Naing Tun Win

5 Flips | 1 Magazine | 1 Following | 2 Followers | @naingtunwin94 | Study

"နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့် ထည့်ပြီး မျက်နှာသစ်ပါ" +++++++++++++++++++++++++++++++++++++++++ မနတ်ပိုင်း မျက်နှာ သစ်ခါနီး လုပ်သင့်တဲ့ အစီအရင် ဖြစ်ပါတယ်.. မိမိ သုံးနေကြ ရေဖလား(ရေချိုးခွက်) မှာ ရေအပြည့် နီးပါထည့်ပါ ရေခွက်ကို မိမိ နဖူးနားမှာ ထိကပ်စေပြီး လုပ်ရမှာဖြစ်ပါတယ်.. မည်သည့်မွေးနံ မဆို ပြုလုပ်လို့ရပါတယ်.. တနင်္ဂနွေနေ့- အရှေ့ မြောက်အရပ်ကို မျက်နှာမူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "အ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ပြောရေး ဆိုရေးရှိက အောင်မြင်ပါလိမ့်မယ်..လိုရာစကား ထိရောက်ပါလိမ့်မယ်.. တနင်္လာနေ့ - တောင်အရပ်ကို မျက်နှာ မူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "က" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ရွှေငွေ၊ရတနာ လာဘ်လာဘများ တိုးပွားပါလိမ့်မယ်..လူချစ်နတ်ချစ် ဖြစ်ပါလိမ့်မယ်.. အင်္ဂါနေ့ - အရှေ့တောင် အရပ်ကို မျက်နှာ မူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "စ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ မင်းစိုးရာဇာ ၏ ချစ်ခင်မှုကို ရရှိပါလိမ့်မည်။ရာထူးတက်မည်။အလုပ်တိုးတက်ပေလိမ့်မည်။ အလုပ်သစ် များ လက်ခံရရှိပေလိမ့်မည်။ ဗုဒ္ဓဟူးနေ့ - အနောက်အရပ်ကို မျက်နှာ မူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "ယ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ရွှေငွေ ကျောက်သံပတ္တမြား ရရှိနိုင်သော ဓါတ် ပေါ်လိမ့်မည်။ပြောတိုင်းအောင်၍ လုပ်တိုင်း အဆင်ပြေနေပေလိမ့်မည်။ ကြာသပတေးနေ့ - အရှေ့ အရပ်ကို မျက်နှာ မူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "ပ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ရန်အပေါင်းကို အောင်၍ လိုသောဆန္ဒ ပြည့်ဝနိုင်သော ဓါတ်ပေါ်လိမ့်မည်။ သောကြာနေ့ - မြောက်အရပ် ကို မျက်နှာ မူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "သ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ပီယဓါတ်၊လူချစ်နတ်ချစ်စေသော ဓါတ်၊ မျက်နှာမြင် ချစ်ခင်စေနိုင်သော ဓါတ်ပေါ်လိမ့်မည်။ စနေနေ့ - အနောက်တောင်အရပ် ကို မျက်နှာမူပါ။ " နေအထွက်မှာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပေးပါ" ဟုရေရွတ်ပါ။ထို့နောက် "တ" အက္ခရာ ကို နှုတ်မှ သော လည်းကောင်း ၊ စိတ်မှ သော လည်းကောင်း တဖွတဖွ ရေရွတ်၍ မျက်နှာသစ်ပါ။ ကြံတိုင်းအောင်၍ ၀င်ငွေများ တဖွဲဖွဲ ၀င်ရောက်စေနိုင်ပါသည်။ စနစ်တကျ မျက်နှာ သစ်နည်း ဖြစ်ပါသည်။လုပ်ရလွယ်ကူသောလည်း အင်မတန် အကျိုးများစေနိုင်ပါသည်။မြန်မာ့ရိုးရာ နည်းဖြစ်ပါသည်။ (တ ကို ရွတ်ဆိုသော အခါ " တ၀န်းပူ" ဟုလည်းကောင်း က ကို ရွတ်ဆိုသောအခါ " ကကြီး" ဟုလည်းကောင်း ယ ကို ရွတ်ဆိုသောအခါ " ယပလပ်" ဟုလည်းကောင်း ရွတ်ဆိုပါ။ရေကလေး လက်မှာ စွတ်ပြီး မျက်နှာ ကို ပွတ်ခိုင်းတာမဟုတ်ပါ လက်နှစ်ဖက်နှင့် အကျအန ရေခွက်ထဲမှ ရေကို ယူ၍ ခွက်ထဲ ရေကုန်သည့်တိုင်အောင် မျက်နှာ သစ်စေလိုခြင်းဖြစ်ပါသည်။) မြန်မာ့ဝိဇ္ဇာ ပညာ ရပ် များနှင့် ထူးခြားဆန်းကြယ်ဖြစ်ရပ်များ

Log In or Sign Up to View

This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.

Han Soe Thway

လုပ်ပွဲ<br>=================<br>ဖေခင် အိမ်ထဲက …