Kan Htoo Aung

5 Flips | 1 Magazine | 4 Following | @kokanhtooaung | Keep up with Kan Htoo Aung on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Kan Htoo Aung”

Log In or Sign Up to View

This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.

“ဂုဏ်တော်(၉)ပါးပါဠိ နှင့် အနက်အဓိပ္ပာယ်´´ Friday, August 16,2013 ၁။အရဟံ = ဆိတ်ကွယ်ရာအရပ်၌မကောင်းမှုမပြုသောကြောင့်၊ ကိလေသာရန်ကိုသတ်ဖြတ်တော်မူသောကြောင့်၊ ဗြဟ္မနတ်လူတို့၏ ကိုကွယ်ရာ၊ ပူဇော်ရာကို ခံယူတော်မူထိုက်သောကြောင့် အရဟံ မည်ပါပေ၏။ ၂။သမ္မာသမ္ဗုဒ္ဓေါ = ဆရာမကူဘဲ သယဗ္ဘူဥာဏ်ဖြင့် သစ္စာ(၄)ပါးတရားကို မိမိအလိုအလို သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်ပါပေ၏။ ၃။ဝိဇ္ဖာစရဏသမ္ပန္နော = ၀ိဇ္ဖာသုံးပါး၊ ၀ိဇ္ဖာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါး တို့နှင့်ပြည့်စုံတော်မူသောကြောင့် ၀ိဇ္ဖာစရဏသမ္ပန္န မည်ပါပေ၏။ ၄။သုဂတော = နိဗ္ဗာန်သို့သွားတော်မူတတ်သောကြောင့်၊ ကောင်းသောစကားကို ဆိုတတ်တော်မူသောကြောင့် သုဂတမည်ပါပေ၏။ ၅။လောက၀ိဒူ = ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောက(၃)ပါးကို သိမြင်တော်မူသောကြောင့် လောက၀ိဒူ မည်ပါပေ၏။ ၆။အနုတ္တရောပုရိသဒမ္မသာရထိ = အတုမရှိသောသူဖြစ်တော်မူသောကြောင့်၊ ဝေနေယျသတ္တ၀ါတို့ကို ဆိုဆုံးမတော်မူ တတ်သောကြောင့် အနုတ္တရောပုရိသဒမ္မသာရထိ မည်ပါပေ၏။ ၇။သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့် သတ္ထာဒေ၀မနုဿာန မည်ပါပေ၏။ ၈။ဗုဒ္ဓေါ = ခပ်သိမ်းသောတရားတော်တို့ကို သိတော်မူသောကြောင့် ဗုဒ္ဓ မည်ပါပေ၏။ ၉။ဘဂ၀ါ = ဆည်းပူးအပ်သော ပါရမီဟူသော ဘုန်းရှိတော်မူသောကြောင့် ဘဂ၀ါ မည်ပါပေ၏။ မှတ်ချက် = ဗုဒ္ဓဿပူဇံ မဟာတေဇ၀န္တော ဟူသည့်အတိုင်း မြတ်စွာဗုဒ္ဓ၏ ဂုဏ်တော်များကို အဓိပ္ပာယ်နှင့်တကွ ပူဇော်ပါသော် မြန်စွာအကျိုးထူး ပေးတတ်ပါသဖြင့် ပါဠိသက်သက်တင်မဟုတ်ပါဘဲ အဓိပ္ပာယ်ပါ သိရှိကာ ပူဇော်နိုင်ပါရန် ရည်ရွယ်ပါသည်။ Open Sky