခြင်းမပြုပဲ အမြဲတမ်း အားပေးနေနိုင်သောသူများဖြစ်ပါလိမ့်မယ်။ နံဂိုးအနေဖြင့် လူလောကကြီးထဲမှာ အချိန်အပေါ်မှာမူတည်ပြီး သွားလာလှုပ်ရှားနေရတဲ့အတွက် အခြေ အနေအပေါ်မူတည်ပြီး ပြောင်းလဲမူတွေနဲ့ ကြုံတွေ့ရမှာ မလွဲပါ။ ဒီအခက်အခဲတွေကို မကြောက်မရွံ့ပဲ ရင်ဆိုင်သွားနိုင်ဖို့သာ အဓိကပါ။ Chelmo Team. http://www.lwinpyin.com/2015/01/blog-post_269.html

ကိုယ်နဲ့ ပတ်သက်တဲ့သူက ကိုယ့်ကိုကြိုက်မကြိုက် စစ်ဆေးနည်း --------------------------------------------------------------------- ၀၁.စားပွဲပေါ်မှာရှိတဲ့ပစ္စည်းကို ခဏခဏကိုင်လိုက်ချလိုက်လုပ်နေတယ်။ စားပွဲအောက်ကို ခဏခဏကြည့်နေတတ်တယ်။ ၀၂.ရှေ့ဆံပင်နဲ့ မျက်နှာကို မမြင်ရအောင် ဖုံးထားတယ်။ ၀၃.အိတ်ထဲကနေပစ္စည်းတွေကိုတခုပြီးတခုထုတ်လိုက်သွင်းလိုက်လုပ်နေတယ်။ ၀၄.ကိုယ်ပြောနေတဲ့စကားကို ၃ကြိမ်ထက် ခေါင်းညိမ့်တတ်တယ်။ ၀၅.စကားပြောနေတဲ့အချိန်မှာ ဖုန်းလာရင် ပြုံးပြုံးကြီးနဲ့ ဖုန်းကို မြန်မြန်ကိုင်တတ်တယ်။ ၀၆.စကားပြောနေတဲ့အချိန်မှာ ချက်ချင်း လက်နဲ့တားပြီး ပြောနေတဲ့စကားကို ရပ်ခိုင်းတယ်။ ၀၇.စကားပြောနေတဲ့အချိန်မှာ မျက်လုံးကို မှိတ်ပြီး နားထောင်တတ်တယ်။ခဏခဏ မျက်တောင်ခတ်နေတယ်။ ၀၈.မျက်စိကို မှေးပြီးကြည့်တတ်တယ်။ ၀၉.ရယ်စရာမပြောပင်မဲ့လည်း ရယ်နေတတ်တယ်။ ၁၀.အင်္ကျီပေါ်မှာ ပေနေတာမရှိပဲနဲ့ ခဏခဏခါနေတတ်တယ်။ အပေါ်က အချက်လေးတွေက သူ့ဆိုမှာတွေ့နေရမယ်ဆိုရင်တော့ တခုခုတော့ တခုခုပါပဲ။ အခြားဖတ်စရာများ http://www.searchmyanmar.com/click/Other#content-45733 Happiness Is To You Chelmo Team ဒီနေ့လက်ရွေးစင်များ http://www.searchmyanmar.com/click#content-45734 ---------------------------------------------------------------------- နေ့စဉ်သတင်းထူး၊ ကျန်းမာရေးဆောင်းပါးများ၊ဗဟုသုတအထွေထွေ၊ ဟာသ etc.,တို့ကို ဖတ်ချင်သူတိုင်း မဖြစ်မနေဖုန်းမှာ ထည်.ထားသင့်တဲ့ Free Application အသစ်တင်တာတွေ လိုချင်တုန်းပဲ Internet Connection လိုပါတယ် .. ပြီးရင် Offline ဖတ်လို့ရပါပြီ ဒီမှာ ဒေါင်းပါ:http://www.searchmyanmar.com/apps?id=smnews