Hnin Su

40 Flips | 3 Magazines | @hninsungae | Keep up with Hnin Su on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Hnin Su”

တက္ကသိုလ်နှင့် ပြည်သူ့နီတိ ------------------------------ တက္ကသိုလ်ပညာရေးတွင် ပြည်သူ့နီတိမသိသော၊ ပြည်သူ့နီတိမရှိသော ပညာရေးသည် အချည်းနှီးသာတည်း။ ကင်းဘရစ်ခ်ျတက္ကသိုလ် ပညာရေးစာတမ်းများစာအုပ်တွင် မင်းဘရစ်ခ်ျဆိုသူက “နိုင်ငံကြီးသား” အကြောင်းနှင့် ပတ်သက်ပြီး စာတမ်းတစ်စောင်ရေးသားခဲ့သည်။ ထိုစာတမ်း၏ နိဂုံးပိုင်းအရောက်တွင် စာရေးသူက တက္ကသိုလ် ကျောင်းသားဘဝတွင် ဘွဲ့ကြိုကျောင်းသားများကို နိုင်ငံအဖွဲ့အစည်းအား အုပ်ချုပ်စီမံတတ်စေရန် သင်ကြားပေးရမည်။ ကျောင်းသားတိုင်းကို နိုင်ငံသားကောင်းများအဖြစ် နိုင်ငံကို စီမံအုပ်ချုပ်တတ်စေရန် သင်ကြားပေးခြင်းသည် တက္ကသိုလ်၏ တာဝန်သာဖြစ်သည်ဟုဆိုထားသည်။ တက္ကသိုလ်သည် နိုင်ငံသားကောင်းများ၊ နိုင်ငံကြီးသားများ၊ ပြည်သူ့နီတိကိုသိသော၊ ပြည်သူ့နီတိကို အကောင်အထည်ဖော်နိုင်သော ကျောင်းသား ကျောင်းသူများ ကို မွေးထုတ်နိုင်ရမည်ဟုသူကဆိုသည်။ တက္ကသိုလ်တွင် ပညာသင်ကြားရာ၌ ရည်ရွယ်ချက်သုံးချက်ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ မိမိဘဝကို မိမိ တည်ဆောက်ဖန်တီးနိုင်ရမည်။ ပြည်သူ့နီတိသဘောတရားများကို သိရှိနားလည်စေရမည်။ စိတ်ဓာတ်မြင့်မားပြီး နိုင်ငံကြီးသား ပီသသူများဖြစ်ရမည်။ ပြည်သူ့နီတိသဘောတရားသည် ယင်းအချက်သုံးချက်စလုံးနှင့်လည်း ပတ် သက်နေ သည်ဟုဆိုရမည်။ အားလုံးကို ချုပ်ပြောရလျှင် တက္ကသိုလ်ဆိုသည်မှာ မိမိနိုင်ငံနှင့် မိမိလူမျိုး၏ အကျိုးကိုသည်ပိုးနိုင်မည့် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံကြီးသားနှင့် နိုင်ငံ့သားကောင်းဆိုသည့် စကားအဓိပ္ပာယ်ကို ရှင်းလင်းရန် လိုအပ်လာသည်။ “နိုင်ငံကြီးသား” ဆိုသည်မှာ အခြားမဟုတ် နိုင်ငံ၏ကျေးဇူးသစ္စာကို စောင့်သိတတ်ခြင်းဟု ဒေါက်တာ ဝီလျံ ဘွိုက်က သူ၏ "The Modern Teacher" ဆိုသည့်စာအုပ်တွင် ဖွင့်ဆိုရေးသားထားသည်။ သစ္စာစောင့်သိတတ်ခြင်းသည် လူ့သဘာဝ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းထဲတွင် နေထိုင်သူတစ်ဦးသည် မိမိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် ဦးစွာကြိုးစားကြရသည်။ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုး အားလုံးညီညွတ်မျှတစွာဆောင်ရွက်နိုင်စေရန် နေထိုင်ခြင်း သည် နိုင်ငံကြီးသားပီသခြင်း၏ အခြေခံသဘောတရားများသာ ဖြစ်သည်။ ပြည်သူ့နီတိကို တက္ကသိုလ်ပညာရေးတွင် ထည့်သွင်းသင်ကြားစေခြင်းဆိုသည်မှာ လူသားအားလုံးအတွက်၊ လူသားများ လုပ်ဆောင်သင့်သည်အချက်များကို ပညာပေးခြင်းဖြစ်သည်။ အတွေးအခေါ်ပညာရှင် ကိုမီးနီးရပ်စ်က ပညာသင်ကြား ခြင်း၏ရည်ရွယ်ချက်ကို “လူသားသည် လူသားအားလုံးအတွက် မွေးဖွားလာခြင်းဖြစ်သည်ကို ယေဘုယျအားဖြင့် သင်ကြားပေးခြင်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံတစ်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွ င့်ရသည့် လွတ်လပ်သောလူမျိုးဖြစ်ရန် ပြည်သူ့နီတိသဘောတရားများ နိုင်ငံသားတိုင်းတွင် ပြည့်ဝနေရန်လိုအပ်သည်။ နိုင်ငံကြီးသားဆိုသည့်စကားနှင့် ယှဉ်တွဲနေသည့် အခြားစကားလုံး တစ်လုံးမှာ “မျိုးချစ်စိတ်” ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန် လှုံ့ဆော်ပေးနိုင်သူများမှာ နိုင်ငံရေးသမားများဖြစ်သည်။ နိုင်ငံရေး ပညာကို တက္ကသိုလ်များတွင် သင်ကြားပေးရခြင်းရည်ရွယ်ချက်မှာ မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သူများကို လေ့ကျင့် မွေးထုတ်ပေးခြင်းဖြစ်သည်။ သို့ပါလျက် တက္ကသိုလ်များတွင် နိုင်ငံရေးနှင့် ပတ်သက်ပြီး အခြေခံကျကျ လေ့လာနိုင်ရန် လမ်းဖွင့်ပေးခြင်း၊ သင်ကြားပို့ချပေးခြင်း မပြုလျှင် အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံတော်ကို ဦးဆောင်နိုင်မည့် လူတော် လူကောင်းများ မွေးထုတ်ရေးကို ပိတ်ပင်တားဆီးခြင်းသာ ဖြစ်သည်။ တက္ကသိုလ်မှထွက်ခွာသွားလျှင် လုပ်ငန်းခွင်သို့ဝင်ရောက်လာကြသည်။ လုပ်ငန်းခွင်သို့ ဝင်ရောက်လာသူများတွင် နိုင်ငံကြီးသားစိတ်ဓာတ်၊ သစ္စာစောင့်သိသောစိတ်ဓာတ်များပါမလာလျှင် ဝတ်ကျေတန်းကျေလုပ်ချင်သည့်စိတ်၊ ရေသာခိုချင် သည့်စိတ်၊ အချောင်သမားစိတ်၊ အကျင့်ပျက်ခြစားလိုစိတ်၊ လာဘ်ပေးလာဘ်ယူလိုစိတ်များ ရှိလာကြမည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် အစိုးရအလုပ်ဝင်လုပ်သူများက လစာနည်းလျှင်နည်းပါစေ “အောက်ဆိုက်” များများရသည့်နေရာကို ရောက်လျှင်တော်ပါပြီဆိုသော စိတ်ဓာတ်များထားနေခြင်းသည် တက္ကသိုလ်ကျောင်းကြီးများက ပြည်သူ့နီတိအခြေခံများ ထည့်ပေးလိုက်ရန် အားနည်းသောကြောင့်သာဖြစ်သည်။ သို့ဖြစ်ရာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းစိတ်ဓာတ်များသည် တက္ကသိုလ်တွင် အခြေခံစိတ်ဓာတ်များ ထည့်သွင်းပေးလိုက်ရန် အားနည်းသောကြောင့်ဟုလည်းဆိုနိုင်သည်။ နိုင်ငံတစ်နိုင်ငံ တွင် ဝန်ထမ်းကောင်းမရှိဟု ဆိုခြင်းသည် ပြည်သူ့နီတိမသိဟု ဖွင့်ဟဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။ တက္ကသိုလ်များတွင် ပြည်သူ့နီတိပညာရေးကို တိုက်ရိုက်သင်ကြားနည်း၊ သွယ်ဝိုက်သင်ကြားနည်း နှစ်မျိုးစလုံး ကျင့်သုံးနိုင် သည်။ တိုက်ရိုက်ဆိုသည်မှာ စာတွေ့နည်းဖြင့် သင်ကြားပို့ချခြင်းဖြစ်ပြီး၊ သွယ်ဝိုက်သင်ကြားခြင်းဆို သည်မှာ အသိုင်းအဝိုင်း၊ အဖွဲ့အစည်း၊ အသင်းအပင်းများနှင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်စေသည့်နည်းများဖြင့် ပူးပေါင်းဆောင်ရွက်စေခြင်းနည်း ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီးများတွင် တက္ကသိုလ်ပညာတတ်များသည် လူမှုရေးလုပ်ငန်းများအတွင် ဝင်ရောက် ဆောင်ရွက် ခြင်းများကို ဦးစားပေးထားသည်။ အပြစ်ရှိသူကို အပြစ်ပေးရာတွင်ပင် သက်ညှာသည့် အနေဖြင့် လူမှုရေးလုပ်ငန်းများ၌ နာရီမည်မျှကြာအောင် ဆောင်ရွက်ရမည်ဆိုခြင်းမှာ တာဝန်မကျေသည့်နိုင်ငံသား တစ်ယောက်ကို အဖွဲ့အစည်းဖြင့် ပြန်လည်ပြီး လူ့ဘောင်အတွင်းသို့ ဆွဲသွင်းခြင်းဖြစ်သည်။ တက္ကသိုလ်တွင် သင်ကြားသည့်ဘာသာရပ်များတွင် များသောအားဖြင့် ဝိဇ္ဇာဘာသာရပ်များသည် ပြည်သူ့နီတိနှင့် ဆက်စပ် နေပြီး၊ သိပ္ပံဘာသာရပ်များက ပြည်သူ့နီတိနှင့် ကင်းကွာနေကြောင်းလည်းတွေ့ရသည်။ သို့ဖြစ်ရာ ပထမနှစ် သို့မဟုတ် ဒုတိယနှစ်များအထိ မယူမနေရဘာသာရပ်အနေဖြင့် ပြဋ္ဌာန်းကာ သင်ကြားသင့်သည်။ ပြည်သူ့နီတိပညာကို အခြေခံပညာအထက်တန်းအဆင့်များတွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အလွန်လွယ်ကူသည့် ပုံစံများဖြင့် အခြေချပေးလိုက်သင့်သည်။ အခြေခံတွင် အခြေမခိုင်ခဲ့ပါလျှင် အပေါ်တွင် ပြင်ရခက်တတ်သည်။ နိုင်ငံရေးသိပ္ပံနှင့် ကိုယ်ကျင့်တရားပညာများကို တက္ကသိုလ်အဆင့်တွင် ထဲထဲဝင်ဝင်လေ့လာနိုင်ရန် ဦးစားပေးပြီး လမ်းဖွင့်ပေးသင့်သည်။ ပြည်သူ့နီတိကိုသင်တိုင်း နိုင်ငံ့သားကောင်းများ ထွက်ပေါ်လာနိုင်လိမ့်မည်ဟု တရားသေမှတ်ယူထားရန်လည်း မဖြစ်နိုင်ပေ။ လူတို့တွင် ပတ်ဝန်းကျင်နှင့် လူနေမှုအလိုက် စံတစ်ခုအပေါ်တွင် လက်ခံကျင့်သုံးမှုချင်း ကွာခြားကောင်း ကွာခြားနိုင်သည်။ ပြည်သူ့နီတိကို ဘာသာရေးနှင့် ရောယှက်လိုက်လျှင် ကိုယ့်စံနှင့်ကိုယ်ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အများလက်ခံနိုင်သည့် ကိုယ်ကျင့်တရားနှင့် စံများကို လိုက်နာနိုင်ရေးနှင့် သင်ကြားပေးနိုင်ရေးအတွက်လည်း နည်းလမ်းများရှာသင့်သည်။ ဘာသာတရားနှင့် ကိုးကွယ်ယုံကြည်မှုများသည် စံတစ်ခုအဖြစ် သတ်မှတ်လိုက်နာနိုင်ရေးအတွက် ကွဲပြားနိုင်သော အချက်များ ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ့နီတိက ဘာသာဝင်ကောင်းဆိုသည့် စကားထက် နိုင်ငံ့သားကောင်းဆိုသည့် သဘောတရားကို ပိုပြီး အလေး အနက်ထားသင်ကြားသည်။ နိုင်ငံနှင့်လူမျိုးကို သစ္စာရှိသောနိုင်ငံ့သားကောင်းဆိုသည်မှာ မိမိယုံကြည်ရာ ဘာသာတရားကို အကာအကွယ်ပေးမည့်သူရဲကောင်းဆိုသည့်စကားထက် ပိုပြီးလေးနက်သည်။ Bourne ဆိုသူက “လူသားနှင့် လူ့ဘောင်အဖွဲ့အစည်းအကြောင်းကို လေ့လာရာတွင် သိပ္ပံနှင့် သမိုင်းပညာရပ်များကို လေ့လာခြင်းထက်ပိုပြီး အခြေခံကျကျ လေ့လာသင့်သည်” ဟုဆိုထားသည်။ သူဆိုလိုသည်မှာ လက်တွေ့ကျသည့် လူသား ဆိုင်ရာ သဘောသဘာဝကို နားလည်သဘောပေါက်မှ ကျန်ပညာရပ်များကို နားလည်သဘောပေါက် နိုင်လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ တက္ကသိုလ်တွင် ပညာသင်ကြားရခြင်းသည် ဘွဲ့တစ်ခုခုယူရန်၊ ဘွဲ့တစ်ခုခုပေးရန်၊ ဘွဲ့တစ်ခုခုအတွက် သင်ကြားရေး စာအုပ်များ ပြဋ္ဌာန်ပေးရန်၊ ဘွဲ့ရစေရေး သင်ကြားပေးရန်၊ ဘွဲ့ယူသူများအတွက် နေရာပေးရန်ဆိုသည့် အချက်ထက် ပိုကြောင်းကို သိစေချင်သည်ဟု ဆာရစ်ချတ် တင်ပယ်ဆိုသူကလည်း ဖွင့်ဆိုဖူးသည်။ သို့ဖြစ်ရာ တက္ကသိုလ်တွင် စာတစ်ခုတည်း သင်သည်ဆိုခြင်းမှာ အဖြေမဟုတ်ဟုဆိုရမည်။ တက္ကသိုလ်တွင် ပြည်သူ့နီတိသဘောတရား၊ နိုင်ငံရေးသိပ္ပံသဘောတရားများ ထွန်းကားလာနိုင်ရန် သမဂ္ဂကို ဖော်ဆောင်ပေးနိုင်ရမည်။ တက္ကသိုလ်ကျောင်းသားများအတွက် သမဂ္ဂဆိုသည်မှာ ကိုယ်စွမ်းဉာဏ်စွမ်းများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးသည့် နေရာတစ်နေရာဖြစ်သည်။ မြန်မာ့သမိုင်းတွင် ၁၉၃၀ ဝန်းကျင်က ကျောင်းသား သမဂ္ဂ ထွန်းကားခဲ့ခြင်းကြောင့် မြန်မာ့နိုင်ငံရေးကို ဦးဆောင်နိုင်စွမ်းရှိသည့် နိုင်ငံခေါင်းဆောင်ကောင်းများ ပေါ်ထွန်းခဲ့သည်ကို ဥပမာယူနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုစသည့် ပုဂ္ဂိုလ်ကျော်များသည် တက္ကသိုလ်သမဂ္ဂတွင် နိုင်ငံကြီးသားအဖြစ် လေ့ကျင့်ပျိုးထောင်ခြင်းခံခဲ့ရပြီး၊ နိုင်ငံအပေါ်သစ္စာစောင့်သိသူများ၊ နိုင်ငံနှင့် လူမျိုးကိုချစ်သည့် မျိုးချစ်ပုဂ္ဂိုလ်များအဖြစ် သမိုင်းတွင်မှတ်တမ်းတင်နိုင်ခဲ့သည်မှာ ပြည်သူ့နီတိ ရေခံမြေခံများ တစ်ခေတ်တစ်ချိန်က ထွန်းကားခဲ့သောကြောင့်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် တက္ကသိုလ်အဆင့်ပညာရေးနှင့် တက္ကသိုလ်အဆင့်စာရိတ္တ၊ တက္ကသိုလ်အဆင့်တွင် နိုင်ငံရေးသိပ္ပံဆိုင်ရာ သဘောတရားများအားနည်းခဲ့ခြင်းသည် ၁၉၈၈ ခုနှစ်ကတည်းက ကျောင်းသားများတော်လှန်ရေးကို မအောင်မြင်စေခဲ့သည့် အကျိုးဆက်များသာဖြစ်သည်။ တစ်နည်းအားဖြင့် စစ်အစိုးရလက်အောက်တွင် ပြည်သူ့နီတိနှင့် နိုင်ငံရေးသဘောတရားများ သင်ကြားပေးရန် ပျက်ကွက်ခဲ့ရခြင်း၏ မျှော်မှန်းထားသော ရလဒ်တစ်ခုလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းသည်။ ထို့နောက် ဆိုရှယ်လစ်လမ်းစဉ်ကို အထောက်အကူဖြစ်စေမည့် လူကောင်း လူတော်များဖြစ်လာစေရန်ဆိုကာ နိုင်ငံရေးတွင် ကျောင်းသားများ မပါဝင်စေရေး ကန့်သတ်ပိတ်ပင်သည်။ ကျောင်းသားများ ထဲတွင် ကျောင်းသားများကို ထပ်ဆင့် ထောက်လှမ်းသူများအား မွေးထုတ်ပေးထားပြီး သိက္ခာမဲ့အမူအကျင့်များကို လုပ်ဆောင် သည်။ ဆရာလောက၊ ကျောင်းသားလောကကို စနစ်တကျ ဖျက်စီးပြီး ပြည်သူ့နီတိနှင့်ကင်းဝေးစေရန် ကြံဆောင်ထားသည်။ သိက္ခာနှင့် ပညာကို တန်ဖိုးထားရသည့် ပညာရေးလောက၏ ထိပ်ဆုံးအရေးပါသောနေရာသည် နောက်ဆုံးနှင့် အောက်ဆုံး ရောက်သွားခဲ့သည်မှာ မည်သူ့တွင် တာဝန်ရှိသနည်း။ ပြန်လည် ပြီး တက္ကသိုလ်ကို ထူထောင်ရန် မည်သူ့တွင်တာဝန်ရှိသနည်း။ တက္ကသိုလ်ပညာရေးတွင် ပြည်သူ့နီတိမသိသော၊ ပြည်သူ့နီတိမရှိသော ပညာရေးသည် အချည်းနှီးသာတည်း။ Credit to မောက္ခ K.K(ကနောင်)

DIY The Double Eye Lining

<i>Eye lining</i> have become a part of our daily routine, but have you ever thought that there are hundreds of <b>eye lining techniques.</b><p>Today we are going to …

လူကြီးတွေနဲ့ စကားပြောဆိုတဲ့အခါ သူရဲ့ကြီးရင့်တဲ့အတွေ့အကြုံကို ရိုသေလေးစားဖို့ မမေ့ပါနဲ့ ယောက်ျားတွေနဲ့စကားပြောဆိုတဲ့အခါ သူ့မျက်နှာသာကိုထိန်းသိမ်းပေးဖို့ မမေ့ပါနဲ့ မိန်းမတွေနဲ့စကားပြောဆိုတဲ့အခါ သူ့စိတ်ခံစားချက်ကိုဂရုစိုက်ပေးဖို့ မမေ့ပါနဲ့ ကိုယ့်အထက်လူကြီးနဲ့ စကားပြောဆိုတဲ့အခါ သူ့ရာထူးဂုဏ်ကိုလေးစားဖို့ မမေ့ပါနဲ့ လူငယ်လူရွယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့ပွင့်လင်းမှုကို မမေ့ပါနဲ့ ကလေးငယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့အပြစ်ကင်းမှုကို မမေ့ပါနဲ့ ပြောတတ်ဆိုတတ်တာဟာ အသိပညာတစ်မျိုးဆိုရင် နားထောင်တတ်ခြင်းဟာလည်း အနုပညာတစ်ရပ်ဖြစ်ပါတယ်.... Aye Chan Mon# Credit To :Nine Nine Sanay @ နိုင်းနိုင်းစနေ မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

ပန်း ဆီမီး နံ့ သာတွေ ဘာ့ကြောင့် လှူသလဲ ပန်း ဆီမီး နံ့ သာတွေ ဘာ့ကြောင့် လှူတယ်ဆိုတာ ဘုရားရှင်နဲ့  အရိယာအရှင်သခင်ကြီးတွေ ပန်းကြိုက်လို့  အမွှေးနံ့ သာ ကြိုက်လို့ မှ မဟုတ်ဘဲ။ ကြိုက်စိတ် မကြိုက်စိတ်တွေ ပယ်ထားပြီးပြီပဲ၊ ဒါ့ဖြင့် ဘာ့ကြောင့် ပန်း ဆီမီး နံ့ သာတွေ ကပ်လှူရသလဲ ဆိုတော့ - ပန်းကား ဘုရားနှင့် မိမိတို့ အကြား ကာခြားထားရန် - ဆီမီးကား ဘုရားရှင်၏ အသရေတော် ဖူးမြော်ရန် - နံ့ သာတိုင်ကား မိမိတို့  ကိုယ်ညစ်အနံ့ ဘုရားထံ မပျံ့ နှံ့ ရန် ဒီလို ရည်ရွယ်ချက်ကောင်းနဲ့  ကပ်လှူကြတာပါ။ မဟာဗောဓိမြိုင်ဆရာတော်ကြီး မေတ္တာဖြင့် စုစည်းသူ အနှိုင်းမဲ့စာတိုပေစများ

သင့်အပေါ် စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ ဂရုစိုက်မှုလေးတွေပေးရင်း …စိုးရိမ်စိတ်လေးတွေနဲ့ သင့်ကို ချစ်နေပေးတတ်တဲ့ သူ သင့် အားနည်းချက်တွေကို အမှန်တစ်ကယ် လက်ခံပေးနေရင်း …သင့်အပေါ် ယုံကြည်မှုလေးတွေနဲ့ တန်ဖိုးထားပေးတတ်တဲ့ သူ သင့်အပေါ် နားလည်မှုလေးတွေနဲ့ ခွင့်လွှတ်ပေးနေတတ်ရင်း …အားပေးမှုလေးတွေနဲ့ သင့်အနား ရပ်တည်ပေးတတ်တဲ့ သူ အဲ့လို သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရနေပီဆိုရင် သင့်ဘဝမှာ ဘယ်တော့မှ အဆုံးရှုံးမခံနဲ့…သင့်ဘက်က တန်ဖိုးထားပေးနိုင်အောင် သာ ကြိုးစားပါ အချစ်စစ်ဆိုတာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာတာနဲ့အမျှ ကိုယ့်ကို တစ်ဘဝလုံးစာဆိုတဲ့ စိတ်တွေနဲ့ ရည်ရွယ်ပီး ချစ်နေပေးနိုင်တဲ့သူဆိုတာလဲ တစ်ဖြည်းဖြည်းနဲ့ ရှားပါးနေခဲ့လို့ပါပဲ... Khin Myo Aye Aye Chan Mon# Credit To : Poem မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

သူငယ်ချင်းကောင်းဆိုတာ သင့်ဘဝတစ်သက်တာအတွက် ဘယ်လောက်အရေးပါသလဲ တကယ်လို့ မှန်တဲ့သူငယ်ချင်းနဲ့ အတူလျှောက်လှမ်းရင် ဘဝခရီးလမ်းကို သင်ဝေးဝေးပိုလျှောက်နိုင်တယ် တကယ်လို့ မှန်တဲ့သူငယ်ချင်းရဲ့ လမ်းညွှန်မှုကိုရရင် ဘဝခရီးလမ်းမှာ သင် မြန်မြန်ပိုလျှောက်နိုင်တယ် တကယ်လို့ မှန်တဲ့သူငယ်ချင်းက အဖော်အဖြစ်လိုက်ပါလျှောက်လှမ်းရင် ဘဝခရီးလမ်းကို သင်လွတ်လပ်ပေါ့ပါးစွာလျှောက်လှမ်းနိုင်တယ် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အလုပ်တစ်ခုကို လုပ်ဖြစ်အောင်လုပ်ပါ သင့်အပေါ် သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက်ကို ရှာဖြစ်အောင်ရှာပါ တဲ့.... သင့်အပေါ် သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက် ရချင်ရင် သင်လည်း သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက် ဖြစ်ဖို့လိုပါလိမ့်မယ်..... မှန်တဲ့သူငယ်ချင်းဆိုတာ ဘာလဲ... အမြဲတမ်း အဆက်အသွယ်မရှိပေမယ့် သင်အကူအညီလိုအပ်တဲ့အခါ အချိန်မရွေးကူညီတတ်သူ၊ သင့်ကို အားပေးဖေးမတတ်သူ၊ သင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ရုပ်လှသည်ဖြစ်စေ ဂုဏ်ပကာဓနကြောင့် သင့်အပေါ် အခင်အမင်မပျက်သူ၊ သင့်အကြောင်း နောက်ကွယ်မှာမပြောတတ်သူ၊ ငယ်ရွယ်နုပျိုခြင်းမှ အိုမင်းသည်အထိ သင်နဲ့အတူ တဖြည်းဖြည်းကြီးပြင်းသူ ..... မှန်တဲ့သူငယ်ချင်းရှိရင် မှားတဲ့သူငယ်ချင်းရောရှိလား... ရှိတာပေါ့... ခင်မင်တယ်၊ သူငယ်ချင်းဆိုပြီး နောက်ကျောဓားထိုးတတ်သူ၊ အပေါ်က အကြောင်းအရာနဲ့ ဆန့်ကျင်ဖက်ဖြစ်သူတွေဟာ မှားတဲ့သူငယ်ချင်းတွေပါပဲ.... ကျွန်မမှာ မှန်တဲ့သူငယ်ချင်းတွေပဲရှိတယ်... မှားတဲ့သူငယ်ချင်းတွေကို မေ့ထားပစ်လိုက်လို့း) လျှောက်လှမ်းလာခဲ့တဲ့ ရက် လ နှစ်တွေမှာ အဖော်အဖြစ်လိုက်ပါလာခဲ့တဲ့အတွက် ကျေးဇူးပါသူငယ်ချင်း.... Aye Chan Mon# Credit To :Nine Nine Sanay @ နိုင်းနိုင်းစနေ မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Log In or Sign Up to View

This Facebook post is no longer available. It may have been removed or the privacy settings of the post may have changed.

နိုင်ငံအလိုက် မိခင်များနေ့ကျင်းပတဲ့ရက်ချင်း မတူကြပါဘူး။ အမေရိကန်မှာတော့ မေလဒုတိယပတ်တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ဘယ်နေ့ပဲကျင်းပပါစေ... ပုံထဲကအတိုင်း ငယ်ရွယ်ချိန်မှာ ကိုယ့်လက်ကိုတွဲခဲ့တဲ့မိခင်ကို သူတို့အိုမင်းလို့ မသွားမလာနိုင်တဲ့အခါမှာလည်း သူတို့ရဲ့လက်ကိုတွဲနိုင်ကြပါစေ။ အမေအပေါ် ကျွန်မတို့ နွဲ့ဆိုးဆိုးခဲ့ဖူးသလို စိတ်တိုစိတ်ကောက်ချိန်၊ မေမေနဲ့ ခွန်းကြီးခွန်းငယ် ပြန်အော်ငေါက်ချိန်လည်း ရှိဖူးကြပါလိမ့်မယ်။ ကျွန်မတို့ဘယ်လိုဆိုးဆိုး အမေကတော့ အပြုံးမပျက်၊ မေတ္တာမလျော့ဘဲ ကျွန်မတို့ကိုချစ်ခဲ့ပါတယ်။ The Chic မဂ္ဂဇင်း မေလထုတ်မှာပါတဲ့ ကျွန်မရဲ့ ဘာသာပြန်စာတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်... စာကတော်တော်ရှည်ပါတယ်... ပျင်းရင်ဖတ်ကြည့်ပါလို့..... “မေမေနဲ့သမီးရဲ့ ကစားပွဲ” တခြားလူရဲ့မေမေနဲ့တူတဲ့ မေမေတစ်ဦး ကျွန်မမှာရှိတယ်။ ကျွန်မရဲ့မေမေဟာ နေ့တိုင်း လုပ်နေကျဖြစ်တဲ့ အလုပ်တက်အလုပ်ဆင်းဆိုတဲ့အချိန်ထဲကနေ အချိန်တစ်ချိန်ဖဲ့ပြီး ကျွန်မအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ပေးနိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ ချမ်းအေးတဲ့ဆောင်းရာသီမှာ အဝတ်လျှော်စက်မပါဘဲ အဝတ်တွေကိုလက်နဲ့လျှော်နိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ အိမ်ထဲအိမ်ပြင်ကို အစဉ်အမြဲ သပ်ရပ်သန့်ရှင်းအောင်ထားနိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ ဘာမှန်းညာမှန်းမသိ ကျွန်မကိုဆူဆဲတတ်သူလည်းဖြစ်တယ်။ အခြေခံအားဖြင့် မေမေဟာ ကျွန်မထင်မြင်တဲ့မိခင်စံချိန်ကို မီခဲ့သူဖြစ်တယ်။ မေမေဟာ ကိုယ့်ကိုယ်ကိုလှအောင်မပြင်ဆင်တတ်ခဲ့ပေမယ့် ရိုးစင်းတဲ့နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ခဲ့တယ်။ ပျော်ရွှင်ချမ်းမြေ့အောင် နေတတ်ခဲ့တယ်။ မိန်းကလေးတစ်ဦးကနေ မိခင်တစ်ဦးဖြစ်ဖို့ အချိန်ဘယ်လောက်ကြာလိုအပ်သလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ မိခင်တစ်ဦးဟာ တခြားလူတစ်ယောက်ကို ဂရုစိုက်စောင့်ရှောက်မယ့်တာဝန်ကို ကျင့်သားရအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ သေချာတာကတော့ ၁ဝလလောက်သူအပင်ပန်းခံပြီး သူ့ကိုပြန်အာခံမယ့်သူကို သူမွေးဖွားခဲ့တယ်။ အဲဒီနောက် ချီးသေးတွေနဲ့လုံးချာလိုက်ပြီး အဲဒီကလေးကြီးပြင်းအောင် သူကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ အဲဒီနောက် ဒီမျက်စိရှေ့က ဒီကလေးငယ်ကို သူ့ဘဝထက်ပိုတိုးတက်ကောင်းဖို့ နေ့နေ့ညညတွေးတောနေခဲ့တယ်။ ကျွန်မမေမေက ပြောတယ်… ကျွန်မကို မွေးတုန်းက သေမတတ်နာကျင်ခဲ့ပေမယ့် ကျွန်မရဲ့ငိုသံကိုကြားတာနဲ့ ငါမိခင်တစ်ဦးဖြစ်ပြီဆိုတဲ့စိတ်ကို နူးနူးညံ့ညံ့ ခိုင်ခိုင်မာမာချခဲ့တယ်လို့ ဆိုတယ်။ ဒီတစ်စက္ကန့်အချိန်အတွင်းလေးမှာပဲ ကလေးဆန်တဲ့စိတ်ကနေ မိခင်ဖြစ်ပြီ၊ မိခင်တာဝန်တွေကို ထမ်းဆောင်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူပြတ်ပြတ်သားသားချနိုင်ခဲ့တာကိုလည်း ကျွန်မနားမလည်ခဲ့ပါဘူး။ မေမေ့အပေါ်ထားတဲ့ သံယောဇဉ်နဲ့ပတ်သက်လာရင် ကျွန်မ မရေမရာ တွေတွေဝေဝေဖြစ်နေခဲ့တယ်။ တစ်ခါတလေမှာ သူဟာ ကြီးကျယ်မြင့်မြတ်သူလို့ ခံစားမိတယ်။ တစ်ခါတလေမှာတော့ သူ့ကိုမုန်းလိုက်တာလို့ ခံစားမိတယ်။ ဒါပေမယ့် ဒီအသက်အရွယ်မှာ ကျွန်မနားလည်တဲ့အရာတစ်ခုရှိခဲ့တယ်။ အဲဒါကတော့ ကျွန်မရဲ့တစ်သက်စာ အချစ်၊ အမုန်းတွေပေါင်းစုလိုက်လည်း ကျွန်မအပေါ်ချစ်တဲ့ မေမေရဲ့အချစ်ကို မမီဘူးဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ဒါကြောင့် မေမေ့ကိုဘယ်လိုပဲစိတ်ဆိုးအောင် ကျွန်မလုပ်ခဲ့လုပ်ခဲ့ ကျွန်မပဲနစ်နာခဲ့ပါတယ်။ ဒါပေမယ့် ကလေးသဘာဝ ကျွန်မအရှုံးမပေးချင်ခဲ့ဘူး။ မေမေ့ကို ကျွန်မရဲ့အလိုမကျမှု၊ ခေါင်းမာမှု၊ ဆင်ခြင်ကင်းမဲ့မှုတွေနဲ့ရန်စရင်း သူ့ရဲ့တကယ့်နူးညံ့သိမ်မွေ့တဲ့စိတ်ကို စူးစမ်း စမ်းသပ်ခဲ့ပါတယ်။ တစ်ခါက အပြင်ကနေ ကျွန်မအိမ်ပြန်တော့ မိုးကဗြုန်းစားကြီးရွာချပါတယ်။ ကျွန်မမှာမိုးကာအင်္ကျီပါတယ်ဆိုပေမယ့် ကျွန်မရဲ့ဖိနပ်၊ ဘောင်းဘီတွေ မိုးရေစိုကုန်ပါတယ်။ အိမ်ထဲဝင်တာနဲ့ မိုးစိုဖိနပ်ကိုတစ်နေရာပစ်ထုတ်ပြီး မေမေကို ကျွန်မတစ်ချက်အော်ပြောလိုက်တယ်။ “မေမေ… ခဏနေရင် သမီးဖိနပ်ကိုခြောက်အောင်လုပ်ပေးပါ.. မိုးစိုစိုနဲ့ မနက်ဖြန်ဝတ်လို့မရဘဲနေမယ်”။ မေမေ့ကိုပြောပြီးတဲ့နောက် တစ်နေရာမှာထိုင်ပြီး ကျွန်မသတင်းစာဖတ်နေလိုက်ပါတယ်။ အဲဒီနေက ကျွန်မရဲ့စိတ်ဟာ အပြင်မှာစိုစွတ်နေတာထက်ပိုပြီး ယမ်းမှုန့်တွေစားထားတဲ့အတိုင်း ပေါက်ကွဲချင်နေခဲ့ပါတယ်။ မေမေ့ကိုလည်း အကြောင်းမရှိအကြောင်းရှာပြီး ရန်ရှာပါတော့တယ်။ မေမေလည်း ကျွန်မကိုစိတ်တိုပါတယ်.. ကျွန်မကို ခပ်ပြင်းပြင်းဆူပါတယ်။ အပြင်မှာ မိုးကရွာလေကြီးလေ.. အိမ်ထဲမှာ ကျွန်မတို့ကငြင်းလေ ပြင်းထန်လေနဲ့ နောက်ဆုံးမှာ မေမေ့ကို ကျွန်မစကားပြင်းပြင်းတစ်ခွန်းနဲ့ ပစ်ထည့်လိုက်ပါတယ်။ “မေမေကဘာမို့လဲ.. ကျောင်းစာအိမ်စာတွေနဲ့ ကျွန်မဒီလောက်အလုပ်များတာ မေမေကကျွန်မကို ဆူသေးတယ်.. မေမေနဲ့ကျွန်မဆက်ရန်မဖြစ်ချင်တော့ဘူး” အဲဒီလိုပြောပြီး ကျွန်မဘာမှဆက်မပြောတော့ဘဲ အိမ်စာပဲထိုင်လုပ်နေခဲ့ပါတယ်။ ကျွန်မအငေါက်ကို မေမေကြောင်သွားပုံရတယ်။ မျက်နှာနီကြီးနဲ့ ကျွန်မကို သူတစ်ခွန်းပြန်ပြောမလို့ပါပဲ.. ဒါပေမယ့် ကျွန်မဖက်က ဘာသံမှမထွက်တော့လို့ သူလည်း စိတ်တိုတိုနဲ့ ဆိုဖာပေါ် ဆောင့်အောင့်ထိုင်ချလိုက်ပါတယ်။ မေမေစိတ်ကြီးတာက ကျွန်မစိတ်ကြီးတာလောက်မမီပါဘူး၊ မေမေကို ကျွန်မဂရုမစိုက်သလိုနေမယ် မေမေကြိုက်သလောက် ဒေါသထွက်စမ်းပါလို့ ကျွန်မစိတ်ထဲမှာ တွေးနေမိတယ်။ မေမေ့ဆီကလည်း အသံမကြားခဲ့တော့ပါဘူး။ ၁ဝမိနစ်လောက်နေတော့ မေမေဘာလုပ်နေမလဲဆိုပြီး ကျွန်မဖြည်းဖြည်းချင်း ခေါင်းထောင်ကြည့်ပါတယ်။ သူ့ကို ကျွန်မခိုးကြည့်တယ်ဆိုတာကို သူသိသွားမှာလည်း စိုးမိပါတယ်။ တအောင့်ကြာတိုင်း မေမေ့ကို ကျွန်မခိုးကြည့်ချင်နေမိတယ်။ တကယ်တော့ မေမေက ကျွန်မနောက်ကျောမှာထိုင်နေတာပါ။ ကျွန်မခေါင်းနည်းနည်းစောင်းလိုက်တာနဲ့ သူ့ကိုတွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မပေါ်ပေါ်တင်တင် လှည့်မကြည့်ခဲ့ပါဘူး။ မေမေမလှုပ်ဘဲထိုင်နေတာတွေ့တော့ ကျွန်မစိုးရိမ်မိပြန်တယ်။ ကျွန်မကြောင့် သူငိုသွားမလား၊ နောက်ဆို ကျွန်မကိုမခေါ်ဘဲနေမလား။ ကျွန်မစိတ်ကျဉ်းကြပ်လွန်းနေပါတယ်။ ခေါင်းလေးလှည့်ပြီး ကျွန်မမှားပါတယ်လို့တစ်ခွန်းပြောလိုက်ရင် အားလုံးအိုကေသွားမယ်ဆိုတာကို ကျွန်မသိတယ်။ ဒါပေမယ့် ကျွန်မအရှုံးမပေးချင်ဘူး၊ ခေါင်းမာချင်နေသေးတယ်။ ဒါကြောင့် နေရာမှာတင် ကျွန်မ မလှုပ်မယှက်ထိုင်နေခဲ့မိတယ်။ တစ်နာရီလောက်ကြာတော့ ဆိုဖာကနေအသံထွက်လာတာကို ကျွန်မကြားလိုက်တယ်။ ဆိုဖာခုံကို မေမေပြင်ဆင်နေတယ်ထင်ပါရဲ့။ သူထရပ်ပြီး ကျွန်မအနားကိုလျှောက်လာရင် ကျွန်မခေါင်းမော့ပြီး “မေမေ.. ခုနားက ကျွန်မမှားသွားတယ်”လို့ ပြောလိုက်မယ်လို့ ကျွန်မတွေးနေမိတယ်။ တအောင့်နေတော့ သူတကယ်ပဲ ထရပ်ပြီး ကျွန်မအနားလျှောက်လာပါတယ်။ ကျွန်မ ညစ်စုတ်စုတ်လေးတွေးလိုက်မိပြန်တယ်။ ကျွန်မရဲ့လွယ်အိတ်ကို ကျွန်မအိပ်ခန်းထဲယူဝင်ပေးရင် သူ့ကို ကျွန်မတောင်းပန်မယ်ပေါ့။ သိပ်မကြာပါဘူး.. တကယ်ပဲ သူယူဝင်သွားပါတယ်။ ကျွန်မ ဖြည်းဖြည်းချင်းခေါင်းထောင်ကြည့်တော့ မေမေရဲ့စိတ်ဆိုးရိပ်မပြယ်သေးတဲ့ မျက်နှာကိုတွေ့ပြန်တယ်။ ကျွန်မဆီက ဘာသံမှမထွက်သေးဘူး။ သူ့ဆီကလည်း ဘာသံမှမကြားသေးဘူး။ အတွေးတွေကိုတစ်ခုပြီးတစ်ခု ကျွန်မဆက်ပုံဖော်ကြည့်ပါတယ်။ ကျွန်မကို သူရေနွေးတစ်ခွက်ထည့်ပေးတယ်လို့ ပုံဖော်ကြည့်တယ်။ ကျွန်မရဲ့ သွားတိုက်တံပေါ် သွားတိုက်ဆေးထည့်ပေးတယ်လို့ ပုံဖော်ကြည့်တယ်။ သူ တကယ်ပဲ အဲဒါတွေကိုလုပ်နေပါတယ်။ ဒါတောင် ကျွန်မက မျက်နှာကိုရှစ်ခေါက်ချိုးထားတုန်း၊ နှုတ်ဆိတ်နေတုန်းပါပဲ။ နောက်ဆုံးမှာ တကယ်လို့ ကျွန်မဖိနပ်ကို သူခြောက်အောင်လုပ်ပေးရင် ကျွန်မစကားပြောမယ်လို့ ပုံဖော်ကြည့်ပြန်တယ်။ သူတကယ်ပဲ ခါးကုန်းချ ဖိနပ်ကိုကောက်ယူပြီး ရေချိုးခန်းဆီထွက်သွားပါတယ်။ ရေချိုးခန်းကနေ ဖိနပ်ကို လေမှုတ်စက်နဲ့မှုတ်သံကို ကျွန်မကြားလိုက်မိတယ်။ ဒီလိုအချိန်မှာ ကျွန်မခေါင်းထောင်ပြီး သူလုပ်သမျှကို မမှိန်မသုန်ထိုင်ကြည့်နေခဲ့ပါပြီ။ ခါးကုန်းတာ၊ လက်ဆန့်ပြီး ဖိနပ်ကိုကောက်ကိုင်တာတွေ.. ကျွန်မစိတ်ထဲမှာ သူဒီလိုလုပ်တာကိုတားမယ့်စိတ် ပေါ်ပါသေးတယ်။ ဒါပေမယ့် သူလုပ်နေခဲ့ပါပြီ။ ကျွန်မနားထဲမှာ ရုတ်တရက် ဝုန်းဝုန်းအသံတွေ ဆူဆူညံညံကြားလိုက်မိတယ်၊ ရင်ထဲဆို့နင့်ပြီး ပါးရိုးတွေညောင်းကိုက်လာခဲ့တယ်။ မျက်ရည်တွေက ကျွန်မကိုင်ထားတဲ့ဘောပင်ကနေတဆင့် ရေးနေတဲ့စာလုံးတွေပေါ် စီးကျလာခဲ့ပါတယ်။ မျက်ရည်ကြောင့် အပြာရောင်စာလုံး အရောင်လွင့်သွားပါတယ်။ မျက်ရည်တွေကြားထဲကနေ သူလုပ်သမျှကို ကျွန်မကြည့်နေမိတယ်။ သူက ခါတိုင်းလုပ်နေကျလိုပဲ လုပ်နေပါတယ်။ ကျွန်မကိုယ်ကျွန်မ ရက်ရက်စက်စက်ဆဲလိုက်မိပါတယ်။ ကျွန်မကို သူနောက်ကျောပေးထားတာကြောင့် ကျွန်မငိုနေတာကို သူလုံးဝမမြင်ပါဘူး။ တအောင့်နေတော့ ရေချိုးခန်းထဲကနေ သူထွက်လာပြီး ကျွန်မကို စကားတစ်ခွန်းပြောပါတယ်။ “အချိန်မစောတော့ဘူး.. သွားလာတိုက်တော့” သူ့လေသံက ခါတိုင်းလိုပဲ နူးညံ့သိမ်မွေ့ချိုမြိန်နေပါတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းရှက်ခဲ့မိပါတယ်။ သူပြုမူပြောဆိုခဲ့တဲ့ ကိစ္စရပ်တစ်ခုတိုင်း၊ စကားလုံးတစ်ခုတိုင်း၊ လေသံတစ်ခုတိုင်းကို ကျွန်မပြန်ပြောင်း တွေးတောနေမိပါတယ်။ အဲဒီလေသံ၊ အဲဒီနူးညံ့သိမ်မွေ့မှုအတိုင်း သူနေ့စဉ်ထပ်တလဲလဲ ပြောဆိုပြုမူခဲ့ပါတယ်။ မကျေမနပ်ညည်းတွားမှုတွေ တစ်ခုမှမပါခဲ့ပါဘူး။ ဒီမြင်ကွင်းတွေကို ကျွန်မအလွတ်ရမတတ် ကျင့်သားရ ရင်းနှီးနေခဲ့ပေမယ့် ထပ်တလဲလဲဖြစ်အောင် ကျွန်မပြုမူနေခဲ့မိပါတယ်။ ကျေးဇူးစကားတစ်ခွန်းမှမပြောဘဲ ဒီမြင်ကွင်းတွေကိုပဲ ကျွန်မထပ်တလဲလဲဖြစ်စေခဲ့ပါတယ်။ ဒါတွေကို ပြန်တွေးမိတိုင်း ကျွန်မကိုယ်ကျွန်မ မုန်းမိပါတယ်။ တကယ်တော့ ကျွန်မဟာ မေမေနဲ့ဂိမ်းကစားရတာကို အကျင့်ဖြစ်နေခဲ့တာပါ။ ဂိမ်းတစ်ခုပြီးတစ်ခုကစားရင်း အဲဒီဂိမ်းမှာ ကျွန်မအမြဲနိုင်နေခဲ့ပါတယ်။ ကျွန်မစိတ်သေးသိမ်လို့၊ ခေါင်းမာလို့ ကျွန်မအမြဲနိုင်နေခဲ့တာမဟုတ်သလို မေမေစိတ်ကောင်းရှိလို့၊ စိတ်ပျော့လို့ သူအမြဲရှုံးနေတာလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်မက သူ့သမီးဖြစ်လို့ သူကကျွန်မရဲ့မေမေဖြစ်နေလို့ပါ။ မေမေက ကျွန်မရဲ့အမှားတစ်ခုစီတိုင်းကို ပြုံးပြုံးလေး ခွင့်လွှတ်ခြင်းတွေနဲ့ လက်ခံရင်ဆိုင်နေခဲ့ပါတယ်။ ဒါတောင် ကျွန်မက ကျွန်မနံဘေးမှာလက်နဲ့ဖမ်းဆုပ်လို့ရနိုင်တဲ့ ပျော်ရွှင်မှုတွေကို ဂရုမစိုက်၊ အလေးမထားဘဲနေခဲ့မိပါတယ်။ ကျွန်မစက်ဘီးစီးပြီး ကျောင်းသွားတဲ့အခါတိုင်း မေမေဟာ ဝရံတာမှာရပ်ပြီး ကျွန်မရဲ့နောက်ကျောပုံရိပ်ကို အဝေးကနေ ငေးကြည့်နေတတ်ခဲ့တယ်ဆိုတာကို ကျွန်မ မထင်မှတ်ဘဲသိခဲ့ရပါတယ်။ အဲဒီလိုသိပြီးတဲ့နောက် ကျွန်မဘာမှမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ တာဝန်ဆိုတဲ့အရာတစ်ခု ပထမဆုံးအကြိမ်ခိုအောင်းခဲ့ပါတယ်။ အဲဒီတာဝန်က ကျောင်းသွားချိန် စက်ဘီးပေါ်ကို ကျွန်မအမြန်ခုန်တက်တယ်.. ပြီးတော့ လမ်းချိုးကိုကွေ့ ပြီး ကျွန်မကိုမေမေမြင်နိုင်တဲ့ လမ်းနေရာရောက်ရင် စက်ဘီးကိုဖြည်းနိုင်သမျှ ဖြည်းဖြည်းချင်းစီးတာပါပဲ။ ဒီလိုလုပ်ရတာကလည်း “သမီးကျောင်းသွားပြီ မေမေရေ…”လို့ သူ့ကိုသိစေချင်တာလေးပါပဲ။ ကျွန်မဟာ ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်တဲ့ရှုံးနိမ့်သူဖြစ်ချင်ခဲ့ပါတယ်။ မေမေကို တစ်ကြိမ်တစ်ခါလောက် အောင်နိုင်သူဖြစ်စေချင်ခဲ့ပါတယ်။ မေမေနဲ့ကျွန်မကြားက ကစားပွဲမှာ မေမေဟာတစ်သက်လုံး ရှုံးနိမ့်သူအဖြစ် စီရင်ချက်ချခံရသူပါ။ သူ့အပေါ် ကျွန်မရဲ့ချစ်မြတ်နိုးမှုက ကျွန်မအပေါ် သူ့ချစ်မြတ်နိုးမှုကို ဘယ်တော့မှမမီခဲ့ပါဘူး။ မေမေဟာ ခါတိုင်းလိုပဲ နေ့တိုင်းစိတ်ပါလက်ပါနဲ့ ကျွန်မအတွက် စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်ပေးနေဆဲပါ။ နေ့တိုင်း ကျောင်းသွားဖို့ ထမင်းထုပ်ကို ထုပ်ပေးနေဆဲပါ။ နေ့တိုင်း ဝရံတာမှာအချိန်မှန်မှန်ရပ်ပြီး နေရောင်အောက်က ကျွန်မရဲ့တယိုင်တယိမ်းအရိပ်ကို ငေးကြည့်နေဆဲပါ။ နေ့တိုင်း ကျွန်မသတိမထားမိတတ်တဲ့ သာမန်အသေးအမွှားကိစ္စတွေကို ပြုလုပ်နေဆဲပါ။ နေ့တိုင်း အလုပ်များတဲ့ကြားက ပြဿနာရှာတတ်တဲ့သမီးကို သတိရနေဆဲပါ။ ကျွန်မနဲ့မေမေဟာ လူမသိတဲ့ကစားပွဲကို ဆက်လက်ကစားနေခဲ့ပါတယ်။ ရိုးစင်းတဲ့ဒီကစားပွဲရဲ့စည်းကမ်းကို လိုက်နာနေခဲ့ပါတယ်။ ကျွန်မလည်း တစ်နေ့နေ့တစ်ချိန်ချိန် နေရောင်ပက်ဖြန်းထားတဲ့လမ်းမပေါ်မှာ ဆံဖြူသွားကျိုးတဲ့ ဒီအမေအိုလက်ကိုဆွဲပြီး အသံကျယ်ကြီးနဲ့ သူ့ကိုစကားတွေပြောနေမှာပါ။ အဲဒီနောက် သူ့ကို ခပ်ပြင်းပြင်း တစ်ချက်နမ်းပစ်မှာပါ။ လမ်းသွားလမ်းလာတွေရဲ့အားကျတဲ့မျက်လုံးအောက်မှာ ပျော်ပျော်ကြီး ကျွန်မလက်ကျန်ဘဝကို ကျွန်မဖြတ်သန်းပစ်မှာပါ။ ကျွန်မတို့မိဘတွေ ဘာများတွေးတောနေကြသလဲဆိုတာကို ကျွန်မတို့ ဘယ်တော့မှ နားလည်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတာ၊ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်နေတာတွေဟာ ကျွန်မတို့အတွက်ဆိုတာကိုတော့ ကျွန်မတို့သေချာသိပါတယ်။ သူတို့ဘာတွေတွေးနေသလဲဆိုတာကို ကျွန်မတို့နားလည်သဘောပေါက်ချိန်မှာ ကျွန်မတို့လည်း သားသမီးရှိတဲ့ မိဘတွေဖြစ်နေခဲ့ပါပြီ။ ကျွန်မတို့နဲ့အနီးဆုံးမှာရှိတဲ့ပျော်ရွှင်ခြင်းက ကျွန်မတို့ရဲ့နံဘေးမှာရှိနေခဲ့ပါတယ်။ ဒီပျော်ရွှင်ခြင်းကို အချိန်တစ်စက္ကန့်လေးနဲ့ ကျွန်မတို့ဖတ်ရှုနားလည်နိုင်သလို တစ်သက်တာအချိန်ကို အသုံးပြုပြီးမှလည်း နားလည်နိုင်ပါလိမ့်မယ်။ မူရင်းရေးသားသူ-- Sun Xue Qing နိုင်းနိုင်းစနေ ဆီလျော်အောင် ဘာသာပြန်ခံစားသည်။ .

Password ခိုးဖို့ နဲ့ အသုံးချသင့်သလောက်ချလို့ ရတဲ့ BeyondKeylogger Full Path and key

Aye Chan Mon: တကယ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်...

Monday, May 05, 2014 Aye Chan Mon 0 သုတရသ<p>A+ A-<p>Print Email<p>ဟန်ဆောင်မှုတွေကင်းပြီးကိုယ့်ချစ်သူအတွက်အချိန်တိုင်းရိုးသားနေ<br>တတ်ကြမှာပါ...<p>စိတ်ဆိုးနေကြရင်လဲ …

Aye Chan Mon: ဆေးလိပ်ဖြတ်ပြီးနောက် ခန္ဓာကိုယ်တွင် ပိုကောင်းလာမည့် အချက်များ

Monday, May 05, 2014 Aye Chan Mon 0 ကျန်းမာရေးပညာပေး<p>A+ A-<p>Print Email<p>ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ မှာ<br>လက်နဲ့ ခြေထောက်တွေရဲ့ သွေးလည်ပတ်မှု …

Aye Chan Mon: လူချစ်ဆေး(သို့မဟုတ်)လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း(၁၀)ချက်

Monday, May 05, 2014 Aye Chan Mon 0 ဗဟုသုတ<p>A+ A-<p>Print Email<p>၁။ နာမည်တွေကို မှတ်မိအောင် ကျက်ထားပါ။ မိမိက သူတစ်ပါးကို အလေးအနက်မထားရင် သူတစ်ပါးကလည်း …

Aye Chan Mon: လူငယ်များတွင်ရှိသင့်သော ဂုဏ်ရည်များ

Monday, May 05, 2014 Aye Chan Mon 0 ဗဟုသုတ<p>A+ A-<p>Print Email<p>(၁) သေချာတိကျခြင်း ( Accuracy )<p>(၂) လိုက်လျောညီထွေကျင့်ခြင်း ( Adaptability )<p>(၃) …

Aye Chan Mon: ခြေထောက်လှလှလေးနဲ့ ဘဝခရီးကို လျှောက်လှမ်းကြမယ်

Tuesday, May 06, 2014 Aye Chan Mon 0 ကျန်းမာရေးပညာပေး<p>A+ A-<p>Print Email<p>သူသူထက်လွင်<p>သန့်စင်ပြီး လှပတဲ့ခြေထောက်လေးတွေ၊ ဝင်းဝါချောမွတ်တဲ့ခြေဖမိုးတွေ၊ …

Aye Chan Mon: ရေခဲ ရေ သို့မ ဟုတ် အဆိပ် သောက်နေ ကြသူ များ

Tuesday, May 06, 2014 Aye Chan Mon 0 ကျန်းမာရေးပညာပေး<p>A+ A-<p>Print Email<p>မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက်အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ …

ဘ၀အောင်မြင်မှု ========== ၁။ ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုဆိုတာကို ရရှိဖို့အတွက် ဘ၀မှာပေးဆပ်ရတဲ့ အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။ ၂။ ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။ ၃။ ဘ၀ရဲ့ ရွှေဥပဒေ သုံးရပ်ကတော့ …… (က) မိမိကိုယ်ကိုလေးစားပါ (ခ) သူတစ်ပါးကိုလေးစားပါ (ဂ) ကိုယ်လုပ်သမျှ အရာအားလုံးအတွက် တာဝန်ယူပါ။ ၄။ တခါတလေ လိုချင်တာ မရလိုက်တာဟာ ကံကောင်းခြင်းတစ်မျိုးပဲဆိုတာလည်း မမေ့ပါနဲ့ ။ ၅။ ဘ၀ရဲ့ စည်းမျဉ်းဥပဒေတွေကို ကြေညက်စွာ နားလည်ပါစေ။ ဒါမှစနစ်တကျ ချိုးဖောက် တထ်နေမှာ။ ၆။ ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေး တစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက် မသွားပါစေနဲ့ ။ ၇။ အမှားတခုကျူးလွန်လိုက်မိမှန်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်း ကြိုးစားပါ။ ၈။ကိုယ့်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိနေပါစေ။ ၉။ အပြောင်းအလဲကို ရင်ဖွင့်ပြီးကြိုလိုက်စမ်းပါ ။ ဒါပေမယ့် ကိုယ့်တန်ဖိုးတွေကိုတော့ ချမပစ်လိုက်နဲ့ ။ ၁၀။ ဘ၀ကိုကောင်းကောင်းမွန်မွန် သိက္ခာရှိရှိ ထူထောင်ပါ ။ အသက်ကြီးလာလို့ ကိုယ့်ဘ၀ကို နောက်ပြန် ငဲ့စောင်း ကြည့်တဲ့အခါ ဒုတိယမ္ပိ ကြည်နူးနိုင်မှာလေ။ ၁၁။ တစ်ခါတလေကျတော့လည်း ဆိတ်ဆိတ်နေလိုက်ခြင်းဟာ အကောင်းဆုံးအဖြေပဲဆိုတာ သတိရပါ။ ၁၂။ ချစ်သူတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ လတ်တလောဖြစ်နေတာကိုပဲ ဦးတည်မိပါစေ။ အတိတ်တွေကို မဖော်မိစေနဲ့ ။ ၁၃။ ကိုယ့်အသိပညာကို မျှဝေပေးပါ ။ ၁၄။ တစ်နှစ်မှာ တစ်ခါတော့ ကိုယ်မရောက်ဖူးသော အရပ်ဒေသ တစ်ခုကို ရောက်အောင် သွားပါ။ ၁၅။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့ အတွက် ကိုယ်ဘာတွေနဲ့ ပေးဆပ်ခဲ့ရလဲ ရင်းနှီးခဲ့ရလဲ ဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကို တိုင်းတာပါ။ ထာဝရအလင်းတန်းများ Aye Chan Mon# Credit To : ကြေးမုံသတင်းစာ မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

လူချစ်ဆေး(သို့မဟုတ်)လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း(၁၀)ချက် ၁။ နာမည်တွေကို မှတ်မိအောင် ကျက်ထားပါ။ မိမိက သူတစ်ပါးကို အလေးအနက်မထားရင် သူတစ်ပါးကလည်း အလေးအနက် ထားမှာ မဟုတ်ပါ။ ၂။ သိမ်မွေ့ ပျော့ပျောင်းတဲ့လူ ဖြစ်ပါစေ။ ဒါမှ ဆက်ဆံရေးမှာတင်းမာမှု မရှိဘဲ ပြေပြစ်မှာပါ။ ၃။ အေးအေးသက်သာနှင့်လိုက်လျောတတ်တဲ့ အရည်အချင်း မွေးပါ။ဒါဆိုကိုယ့်ကိုမဆန့်ကျင်ကြတဲ့အတွက်ရန်အေးပါတယ်။ ၄။ တစ်ကိုယ်ကောင်းစိတ်နှင့်အတ္တမဆန်ပါနှင့် ။အတ္တကြီးမှုကိုအတတ်နိုင်ဆုံး ရှောင်ကြည်ပါ။ စောင့်ထိန်းပါ။ ၅။ လူတိုင်းကို စိတ်ဝင်တစား တန်ဖိုးထားပါ။ ညီမျှတဲ့တုန်ပြန်ချက်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ရလာပါလိမ့်မယ်။ ၆။ မိမိရဲ့ ၀တ်စားနေထိုင်မှုမှာ နမော်နမဲ့ ပေါ့ဆမှုတွေကို သုံးသပ်လေ့လာပြီး ပြင်ဆင်ပါ။ ၇။ ဘာသာရေးအဆုံးအမတွေကို ရိုးသားစွာလိုက်နာခြင်းဖြင့် မိမိနားလည်မှုလွဲခဲ့တာ၊ လွဲနေတာတွေကို ပျောက်ကင်းအောင်ကုသပါ။ ဘယ်သူနှင်မဆို အတတ်နိုင်ဆုံး အနစ်နာခံပါ။ ၈။ လူတွေကို အမှန်တကယ် နှစ်သက်လိုလားတတ်အောင်လေ့ကျင့်ပါ။ ၉။ ကြိုးပမ်းအောင်မြင်မှုမှန်သမျှကို အနည်းဆုံး ဂုဏ်ပြုစကားတစ်ခွန်းတော့ ပြောလိုက်ပါ။ မုဒိတာပွားပါ။ ဒီအခွင့်အရေးကိုလက်လွှတ် မခံပါနှင့်။ ဒါနှင့်အမျှ ၀မ်းနည်းကြေကွဲစရာတွေ့ကြုံသူ၊ စိတ်မချမ်းမသာဖြစ်နေသူကို စာနာသနားမှုပြုပါ။ ကရုဏာပွားပါ။ ၁၀။ လူတွေကို စိတ်ဓာတ်တတ်အောင် အားပေးပါ။ ဒီလိုအားပေးမှုကြောင့် မိမိကို လှိုက်လှိုက်လှဲလှဲ ချစ်ခင်လာကြပါလိမ့်မယ်။ MWD K.K(ကနောင်)

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ်မညစ်နဲ့ ------------------------------------------------ ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင်တွေ ကိုရီးယား အလှကုန်တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေရော မိန်းကလေးပါ ကိုရီးယား စတိုင်လ်လေးတွေ ပြင်ဆင် လာကြပါတယ်။ ဒီလို ပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီလို့ တော်တော် များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ် အသားအရေကို ဂရုစိုက်ဖို့ မေ့နေကြတယ်။ လူတော်တော် များများက တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင် မညီမညာ ဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ်တို ဝတ်တဲ့ မိန်းကလေးတွေနဲ့ ဘောင်းဘီတို ဝတ်တဲ့ ယောကျာ်းလေးတွေ အတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။ မျက်နှာမှာ မိတ်ကပ် ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင် ဝတ်ထားပေမယ့် တံတောင်ဆစ်နဲ့ ဒူးခေါင်းက မည်းညစ် နေတော့ ကြည့်လို့ ကောင်းပါ့မလား။ တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်း အကြောင်းရင်း အကြောင်းရင်း ကတော့ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလို့ ဖြစ်ပါတယ်။ စားပွဲခုံမှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ရုတ်တရက် သတိမထားမိလိုက်တဲ့ အကြောင်း လေးတွေကြောင့်ပေါ့။ ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေ ပျောက်ကင်းပြီး လှပတဲ့ အသားအရေကို ရရှိစေဖို့ အခုပြောပြမယ့် ငွေအကုန်အကျ သက်သာပြီး တစ်နေ့ တစ်ကြိမ် ပုံမှန်သာ လုပ်ပေး သွားဖို့ လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ် ကြည့်ပါလား။ ကုသမှု(၁) သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကို ရောစပ်ပြီး မည်းညစ်နေတဲ့ တံတောင်နဲ့ ဒူးခေါင်းမှာ ငြင်ငြင် သာသာလေး ပွတ်ပေးပါ။ သံပရာရည်ဟာ သဘာဝ ချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကို ကြည်လင်စေပြီး အသားညိုနဲ့ ဆားကတော့ အစိုဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ ဆားကလည်း အံဩစရာ ကောင်းလောက်အောင် အသားအရေကို သန့်ရှင်းစေတဲ့ သဘာဝ ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ သကြားညိုက အရေပြား ဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပစေတဲ့ အပြင် ခန္ဓာကိုယ် သွေးလည်ပတ် ခြင်းကိုလည်း လှုံ့ဆော်ပေးပါတယ်။ သကြားရည်က မျက်လုံး တစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်း စေပါတယ်။ ဒီအဆင့်တွေ ပြီးသွားတဲ့နောက် အုန်းဆီ အနည်းငယ်ကို တံတောင်နဲ့ ဒူးခေါင်းမှာ ပွတ်လိမ်းပေးပါ။ အုန်းဆီက အရေပြားမှာ ကုန်ခမ်းသွားတဲ့ ဗီတာမင်တွေကို ပြန်လည် ဖြည့်တင်း ပေးပြီး အရေပြား ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန် လုပ်ပေး နိုင်ပါတယ်။ ကုသမှု(၂) အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာ ပျောက်ကင်းစေ နိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်း သက်သာပြီး နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ အာလူး အရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ ပွတ်လိမ်း ပေးခြင်းဖြင့် အမည်းကွက်တွေကို သက်သာ စေပါတယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အမည်းကွက် တွေကို သိသိသာသာ လျော့နည်း စေနိုင်ပါတယ်။ ကုသမှု(၃) အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံတောင်နဲ့ ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထား ပေးပါ။ ထို့နောက် ရေဖြင့် ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့ စေပါတယ်။

အရေးကြောင်းထင်ခြင်း ကင်းဝေးဖို့ အတွက် အလွယ်နည်းများ ---------------------------------------------------------------- အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။ ကြက်ဥအကာ၊ ဘဲဥအကာ ကြက်ဥအကာ၊ ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာ နှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင် သုတ်လိုက်ပါ။ အုန်းဆီ အုန်းဆီဟာ အင်တီအောက်ဆီးဒင့်အဆီ ဖြစ်တာကြောင့် မျက်နှာကို တင်းရင်း နုပျိုစေပါတယ်။ အုန်းဆီစစ်စစ်ကို ဗီတာမင်အီး အဆီအစက် အနည်းငယ်နဲ့ ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်းရောက်မှ ရေနဲ့ မျက်နှာသစ်ပေးပါ။ နာနတ်သီး ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကို ထည့်ထားပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက် အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ နာနတ်သီးစိတ် နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ် လိမ်းကာ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။ သံပရာရည်၊ ရှောက်ရည် သံပရာရည်၊ ရှောက်ရည်မှာပါတဲ့ အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည် အစက် အနည်းငယ်ကို အရေပြားပေါ် လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။ ရွှေဖရုံစေ့ ရွှေဖရုံစေ့မှာပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့ လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။ Ref: Good Health

ရှားစောင်းလက်ပပ်က အသားအရေကို ချောမွေ့ စေနိုင် မက္ကဆီကို နိုင်ငံသား တွေက အသားအရေ နီမြန်းမှုနဲ့ ကြမ်းတမ်းတဲ့ ပြဿနာ တွေကို ကုသဖို့ ရှားစောင်းကို သုံးခဲ့ ကြပါတယ်။ တက်ဆက် တက္ကသိုလ် လေ့လာမှု အရ ရှားစောင်း လက်ပပ်ဟာ အသားအရေ နီမြန်းမှုကို လျော့ကျစေတာ၊ အနာ ကျက်စေတာ၊ အရေပြား အစို ဓာတ်ကို မြှင့်တင်ပေးတာနဲ့ ဆပ်ပြာနဲ့ ဓာတုပစ္စည်း တွေဒဏ်ကို ခံနိုင်ရည် ရှိတာစတဲ့ အစွမ်းတွေ ရှိကြောင်း သိရပါတယ်။ အသားအရေ ခြောက်သွေ့ ယားယံမှုကိုလည်း လျော့ ပါးစေပြီး အဖုအပိမ့် တွေကို သက်သာ စေကာ အရေပြား ဆဲလ်သစ်တွေ ထွက်လာအောင် အားပေး ပါတယ်။ သင့်အရေပြားမှာ အပြစ်အနာ အဆာတွေ ရှိနေရင် ရှားစောင်း လက်ပပ် ပါတဲ့ ခရင်မ် ဒါမှမဟုတ် ဂျဲလ်ကို လိမ်းပေး သင့်ပါတယ်။ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တကယ်ချစ်ကြရင်... အကွာဝေးဆိုတာ သိပ်အဓိကမကျတော့ပါဘူး... အသက်ကြီးတာငယ်တာတွေဆိုတာကလဲ သိပ်ဂရုစိုက် နေစရာမလိုတော့ပါဘူး... သူများတွေအမြင်မှာဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်မျက်လုံး အထဲမှာတော့ ကိုယ်ရွေးချယ်ထားတဲ့ချစ်သူဟာအမြဲတမ်း ချစ်ဖို့ကောင်းနေတတ်တာပါ... မိသားစုလိုသဘောထားပြီးရင် မောင်နှမတွေလို တစ်ယောက်ကိုတစ်ယောက်ကူညီစောင့်ရှောက်နေတတ် တာပါ... သူ့နောက်ကွယ်မှာတောင်သူမကြိုက်ဘူးလို့ပြောတတ် တဲ့အရာတစ်ခုကိုတောင်မသိမသာလေးရှောင်နေတတ် ပါတယ်... သူ့အကြောင်းကိုတွေးမိတဲ့အခါတိုင်း အလိုလိုပြုံးတတ် လာပြီး ကိုယ့်ဘဝအထဲမှာသူရှိနေတယ်ဆိုတဲ့အသိလေး တွေနဲ့ပြည့်စုံနေတတ်တာမျိုးပါ... လူတစ်ယောက်ကိုတကယ်ချစ်မိရင် သစ္စာရှိမှု နားလည် ခွင့်လွှတ်တတ်မှု သူ့ကိုထာဝရပိုင်ဆိုင်ချင်မှုဆိုတာ သူ့အလိုလိုဒွန်တွဲနေပြီးသားပါပဲ... Phoe Phyu

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး (၁) အမူအကျင့် တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။ (၂) နေရောင်ခြည် နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ (၃) အိပ်ရေး မဝခြင်း အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။ (၄) အချိုနှင့် အငန်ဓာတ် အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။ (၅) လှုပ်ရှားမှု မရှိခြင်း လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုးရှိစေပါတယ်။ Ref: Good Health

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ အဆီနည်းအသား လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။ သင်္ဘောသီး သင်္ဘောသီးမှာ လိမ္မော်သီးမှာထက် ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူတစ်သောင်းသုံးထောင်ကို လေ့လာမှုအရ ဗီတာမင်စီပမာဏနည်းတဲ့ အမျိုးသမီးတွေဟာ သည်းခြေအိတ်ပြဿနာအဖြစ်များကြောင်း သိရပါတယ်။ ၁၀ အောင်စခန့် လေးတဲ့ အနေတော် သင်္ဘောသီး တစ်လုံးမှာ ဗီတာမင်စီ ၁၈၈ မီလီဂရမ်နဲ့ ၁၁၉ ကယ်လိုရီပါဝင်တဲ့အတွက် ဗီတာမင်စီ လုံလုံလောက်လောက်ရဖို့ သင်္ဘောသီးစားသင့်ပါတယ်။ ဂုန်လျှော်စေ့ မုန့်ဖုတ်သမားတွေဟာ အရသာနဲ့ အမျှင်ဓာတ်တိုးအောင် ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့မှာ Lignan လို့ခေါ်တဲ့ အီစထရိုဂျင်နဲ့ တူတဲ့ ဓာတ်များများ ပါဝင်တဲ့အတွက် ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ရင်သားကင်ဆာရှိသူ အမျိုးသမီးတွေမှာလည်း ဂုန်လျှော်စေ့ပါတဲ့ အစာစားရင် ရင်သားကင်ဆာ အကျိတ်ကြီးထွားနှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ Lignan ဓာတ်ရဖို့ နံနက်စာကွေကာမှာ ဂုံလျှော်စေ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်စားပေးနိုင်ပါတယ်။ တိုဟူး (Tofu) ပဲပိစပ်ပါတဲ့ အစားအစာတွေဟာ ကိုလက်စထရော ကျစေခြင်း၊ သွေးဆုံးချိန်ပူနွေးမှုများ လျော့ကျစေခြင်းနဲ့ အရိုးသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး တစ်နေ့မှာ Isoflavone ၉၀ မီလီဂရမ်စားပေးရင် အရိုးအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။ အစိမ်းရောင်ဟင်းရွက် ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။ Mg Mandalay