htetwai htetwai

5 Added | 1 Magazine | 1 Follower | @htetwaiaung | Keep up with htetwai htetwai on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “htetwai htetwai”

US sends missiles and drones to Iraq to fight al-Qaeda

<b>The US has delivered dozens of missiles to Iraq to help combat al-Qaeda, US and Iraqi officials have said.</b><p>They said that about 75 Hellfire air-to-ground missiles had been sent last week.<p>A shipment of unmanned ScanEagles surveillance drones is also expected next year.<p>Iraqi troops have recently …

Middle East

ION Glasses Are The Unobtrusive Notifications System You Wear On Your Face

Google Glass, Google schmass. What you really want on your face are these puppies. ION Glasses are sunglass or prescription glasses frames with a built-in LED, Bluetooth stack, and tiny button controller.<p>What do they do? Well the LED lights up to notify you of new messages – you can set different …

New model of Apple’s proposed spaceship campus reveals new details about the building

New photos from the San Jose Mercury News today reveal additional details about Apple’s new campus, slated to be completed sometime in either 2015 or 2016. A scale model of the planned building was shown to The Mercury News by Apple’s CFO, Peter Oppenheimer, located at an office on the 175-acre …

ပြည်ဝင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ အရေးအပါအ၀င် MoU စာချုပ် ပြင်ဆင်ရေးအတွက် ထိုင်းနှင့်မြန်မာဆွေးနွေး Created on Saturday, 12 October 2013 19:08 ထိုင်းနိုင်ငံတွင် ပြည်ဝင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အပါအ၀င် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် အလုပ်သမားစေလွှတ်မှု MoU စာချုပ် ပြင်ဆင်ရေးတို့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ '' ဒီဆွေးနွေးပွဲမှာ MoU စနစ်နဲ့ သွားနေတဲ့ အလုပ်သမားတွေနဲ့ ပက်သတ်တဲ့ လုပ်ငန်းစဉ်တွေ အထောက်အထား ထုတ်ပေးရေး စခန်းတွေ ဖွင့်ဖို့အတွက် အတည်ပြု ဆွေးနွေးမှာပါ။ အထောက်အထား ထုတ်ပေးဖို့ ကျန်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးကိစ္စကိုလဲ ထည့်သွင်း ဆွေးနွေးလိုပါတယ်။ နောက်ပြီး ၂၀၀၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အလုပ်သမား စေလွှတ်မှု နှစ်နိုင်ငံသဘောတူ စာချုပ်ကို ပြင်ဆင်ဖို့အတွက် ဆွေးနွေးမှုတွေ ပါဝင်မှာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က အစည်းအဝေးအစပိုင်းတွင် ပြောကြားခဲ့သည်။ ယခု ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၊ ထိုင်းနိုင်ငံ တရားမ၀င်အလုပ်သမားများ ၀င်ရောက်မှု ထိန်းချုပ်ရေးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်ဝင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသည့် မြန်မာအလုပ်သမားများအတွက် One stop service Centre များ ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံ၌ ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရေလုပ်သားများအား အထောက်အထား ထုတ်ပေးရေး အလုပ်သမားသစ်များအား စေလွှတ်ရာတွင် နှစ်နိုင်ငံ အသိအမှတ်ပြု တရားဝင်အေဂျင်စီများဖြင့်သာ စေလွှတ်ရေး၊ လက်ရှိ ထုတ်ပေးနေသည့် ယာယီ နိုင်ငံကူးလက်မှတ်များ ပြောင်းလဲသုံးစွဲရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ သက်တမ်း လေးနှစ်ကျော်ရှိနေပြီဖြစ်သော အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံတွင် သုံးနှစ်ပြန်လည် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံတွင် ပြန်လည် ဆက်လက်လုပ်ကိုင်ခွင့်ရမည့်အစား နိုင်ငံကူးလက်မှတ် အ၀င်အထွက်ပြရုံဖြင့် ရက်အကန့်အသတ်မရှိ ပြန်လည်နေထိုင်ပြီး ထိုင်းနိုင်ငံတွင် ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအား အလုပ်ရှင်များမှ အလုပ်ထုတ်ခြင်း၊ ထိုင်းရဲများ၏ ဖမ်းဆီးခြင်း ခံနေရကြောင်းလည်း သိရသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲအား တွေ့ရစဉ် အေးချမ်းမွန် Credit To >Eleven Media Group <Thanks https://www.facebook.com/excellencemedia