Sai Lone Tip Kaw
78 Flips | 5 Magazines | 4 Likes | @lonetip | Keep up with Sai Lone Tip Kaw on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Sai Lone Tip Kaw”
ကံထူးသူ သုံးယောက်သာပိုင်ဆိုင်ခွင့်ရမည့် Lamborghini Veneno ================================ ခွန်နေ(AMMG) ပြီးခဲ့တဲ့ မတ်လ Lamborghini နှစ်ငါးဆယ်ပြည့်အထိန်းအမှတ်မှာ မိတ်ဆက် လိုက်တဲ့ Lamborghini Veneno ပါ။ သုံးယောက်သာပိုင်ဆိုင်ခွင့်ရမယ့် အကြောင်းကတော့ ကံထူးလို့တော့မဟုတ်ပါဘူး။ သုံးစီးသာထုတ်ထားလို့ပါ ပဲ။ ဆလင်ဒါ ၁၂ လုံး၊ ၆.၅ လီတာ အင်ဂျင်ပါဝင်တဲ့ဒီကားဟာ မြင်းကောင်ရေ ၇၅၀ အထိထုတ်လုပ်ပေးနိုင်ပါတယ်။ ဂီယာ-၇ ချက်ထိုးကားဖြစ်ပြီး ၂.၈ စက္ကန့်အတွင်းကို ကီလိုမီတာ ၁၀၀ အထိ အနည်းဆုံးအရှိန်မြှင့်တင်မောင်းနှင် နိုင်တဲ့ကားပါ။ ပြိုင်ကားပီသစွာထုတ်လုပ်ထားတဲ့ ဒီကားဟာ တံခါးနှစ်ပေါက် လေးဘီးယက် 4-Wheel Drive မောင်းနှင်မယ့် ကားအမျိုးအစားဖြစ်ပါ တယ်။ သုံးစီး တိတိသာထုတ်ထားတဲ့ ဒီကား ငွေရှိရင်တောင် ဝယ်ချင်တိုင်းဝယ်လို့ မရတဲ့အနေအထားပါ။ စုစုပေါင်းအမေရိကန်ဒေါ်လာ ၄ သန်းကျသင့်မယ်လို့ သိရပါတယ်။ အသွင်အပြင် ဒီဇိုင်းကတော့ Transformer ရုပ်ရှင်ကားထဲက လို အသက်ဝင်လာမယ့် စက်ရုပ်တစ်ကောင်အလား အချိုးအစားတွေက ခပ်မိုက်မိုက် ပြင်ဆင်ထားတာကိုမြင်တွေ့ရပါတယ်။ မြင်ကွင်းစုံကြည့်ကြည့်ရှုလို့ရအောင် ရှေ့နောက်အနေအထား စုံလင်စွာ ဖော်ပြပေးလိုက်ပါတယ်။ ကာဗွန်ဖိုက်ဘာဘော်ဒီ ပတ်လည်လုံခြုံရေးဆင်ဆာအပြည့်နဲ့ အကောင်း မွန်ဆုံးဖန်တီးထုတ်လုပ်ထားတဲ့ Lamborghini Veneno ပါ။ Ref:Engineering
သစ္စာ-ဘန်နီဖြိုး Vs ဆိုတေး
Translation
Dio - Metal Will Never Die
Guitar
Log In or Sign Up to View
This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.
‘အချစ်ကံကောင်းစေတဲ့ကုသိုလ်’ Wednesday, October 9, 2013 ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ဦးဟာ ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကို အဝင် တံခါးအတွင်းဖက် ခြေစုံရပ်မိတာနဲ့တစ်ပြိုင်နက် ခန္ဒာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရပဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲ ဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘဝနဲ့ စိတ်ဆင်းရဲနေရရှာပါတယ်။ အတိတ်ဘဝ တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဒါတစ်ပါး ဆွမ်းခံကြွလာတော့ ယောက်မက ဆွမ်းလောင်းပြီး “ဒီလိုအမိုက်မမျိုးနဲ့ ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင်ပါရစေ” လို့ ဆုတောင်းလိုက်တာကို ယောင်းမရဲ့ ဆုတောင်းမပြည့်စေချင်တဲ့ စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေကို သွန်ပစ်ပြီး ရွှံညွန်တွေ အပြည့်ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်းရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရတာပါ။ “ယောက်ျားမရတော့မယ့် အတူတူ အထူးဘူး” ဆိုပြီး လက်ဝတ်ရတနာတွေ အကုန်လုံးကို ထုခွဲရောင်းချပြီး၊ ရောင်းရတဲ့ငွေနဲ့ ကဿပဘုရားရှင် ဓါတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ပထမဆုံးလက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ဝင်ဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်ကစန္ဒာကူးအနံ့တွေ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီး စကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့ နေပါတော့တယ်။ ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ “နံ့သာခင်” ၊ “ရှင်မွှေးလွန်း” သူဌေးသမီးကို သူဌေးသားက ချစ်လိုက်တာ တုန်နေတာပါပဲ။ (ခန္ဒာကိုယ်က အပုပ်နံ့ထွက်ခြင်း ဆိုတဲ့ အားနည်းချက်ကို သင်းပျံ့မွှေးကြိုင်ခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်းသွားတာလို့ ပြောနိုင်ပါတယ်) ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးတွေ ပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ်ကံကောင်းဦးမှာလဲ။ အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီး အနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝတ္ထုလေး အသေးစိတ်ပြောပြပြီး ဝတ္ထုအကြောင်းကို ဆင်ခြင်ရင်း အိမ်ကဘုရာမှာရော၊ ရွှေတိဂုံဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ် လှူဒါန်းဖို့တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့အတိုင်း ယုံယုံကြည်ကြည် လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကို သိပ်ချစ်၊သိပ်မြတ်နိုး၊ သိပ်တန်ဖိုးထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်း တစ်ယောက်ကို စိတ်ချမ်းမြေ့စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးကိစ္စ ဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုလိုက်တာပါ။) ရွှေသင်္ကန်းအလှူနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နံ့သာအလှူနဲ့ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ၊ ဆေးအလှူရှင်တွေရဲ့ အကျိုးတရားတွေမှာ “ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ အခွဲခွာရခြင်း” ဆိုတဲ့အကျိုးတရားတစ်ခု ပါဝင်နေလို့ပါ။ နံ့သာရဲ့သဘောတရား၊ ဆေးဝါးရဲ့ အာနိသင်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျပါတယ်။ မွှေရနံ့ သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကျသလို ဆေးကြောင့်သေဘေးက လွတ်သွားသူကလည်း သူချစ်တဲ့သူတွေနဲ့ မခွဲမခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။ မွှေရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ၊ တစ်ဖက်သားကို စွဲမက်စေတဲ့အရာ။ ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အရာ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ။ ဒီတော့ မွှေးရနံ့အလှူနဲ့ ဆေးအလှူဟာ အချစ်ကံကောင်းစေတဲ့ အကောင်းကံတွေပဲပေါ့။ မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရေပြားရောဂါ စွဲကပ်နေတဲ့ “ရောဟိနီ” မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ္ဒါရဲ့ လမ်းညွှန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ရတဲ့ငွေနဲ့ နှစ်ထပ်ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး၊ သောက်ရေ သုံးရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း….စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်းပျောက်၊ သေတဲ့အခါ တာဝတိသာနတ်ပြည်လည်း ရောက်သွားခဲ့ရပါတယ်။ နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာမှာ နတ်သမီးလေးသွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်းအရမ်း ချစ်သွားတဲ့အတွက် သူရထိုက်တယ်။ ငါရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးကလည်း ရောဟိနီကို မြင်မြင်ချင်းချစ်သွားပြီး…….. “အသင်နတ်သားတို့….၊ ရောဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရပါသလဲ” လို့ နတ်သားလေးဦးကိုမေးလိုက်ပါတယ်.။ “သူ့ကိုမြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက်၊ ထရခက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေပါတယ်” “ကျွန်တော်မျိုးရဲ့စိတ်မှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ်” “ကျွန်တော်မျိုးရဲ့မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုဇွန်မျက်လုံးလို ပြူးထွက်နေပါပြီ” “ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ်နေပါပြီ” ဒါနဲ့သိကြားမင်းက “အသင်နတ်သားတို့ရဲ့ အချစ်ခံစားချက်တွေက အတော်ကို ပြင်းထန်လှပါတယ်။ ဒါပေမယ့် ထိန်းချုပ်မယ်ဆိုရင် ထိန်းချုပ်လို့ရပါသေးတယ်။ ကျွှန်ုပ်ကတော့လေ… ရောဟိနီိကိုမှ မရရင် ဘယ်လိုမှ အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး။ သူနဲ့သာ အတူမနေရရင် သေရပါလိမ့်မယ်။ အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားမင်း ဟာ ရောဟိနီကိုမှ ရမှ ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ…”လို့ ဆွေးဆွေး မြေ့မြေ့ငို ပြောပြောလိုက်ပါတယ်။ “အသင်သိကြားမင်း ဒီလောက်တောင် ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ်၊ ကျွန်တော်မျိုးတို့ လေးဦးရောဟိနီကို စွန့်လွတ်လိုက်ပါပြီ”…. ဒီလိုနဲ့ သိကြားမင်းဒိုင်စားသွားပါတယ်။ ရောဟိနီကို သိကြားမင်းက ချစ်လိုက်ပုံများ.. အရာရာနီ့သဘော.. နီ့သဘော… နဲ့ပါပဲ။ ဘယ်သွားချင်လဲ။ ဘာလုပ်ချင်လဲ။ အရာရာနီ့သဘောနဲ့ပါပဲ။ ရောဟိနီနတ်သမီး အချစ်ကံကောင်းတာဟာ ဝေယျာဝ စ္စကုသိုလ် နဲ့ ကျောင်းအလှူကုသိုလ်ကြောင့်ပါ။တစ်ဖက်သားရဲ့ ကိစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စကုသိုလ်ရှင်တွေဟာ ချစ်ခင်သူ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘဝမှာ အစစအရာရာ အဆင်ပြေပါတယ်။ နောက်ဆုံးတော့ မယမင်းသူရေ….. “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ ဘုရားရှင်ရဲ့ ဆုံးမစကားအတိုင်း အချစ်ကံ မကောင်းစေတဲ့ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ အချစ်ကံကောင်းစေတဲ့ ကောင်းမှုမှန်သမျှ ပြုလုပ်မယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါကောင်းပြီး အမြင်မြတ်ဆုံး၊ အကောင်းဆုံး နိဗ္ဗာန်အနှစ်ကိုပါ ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။ အရေးအကြီးဆုံးလို့ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ……။ အချစ်ကံကောင်းချင်ရင်…. ချစ်ချင်အောင်ပဲနေပါ။ မုန်းချင်အောင်မလုပ်ပါနဲ့….လို့။ ဆရာတော်အရှင်ဆန္ဒာဓိက (“အကောင်းကံချစ်မှအချစ်ကံကောင်းမယ်” စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။) နှလုံးသားအာဟာရ
လူတစ်ဦးကို တိုက်ခိုက်သွားသည့် ငါးမန်းကို ဩစတြေးလျ ကမ်းခြေစောင့် တပ် ရှာဖွေနေ ဩစတြေးလျ ကမ်းခြေစောင့် တပ်ဖွဲ့သည် လူတစ်ဦးကို တိုက်ခိုက်သွားသည့် ငါးမန်းတစ်ကောင်အား သုတ်သင်ရှင်းလင်းရန် လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက်ပိုင်းက အက်စ်ပါရန်စီ ကမ်းခြေ အရှေ့ဘက် ကီလိုမီတာ (၁၈၀)မျှ အကွာတွင် ရေငုပ်သမား တစ်ဦးကို ငါးမန်းတစ်ကောင် က ဝင်ရောက် ကိုက်ခဲသွားခဲ့သည်။ အသက်(၅၅)နှစ်ရှိ ကိပ်အေရစ်ဒ်သည် မုတ်ကောင်များကို ရေငုပ်ရှာဖွေနေစဉ် ငါးမန်းနှင့် တိုးခဲ့ခြင်း ဖြစ်သည်။ အေရစ်ဒ်၏ ဒဏ်ရာအခြေအနေကို တိတိကျကျ မသိရသေးသော်လည်း ပြင်းထန် ဆိုးရွားကြောင့် ယုံကြည်ရဖွယ် ရှိနေသည်။ ဩစတြေးလျ ငါးလုပ်ငန်း ဦးစီးဌာနက ယခုငါးမန်းကို ရှာဖွေနေပြီး ဖမ်းဆီးရန်ဖြစ်စေ၊ သတ်ဖြတ်ရန်ဖြစ်စေ အားထုတ်မည်ဟု ပြောဆိုထားသည်။ လတ်တလောတွင် အခင်းဖြစ်ရာ ရေပြင်တစ်ဝိုက်၌ ငါးမန်းထောင်ချောက်များ တပ်ဆင်ရန် စီစဉ်နေသည်။ အေရစ်ဒ်ကို အခြား ရေလုပ်သားများက လှေတစ်စင်းပေါ်တင်ကာကမ်းခြေထိ တင်ဆောင်လာပြီးနောက် အက်စ်ပါရန်စီ ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။ ထို့နောက် ၎င်းကို တော်ဝင်ပါ့သ် ဆေးရုံသို့ ဆက်လက် လွှဲပေးခဲ့ကြောင်း သိရသည်။ "တာဝန်ရှိသူတွေ အနေနဲ့ ပတ်ဝန်းကျင် တစ်ဝိုက်မှာ ငါးမန်းထောင်ချောက်တွေ တပ်ဆင်ဖို့ကို အမြန်ဆုံး ဆောင်ရွက်နေပါ တယ်"ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောဆို သွားသည်။ ဩစတြေးလျ အနောက်ဘက် ကမ်းခြေ ဒေသတွင် ဖြစ်ပွားသော တိုက်ခိုက် မှုမှ ငါးမန်းမျိုးစိတ်ကို တိတိကျကျ မသိရှိရသေးချေ။ ဩစတြေးလျ ကမ်းခြေစောင့် တပ်ဖွဲ့က အဆိုပါ ဧရိယာတွင် အရွယ်အစား ကြီးမားသော ငါးမန်းကြီးများကို မကြာခဏ တွေ့ရလေ့ရှိပြီး ရေငုပ်သမားများအတွက် အန္တရာယ်များကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။ Planet Myanmar Network
သင် အကူအညီမဲ့နေလား Monday, October 7, 2013 အိုင်စတိုင်း ပြောခဲ့ပါတယ်... " I am thankfull to all those who said NO. Because of them, I DID IT MYSELF." "ကျနော့ကို မကူညီနိုင်တဲ့သူတွေကို ကျေးဇူးတင်တယ်။ အကြောင်း ကတော့ သူတို့ကြောင့်မို့ ကျနော်ကိုယ်တိုင်လုပ်တတ်သွားတာပါပဲ" ................................................................... အိုင်တီ ပညာရပ်ကိုပဲ လေ့လာ၊လေ့လာ၊ အခြား ဘာကိုပဲ လုပ်လုပ် Self study, Self learning နဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက် လိုက်ခြင်းက တစ်နည်းတစ်ဖုံ ကောင်းကျိုး ပေးပါတယ်။ Aung Kham (TSJ Team)
song name – ငါကို…မုန်းလိုက် Vocal – သားငယ်(MCfamily) feat – Oasix Beat – TimmY Download Here - MAMC [ http://www.myanmarallmusicchannel.org/7974 ]
တောင်ကိုရီးယားက Jeju ကျွန်းမှာ နာမည်ကြီး Love Land ဆိုတဲ့ဥယျာဉ် တစ်ခု ရှိပါတယ်။ sex education အတွက် သီးသန့် ဆောက်ထားတဲ့ ဥယျာဉ်ဖြစ်ပြီး sex position အမျိုးမျိုး အပြင် တခြား လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ရုပ်ထုပေါင်း ၁၄၁မျိုး ပြသထား ပါတယ်။ အချစ်နဲ့ ကာမစိတ်ကို အနုပညာနဲ့ ဖော်ကျူးထားတဲ့ နေရာလို့ ဆိုပါတယ်။ Jeju ကျွန်းက honeymoon သွားဖို့ ကောင်းတဲ့ နေရာအဖြစ် နာမည်ကြီး ပါတယ်။ ဒါပေမယ့် နောက်ပိုင်း စုံတွဲတွေက ချစ်လို့ မဟုတ်ဘဲ စီမံပေးစားလို့ လက်ထပ် ရတာတွေ များလာတဲ့ နောက်မှာ ဒီကျွန်း ကလည်း လိင်ကိစ္စ ပညာပေးတဲ့ နေရာ တစ်ခုအဖြစ် ထင်ရှား လာပါတယ်။ ၂၀၀၂ခုနှစ်မှာ Seoul ရဲ့ Hongik University ကဘွဲ့ရတွေက စပြီး ရုပ်ထုတွေ ထုလုပ်ခဲ့ ရာက နိုဝင်ဘာလ ၁၆ရက် ၂၀၀၄ခုနှစ်မှာ စဖွင့်ခဲ့ပြီး အသက် ၁၉နှစ် အထက်တွေကိုပဲ ၀င်ခွင့်ပြု ပါတယ်။ [source and image from enjoyourholiday, wiki]
Name it!
2011 Bugatti Veyron 16.4 Super Sport ခွန်နေ(AMMG) Volkswagen လက်အောက်ကနေပြီး ပြင်သစ်အခြေဆိုက် Bugatti Automobiles S.A.S ကထုတ်လုပ်ထားတဲ့ Bugatti စီရီးတွေဟာ အခုမကြာ ခင်ထွက်ရှိလာမယ့် 2014 Bugatti SuperVeyron နဲ့ဆိုရင် သက်တမ်း ၉-၁၀ နှစ်ဝန်းကျင်ထဲကိုတောင် ရောက်ရှိလို့လာခဲ့ ပါပြီ။ ထုတ်လုပ်ခဲ့သမျှ Bugatti စီးရီးတွေတိုင်းဟာလည်း ကမ္ဘာ့အမြန်ဆုံးကား အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သလို ဈေးအကြီးဆုံးဆိုတဲ့ ကားတွေစာရင်းမှာ လည်း ဂုဏ်ပုဒ်တစ်ခုရယူထားနိုင်ပါသေးတယ်။ ယခုမိတ်ဆက်ပေးမယ့်ကားကတော့ ၂၀၁၁ ခုနှစ်မျိုးဆက်တွေထဲက 2011 Bugatti Veyron 16.4 Super Sport ဆိုတဲ့ပြိုင်ကားအမျိုးအစားပါ။ တံခါးနှစ်ပေါက်၊လူနှစ်ယောက်လိုက်ပါစီးနှင်း လိုက်ပါလို့ရတဲ့ ဒီကားဟာ 4-wheel-drive အမျိုးအစားပါ။ အင်ဂျင်ပါဝါ ၇၉၉၈ စီစီ၊quad-turbocharged နှင့် intercooled DOHC 64-valve၊ဆလင်ဒါ ၁၆ လုံး၊W အင်ဂျင်ပုံစံတည်ဆောက်ထားပါတယ်။ ဒါကြောင့်ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင် ၁၂၀၀ အထိရှိမှာဖြစ်ပြီး 7-speed dual-clutch automated manual ဂီယာအမျိုးအစားပါ။ စမ်းသပ်မောင်းနှင်မှုမှာတော့ ၂.၄ စက္ကန့် ကို ၀-၆၀ မိုင်နှုန်း၊၅.၀ စက္ကန့် ကို ၀-၁၀၀ မိုင်နှုန်း နှင့်အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ တစ်နာရီ ၂၅၈ မိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ Bugatti ရဲ့ အစဉ်အလာအတိုင်း ဈေးကလည်း သန်းချီပြီးတန်ကြေးရှိတဲ့ ကားပါ။၂၀၁၁ မော်ဒယ်လ် 2011 Bugatti Veyron 16.4 Super Sport ရဲ့ လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂.၄ သန်းပါ။ လွန်ခဲ့တဲ့ ၂၀၁၁ မော်လ်ဒယ်ဆိုပေမယ့် နောက်ထွက်မယ့် 2014 Bugatti SuperVeyron ထက်သားနားတဲ့ ဒီဇိုင်းနဲ့မြင်တွေ့ရပါတယ်။ (2014 Bugatti SuperVeyron ရဲ့  Review ကိုလည်းဆက်လက်ဖော်ပြပေး သွားပါ့မယ်။) Ref:caranddrive
အမေရိကန်ကာကွယ်ရေးဌာနဝန်ထမ်းအများစုအား လုပ်ငန်းခွင်ပြန်ဝင်ရန် အကြောင်းကြား Monday, October 7, 2013 ယင်းသို့ အကြောင်းကြား ရန် ဆုံးဖြတ်ရခြင်းမှာ Pay Our Military Act ဥပဒေဖွင့်ဆိုချက် အရဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးချပ်ဟေဂယ်က ပြောကြား ခဲ့သည်။ ရီပတ်ဘလီကင်နှင့် ဒီမို ကရက်များအကြား ဘတ်ဂျက် အငြင်းပွားမှုကြောင့် ဖက်ဒရယ် အစိုး၏ ဝန်ဆောင်မှုလုပ်ငန်း များ ရပ်ဆိုင်းထားသည်မှာ ငါး ရက်ကြာမြင့်နေပြီဖြစ်သည်။ သို့ သော်လည်း လစာမပေးဘဲ အိမ် ပြန်လွှတ်ခဲ့သော ဖက်ဒရယ်အစိုးရ ဝန်ထမ်း ၈၀၀၀၀၀ ကို လစာပြန် ပေးရေးနှစ်ဖက်စလုံးက မဲပေး အတည်ပြုလိုက်ပြီဖြစ်သည်။ နှစ်ပါတီပူးပေါင်းဆောင် ရွက်မှု၏ ရှားပါးသောအခိုက် အတန့်ကာလတွင် စနေနေ့က အောက်လွှတ်တော်ကိုယ်စား လှယ်များသည် အစိုးရယန္တရား ရပ်ဆိုင်းမှုအဆုံးသတ်သည်နှင့် ဗဟိုအစိုးရဝန်ထမ်းများသို့ လ စာပေးမည့်ဥပဒေတစ်ခုကို ၄၀ရ မဲ-ဝမဲ ဖြင့် အတည်ပြုခဲ့သည်။ သို့သော်လည်း ဖက်ဒရယ်ဘတ် ဂျက်ကိစ္စနှင့်ပတ်သက်၍သဘော တူညီမှုတစ်စုံတစ်ရာရရှိမည့် လက္ခ ဏာမပေါ်သေးပေ။ အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ရီပတ်ဘလီ ကင်တို့က ဘတ်ဂျက်ကို အတည် ပြုရန်ငြင်းဆိုထားပြီး သမ္မတ ဘားရက်အိုဘားမား၏ ကျန်းမာ ရေးစောင့်ရှောက်မှုပြုပြင်ပြောင်း လဲရေးဥပဒေနှောင့်နှေး သို့မဟုတ် ငွေကြေးထောက်ပံ့မှုကို ခွာချွတ် ယူနေပါက ယခုကဲ့သို့ ငြင်းပယ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အစိုးရယန္တရားရပ်ဆိုင်းပြီး မကြာမီ The Pay Our Military Act ဥပဒေကို ကွန်ဂရက်က အ တည်ပြုခဲ့သည်။ အစိုးရယန္တရား ရပ်သွားမှုကြာသည်နှင့် အမေ ရိကန်အား နိုင်ငံတကာအတိုင်း အတာအရ ထိခိုက်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီက သတိပေးခဲ့သည်။ မစ္စတာ အိုဘားမားက ယန္တရားရပ်ဆိုင်း မှုကြောင့် အာရှခရီးစဉ်ကို ဖျက် သိမ်းလိုက်ရကြောင်း သိရသည်။ Yangon Media Group
Shop for over 300,000 Premium Domains