Dr.Yin Naing Win

6 Flips | 1 Magazine | 1 Following | 8 Followers | @chitmyarshin | Keep up with Dr.Yin Naing Win on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Dr.Yin Naing Win”

၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နအဖအတွင်းရေးမှူး (၂)မြန်မာ့တပ်မတော်စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးတင် ဦးနှင့်နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်ဦးဆောင်တဲ့ တပ်မတော် အရာရှိကြီးများတစ်စုဟာ ရုရှား လုပ်ြ-၁၇ စစ်ရဟတ်ယာဉ်နဲ့ သံ လွင်မြစ်ပေါ်ကနေ ဘားအံမြို့နား ကို ရောက်ရှိလာတဲ့အချိန် ပေါ့ဗျာ။ ရာသီဥတုကလည်း ဆိုးနေ တယ်လို့ ဆိုတယ်။ အခု ဘားအံ မြို့အတွင်း သံလွင်မြစ်ကူးတံ တားကြီးရဲ့တောင်ဘက်ခပ်လှမ်း လှမ်းက လှမ်းမြင်ရတဲ့သံလွင်မြစ် ပြင်ထဲက ကျွန်းကလေးတစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တယ်။ အချိန်ကတော့ နံနက် ၈နာရီအ ချိန်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ် မှာ ရဟတ်ယာဉ်မှူးအပါအ၀င် အားလုံး လူ ၃၀လောက် လိုက် ပါခဲ့ပြီး ၁၄ ဦးကနေ ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၄ဦးခန့် အသက် ရှင်ခဲ့ကြတယ်။ ရဟတ်ယာဉ်ပျက် ကျစဉ် သေဆုံးသူတွေကတော့ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး (ကြည်း) ဥွှ၊ ရ.တ တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်(ကြညှ်းီဗ)၊ ၀န်ကြီးချုပ် ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်နဲ့ စု စုပေါင်းတပ်မတော်ခေါင်း ဆောင် ၁၄ ဦးရှိတယ်လို့ ဆိုတယ်။ ထူးဆန်းတာက ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ရုပ်အလောင်းမှာ ခြေနှစ်ဖက်စလုံး ပေါင်ရင်းကနေ ပြတ်နေတာ တွေ့ရတယ်။ ဗိုလ်ချုပ်သီဟသူရစစ်မောင်ရဲ့ ရုပ် အလောင်းကတော့ သုံးရက် လောက်အကြာမှာသံလွင်မြစ် တစ်နေရာမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရှာတွေ့နိုင်ခဲ့တယ်။ ပျက်ကျမှုမှာ သေဆုံးသွား ရသူတွေကတော့ ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ၆၇နှစ် ကြည်း /၈၁၈၂(ဥွှ ၂၂)၊ ဗိုလ်ချုပ်သီဟ သူရစစ်မောင် ၅၀နှစ် ကြည်း /၁၁၇၁၆ ၊ှီဗ -၁၂)၊ဗိုလ်ချုပ်လွန်း မောင် ၆၅ နှစ် ကြည်း/၁၀၁၃၃၃ -ဥွှ ၃၀)၊ ဗိုလ် မှူးကြီးဝင်းလှိုင် ၅၈နှစ်၊ ကြည်း/ ၁၁၄၆၇ ဥွှ ၃၈၊ ဒုတိယဗိုလ်မှူး ကြီးလှပိုင် ၄၄ နှစ် ကြည်း ၁၄၇၇၀ှီဗ ၂၀ ၊ ဗိုလ်မှူးအောင်ဖုန်းနိုင် ၄၀နှစ် ကြည်း/၁၈၁၇၁ှီဗ ၂၅ ၊ဗိုလ်ခင်မောင်ကျော် ၂၆ နှစ် ကြည်း /၂၉၄၇၀ှီဗ ၃၉ ၊ ဗိုလ်မှူးကြီးတင်ဝင်း ၅၁ နှစ် လေ/ ၁၆၁၃၃ ဥွှ ၁၄ ၊ဗိုလ်မှူးစိုးနိုင် ၄၁ နှစ် လေ/၁၈၆၂ှီဗ ၂၃၊ ဗိုလ်ကြီးနေမင်းအောင် လေ/ ၁၈၄၀၀ တပ်ကြပ်ကျော်ဆွေ ၃၇ နှစ် လေ/၁၉၇၅၂၊ တပ်ကြပ် ထိန်လင်းအောင် ၂၉နှစ် လေ/၂၂၆၁၄ တို့ သေဆုံးခဲ့ကြ တယ်။ နောက်တစ်နေ့ အစိုးရ သတင်းစာထဲမှာ အတွင်း ရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးခင် ညွှန့်နဲ့ ဇနီးဒေါက်တာခင်ဝင်းရွှေတို့ရဲ့ ၀မ်းနည်းကြေကွဲကြောင်း ကြော် ငြာကို တွေ့ရတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ အ သက်ရှင်ကျန်ရစ်ခဲ့တာ ၁၃ဦးရှိ တယ်။ သေရွာပြန်တွေလို့ပြောရမှ ပဲ။ ကံကောင်းကြတာပေါ့ဗျာ။ အသက်ရှင်ခဲ့တဲ့သူတွေကတော့ ဗိုလ်ချုပ်သန်းမောင်၊ဗိုလ်မှူးကြီး လှဌေးဝင်း(ယခု ဗိုလ်ချုပ်ကြီးလှ ဌေးဝင်း မြန်မာ့တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး) လက်ရှိမြန်မာတပ်မတော် မှာ နံပတ်(၃)အဆင့်ရှိသူ)၊ ဒုတိယဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဒု-ဗိုလ်မှူးကြီး အုန်းလွင်၊ ဗိုလ်မှူး စိုးအောင်ကျော်၊ ဗိုလ်မှူးနေမျိုးဦး၊ ဗိုလ်ကြီးအောင် ဇော်ထွန်း၊ဗိုလ်ကြီး ရဲမြင့်ထွန်း၊ ဗိုလ် အုန်းမြင့်၊ တပ် ကြပ်ကြီးဝင်းမော်၊ တပ်ကြပ်မြတ် ကျော်၊တပ်ကြပ် မောင်မောင်၊ အရပ်ဘက်က ဦးနေစိုးနိုင်တို့ အသက်ရှင်ခဲ့ကြတယ်။ အစိုးရက ရာသီဥတုဆိုးဝါးမှု ကြောင့် ရဟတ်ယာဉ်ပျက်ကျရ ခြင်းဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ရုရှားနိုင်ငံကတော့ ရုရှားလုပ်ြ -၁၇ ရဟတ်ယာဉ်တွေဟာ ရုရှား ရာသီဥတုအလွန်ဆိုးဝါးတဲ့နေရာ တွေမှာ သုံးနိုင်အောင်တည် ဆောက်ထားတာမို့ ရဟတ်ယာဉ်ရဲ့ ချို့ယွင်း မှုကြောင့် မဖြစ်နိုင်ဘူးလို့ ပြန်ကြေညာခဲ့တယ်။ ဒီရဟတ် ယာဉ် မပျက်ကျခင်ကတည်းက ဗိုလ်ချုပ်ကြီးတင်ဦးဟာ နှစ်ကြိမ် တိုင်တိုင် အလုပ်ကြံခံရပြီး အသက် ဘေးမှသီသီ ကလေးလွတ်မြောက် လာခဲ့သူဖြစ်တယ်ဗျ။ သူ့ရဲ့နေအိမ် မှာစာတိုက် ကပို့လိုက်တဲ့လက် ဆောင်ဗုံးကို သူ့ကိုယ်စား သူ့ သမီးက ဖွင့်ကြည့်လိုက်လို့ သမီး သေဆုံးခဲ့ရပြီး သူအသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခါ ကမ္ဘာအေးလိုဏ်ဂူ တော်ကြီးမှာ ဗိုလ်ချုပ်ကြီးတင်ဦး လာမယ် သိ ထားလို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံး က သူမရောက်ခင်ကွဲ သွားလို့ တစ်ခါအသက်ဘေးက လွတ်ခဲ့ပြန် တယ်။ ဒါတွေက အရှေ့မှာ ဖြစ်ခဲ့ တယ်။ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ်သီဟသူရ စစ်မောင်အကြောင်းကတော့ အ နာဂတ်မြန်မာ့တပ်မတော်ရဲ့ကာ ကွယ်ရေးဦးစီးချုပ်ဆက်ခံနိုင်သူလို့ အသတ်မှတ်ခံထားရသူဖြစ်တယ်။ ဗိုလ်ချုပ်သူရစစ်မောင်ဟာ မြန်မာ့တပ်မတော်မှာ သူရဲကောင်း ဆုတွေ ဖြစ်တဲ့ သီဟသူရတစ်ကြိမ် သူရ တစ်ကြိမ်ရခဲ့ဖူးပြီး ဇွတ်တော့ လုပ်တတ်သူဖြစ်တယ်။ ၁၉၉၆ ဇူလိုင် လ ၂၄ ရက်က ဗိုလ်ချုပ် စစ်မောင်ကိုယ်တိုင် လိုက်ပါလာခဲ့ တဲ့ မြန်မာ့လေကြောင်းဖော်ကာ င်္ -၂၇ လေယာဉ် ဌ့ ဗနွှ ဟာ ခရီးသည် ၄၄ ဦးနဲ့ ထားဝယ်-မြိတ်ခရီးစဉ် ပျံသန်းလာစဉ် မြိတ် လေယာဉ်ကွင်း ဆင်းဖို့ မိုးတအား ရွာနေလို့ လေယာဉ်မှူးက မဆင်း ဘဲ ရန်ကုန်ပြန်လှည့်ဖို့ ဆုံးဖြတ် တယ်။ ဗိုလ်ချုပ်စစ်မောင်က သူ့ အလုပ်ကိစ္စအရေး တကြီးဖြစ်တာ မို့ အမိန့်နဲ့အတင်း ဆင်းခိုင်းတယ်။ ဒါနဲ့ လေယာဉ်လည်း မြိတ်အဆင်း လေယာဉ်ကွင်းမှာ လမ်းချော်သွား ပြီး ပျက်စီးသွားတယ်။ ခရီးသည် ၈ ဦးသေဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်စစ် မောင်ကိုယ်တိုင်နဲ့ ခရီးသည် ၁၀ဦး ဒဏ်ရာရခဲ့ကြရဖူးတယ်။ ဗိုလ်မှူးကြီးမောင်အေးနဲ့ ဗိုလ် ချုပ်ကြီးတင်ဦးတို့ကတော့ ဗိုလ် ချုပ်စစ်မောင်ရဲ့သတ္တိကို သဘော ကျတယ်။ လက်ခံတယ်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ် စစ်မောင်ကို သိပ်သဘောမကျဘူး လို့ သိရတယ်။ ဒါနဲ့ ဗိုလ်ချုပ်စစ် မောင် သေဆုံးသွားပြီးနောက် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ဇနီးနဲ့နီးစပ်ဖြစ်သူလို့ ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေကို တာဝန်ပေး ခဲ့တယ်။ နောက်တော့ သံလွင်မြစ်ပေါ်က ရဟတ်ယာဉ် ပျက်ကျမှုမှာ အနာဂတ်မြန်မာတပ်မတော် အတွက် အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီ ဟသူရ သူရစစ်မောင်တို့ သေဆုံး သွားပြီးတဲ့နောက်ပိုင်း တပ်မတော် ရဲ့ရာထူးအခင်းအကျင်းနှင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေစိတ်ကြိုက် ဗိုလ် ချုပ်ကြီးသူရရွှေမန်း ကြည်း/ ၁၁၅၃၄ှီဗ ၁၁ ကို ၂၀၀၁ နိုဝင် ဘာလ ၁၅ ရက် နေ့မှာ ကြည်း/ ရေ/လေ ညှိနှိုင်း ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး( ညှိကွပ်) နမခတိုင်း မှူးဗိုလ်ချုပ်စိုးဝင်း ကြည်း/ ၁၁၇၁၅ှီဗ -၁၂ကို လေကြောင်း ရန်ကာကွယ်ရေးအ ရာရှိချုပ်၊ တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်(ကြည်း/၁၁၂၅၂)ှီဗ ၉ ကို စစ်ရေးချုပ်၊ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင် မြင့်ဦး(ကြည်း -၁၁၇၀၁)ှီဗ ၁၂ ကို စစ်ထောက်ချုပ်၊တပခတိုင်း မှူးဗိုလ်ချုပ်တင်အေး(ကြည်း/၁၁၂၃၆)ှီဗ ၉ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်(ယခု ရွေးကောက်ပွဲကျင်းပရေးကော်မ ရှင်ဥက္ကဌ)စသည့်တို့ကို တာဝန် တွေ အသီးသီးပေးအပ်ခဲ့ကြတယ် ဗျာ။ နောက်ပိုင်းကျတော့ စစ်ရေး ချုပ်ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာတယ်။ ၂၀၁၀ကျ တော့ သမ္မတကြီးဦးသိန်းစိန်ဖြစ် လာ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းက လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ပြီးရင် တကယ်သြဇာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့တယ်။ ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့် ဦးက၂၀၁၀မှာ ဒုတိယသမ္မတဖြစ် လာပြီး ၂၀၁၂ မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ဒုတိယသမ္မတ အဖြစ်နှုတ်ထွက်သွားတယ်။ စစ် ထောက်ချုပ် ဗိုလ်ချုပ်တင်အေးက တော့ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌဦးတင်အေး ဖြစ်လာတယ်။ သံလွင်မြစ်ထဲ ရဟတ်ယာဉ် ပျက်ကျစဉ်က အသက်မသေဘဲ အသက်ဘေးက လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဒီ နေ့ မြန်မာတပ်မတော်မှာ တစ်ချိန် က ဗိုလ်မှူးကြီးသူရရွှေမန်း ပထမ ဆုံးရခဲ့ဖူးတဲ့ရာထူး ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲ ရေးမှူး(ညှိ/ကွပ်)ရာထူးရပြီး တပ် မတော်အဆင့်(၃)တောင်ဖြစ်လာခဲ့ တယ်ဗျာ။ ၁၉၈၈ကနေ့ အာဏာသိမ်း ပြီး တစ်စနဲ့တစ်စ အာဏာရှင် ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကတော့ ၂၀၁၀မှာ အငြိမ်းစား ယူပြီး နေပြည်တော်က သူရဲ့ခြံ ကြီးထဲမှာပဲ အေးအေးချမ်းချမ်းနဲ့ စာတွေ ဖတ်နေပါပြီ။ အားလုံးက ပြီးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ကန့်ဘလူဇာတိ မြို့ကိုပြန်ပြီး ဘုန်းကြီးတောင် ၀တ် လိုက်သေးတယ်။ နောက်တော့ လေဖြတ်သွားတယ်။ စင်ကာပူ သွားကုလိုက်၊ တရုတ်ပြည်သွားကု လိုက်နဲ့ဆေးကုနေရတာနဲ့ပဲ အလုပ်ကို ရှုပ်နေပါပြီ။ ဘာမှကို မလုပ်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်လည်း တပည့် တပန်းတွေ လာကန်တော့တာ လက်ခံလိုက်၊ ထောင်ထဲကမလွတ် သေးတဲ့သူ့ တပည့်တွေရဲ့မိသားစု တွေ မျက်ရည်လေးတစမ်းစမ်းနဲ့ လာကန်တော့တာကိုခံပြီး စိတ် မကောင်းရုံကလွဲပြီးသူလည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ထောင်ထဲမှာရှိနေဆဲသူ့တပည့် စစ်ထောက်လှမ်းရေးတွေ အမြန် ဆုံး လွတ်မြောက်လာဖို့ပဲ ဆု တောင်းနေ ရတဲ့အခြေအနေ ရောက်နေပါပြီ။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ဇနီးဒေါ်မာလာ မွေးနေ့ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းတင်လှိုင် (ပြည် ထဲရေးဝန်ကြီးဟောင်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်တို့ကို ဆီဒိုးနားဟိုတယ်မှာ တွေ့လိုက် သေးတယ်။ နေကောင်းရဲ့လားမေး တော့ “လူကြီးကောင်း ကောင်း တာပေါ့ဗျာ”တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မျိုးညွှန့်က ဖြေသွားတယ်။ ““ပီတိကိုစား အားရှိပါ၏””ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုး ညွန့်ခေတ်တစ်ခေတ်ကို သွား သတိရမိသေးတယ်။ အားလုံးကတော့ ပြီးသွားပါ ပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ယောက်ကိုတော့ ကျုပ်အကြံ ပေးချင်တယ်။ စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား လို့ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဆူ ပင် စီမံကိန်းဆိုတာ အဘ တစ် ချိန်က အကြီးအကျယ်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ဖူးတယ်လေ။ အဲဒီ တုန်းက အဘက မအားလပ်တော့ ကောင်းကောင်းအကောင်အထည် ဖော်ခဲ့ရလို့ ကြက်ဆူပင်စိုက်ပျိုး ရေးစီမံကိန်းမအောင်မြင်ခဲ့ရဘူး။ ဒါကြောင့် အခုလို အဘတစ် ယောက် အားလပ်နေပြီဆိုတဲ့အ ချိန်ကြတော့ အဘယုံကြည် သက် ၀င်ခဲ့ဖူးတဲ့ကြက်ဆူပင်စိုက်ပျိုးရေး ကို စိတ်အေးလက်အေးနဲ့ အာ ရုံစိုက်ပြီး စိုက်ပျိုးလို့ရပြီမို့ အဘ စိတ်ဝင်စားခဲ့တဲ့ကြက်ဆူပင်တွေ စိုက်ရင်း စာဖတ်ရင်းနဲ့ခပ်အေး အေးပဲနေလို့ရပါပြီလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။ “အနောက်ဘက်စစ်မျက်နှာ တွင် အားလုံးငြိမ်သက်လျက်ရှိနေ တော့သည်”ဆိုတဲ့ကမ္ဘာကျော် ပထမ ကမ္ဘာ စစ်နောက်ခံဂန္ထ၀င် စစ်ကားကြီးကိုသာ သွားသတိရမိ ပါတယ်ဗျာ။ စစ်သူရဲဗလမင်းထင်

လျှပ်စစ်ဓာတ်အားခတိုးမြှင့်လိုက် ခြင်းကိစ္စသည် မြန်မာပြည်တစ် ၀န်းတွင် ပြဿနာကြီးငယ်များ ဆက်တိုက် ဖြစ်ပေါ်နိုင်သဖြင့် သမ္မတကြီးမှ မူလဓာတ်အားခနှုန်း ထား အတိုင်း ပြန်လည်သတ်မှတ် ပေးစေလိုပါသည်။ သမ္မတကြီးခင်ဗျာ မြန်မာပြည်သည် သမ္မတ ကြီးစတင်ဆောင်ရွက်ခဲ့တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံ ကိန်းရပ်ဆိုင်း လိုက်ခြင်းနှင့် သမ္မတကြီးဒေါ်အောင်ဆန်း စုကြည်အား လှိုက်လှဲစွာတွေ့ ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်းစသည့်ခြေလှမ်း များမှစတင်ကာ ပွင့်လင်းတဲ့ လွတ်လပ်တဲ့ကမ္ဘာဘက်ဆီသို့ စတင်ရွေ့လျား ဦးတည်နေပြီလို့ ကမ္ဘာက သုံးသပ်ထားနေကြပါ တယ်။ ကျွန်တော်တို့လည်း ဒီ အတိုင်းပဲထင်ထားပြီး ပြည်တော် ပြန်လာခဲ့ပါတယ်။ သမ္မတကြီးရဲ့ လုပ်ရပ်တွေကိုလည်း ဒီကျွန်တော် တို့အတော်များများ ကြိုဆို ထောက်ခံခဲ့ပါတယ်။ သမ္မတကြီး နဲ့မိ သားစုတို့ရဲ့ရိုးသားမှု၊ အဂတိ ကင်းရှင်းမှု၊ နာယကဂုဏ်ခြောက် ပါးနှင့် ညီညွှတ်မှုတွေအတွက် သမ္မတကြီးကလည်း ကျွန်တော်ရဲ့ လေးစားသူများထဲတွင် ပါဝင်ပါ တယ်။ အခုတော့ ကျွန်တော် ပွင့်ပွင့် လင်းလင်းထောက်ပြဝေဖန်ရတော့ မယ့်အချိန်ကျရောက်နေပါပြီ။ (၁)သမ္မတကြီးရဲ့ကြီးမားတဲ့ ဂုဏ်ဒြပ်ဦးဆောင်မှုနဲ့ သမ္မတကြီး ရဲ့ကမ္ဘာက ထောက်ခံအားပေးမှု မြန်မာလူထုရဲ့သမ္မတကြီးအပေါ် ထောက်ခံနေမှုကို အကာအကွယ် ယူပြီး သမ္မတကြီးရဲ့ကောင်း သတင်း မင်္ဂလာထီး ရိပ်ကို ခိုလှုံပြီး သမ္မတကြီးနားမှာကပ် နေတဲ့လူ တချို့၊ ခရိုနီတချို့၊ လုပ်ငန်းရှင် တချို့နှင့် အစိုးရအဖွဲ့ဝင် တချို့ ရဲ့အကြောင်းတွေ ထုတ်ဖော် ဝေ ဖန် မှရတော့မယ်အချိန်ကျရောက် ပါပြီ။ သမ္မတကြီးရဲ့အစိုးရအဖွဲ့ထဲ မှာကို အားလုံးဟာ ခြောက်ပြစ် ကင်းသဲလဲစင်တဲ့ဝန်ကြီးတွေ မဟုတ် ကြပါဘူး။ နဂိုစနစ်ဟောင်း ခေတ် ဟောင်းအာဏာရှင်စနစ် ဟောင်းထဲက မွေးဖွားသန့်စင်လာ ခဲ့တဲ့အတွက် အဲဒီအာဏာရှင် စနစ်ဟောင်းနဲ့အာဏာရှင်တွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်တွေ သူတို့ မှာ ပါဝင်နေတာကို တွေ့နေရပါတယ်။ သမ္မတကြီးရဲ့ အစိုးရအဖွဲ့ထဲက ၀န်ကြီး အချို့သည်ပင်လျှင် လူထုရှေ့မှာ လူထု အတွက် အနစ်နာခံတတ်၊ ရဲရဲတောက်၊ လူထုဝန်ကြီးများသဖွယ် ပုံစံဖမ်းနေကြ သူများလည်း ရှိနေကြပါပြီ။ (၂)ကျွန်တော်တို့ သူရိယ အလင်း ဆက်လက်ထုတ်ဝေခွင့်မရှိတော့လို့ သူရိယ နေ၀န်း ဂျာနယ်ကိုစတင်ထုတ် ဝေတော့မယ့် အကြောင်းကြေငြာကိုတောင် ကြေးမုံ သတင်းစာက ဖော်ပြပေးခဲ့ခြင်းမရှိပါ။ ရန်ကုန်မြို့၊ ကြေးမုံသတင်းစာတိုက်ကို မေးမြန်းကြည့်ရာ မန်နေဂျာဦးဇော်ဝင်းမှ နေပြည်တော်သို့တင်ပြ ခွင့်တောင်းထားရ ကြောင်း အကြောင်းပြန်ပါတယ်။ ကျွန်တော် တို့အား နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြော်ငြာခသွင်းထားငွေ ၁၄၄၀၀၀အား ပြန် လာထုတ်ရန် အကြောင်းကြား၍ သွား ရောက်ထုတ်ယူခဲ့ရပါတယ်။ တရားဝင်ထုတ် ဝေခွင့်ရထားတဲ့သူရိယနေ၀န်းဂျာနယ် ဆက် လက်ထုတ်ဝေမည့်အကြောင်း ကြော်ငြာ လေးကိုပင် နိုင်ငံပိုင်ပြန်ကြားရေးဝန်ကြီး ဌာနလက်အောက်ရှိကြေးမုံ သတင်းစာက ဖော်ပြပေးရန်ငြင်း ဆန်လိုက်ခြင်း သည် သာမန်ကိစ္စကလေးတစ်ခုဟု ယူဆ၍ မရ နိုင်ပါ။ ဤမျှလောက်နှင့် ကြော်ငြာလေး ကိုပင် ဖော်ပြပေးရန် ငြင်းဆန်သောပြန် ကြားရေးဝန်ကြီးဌာနသည် သမ္မတကြီးရဲ့ လက်အောက်မှ ၀န်ကြီးဌာနတစ်ခု ဟုတ် ပါရဲ့လား။ ပြန်ကြားရေးဝန်ကြီးဌာန အပေါ် တွင် သမ္မတကြီးအပြင် နောက်ထပ်မည် သည့်အကြီး အကဲရှိနေပါသေးသနည်းဟု မေးစရာ ဖြစ်လာပါတယ်။ နာရေးကူညီမှုအ သင်းမှ ရုပ်ရှင်မင်းသားဦးကျော်သူ၏ သမီး မင်္ဂလာဆောင်ကိုလည်း ကြော်ငြာထည့်ရာ တွင် ကြေးမုံ၊ မြန်မာ့အလင်းမှ ငြင်းပယ် လိုက်ကြောင်း တစ်ဆင့်ကြားသိခဲ့ရပါ တယ်။ ဒါတွေဟာ ၂၀၁၅မှာ ရွေးကောက်ပွဲ တောင်ဖြစ်ပါ့မလား။ ရွေးကောက်ပွဲဖြစ် ရင်ကော မည်သူသမ္မ တဖြစ်သင့်သနည်းနဲ့ သမ္မတကြီးရဲ့လူ ထုထောက်ခံအားပေးမှု ပုံရိပ်ကိုများ စွာထိခိုက်နေပါတယ်။ သမ္မတ ကြီး ကိုယ်တိုင်ရဲ့အမိန့်နဲ့ဆန္ဒကို ပြန်ကြား ရေးဝန်ကြီးဌာနကြေးမုံ၊မြန်မာအလင်း တို့က နာခံမှုမရှိတော့တာလားဟု စဉ်းစားစရာများ ဖြစ်လာစေခဲ့ပါတယ်။ကျွန်တော်တို့သူရိယ နေ၀န်းဂျာနယ်ကို တစ်ဖက်သတ်နှိပ်ကွက် ခြင်း၊ ခွဲခြားဆက်ဆံခြင်း ပြုလုပ်နေတယ်လို့ ယူဆလို့ရပါတယ်။ သမ္မတကြီးရဲ့ကက်ဘိနက်တွေ ထဲမှာ ၀န်ကြီးတွေနဲ့ဝန်ကြီးဌာနတစ် ခုချင်းဆီက ကိုယ့်သဘောနဲ့ကိုယ်ကိုယ့်မူဝါဒနဲ့ကိုယ် သွားနေကြပါသလားဆိုတာ စဉ်းစားစရာ ဖြစ်စေပါ တယ်။ သမ္မတကြီးရဲ့ကက်ဘိနက်ထဲက ပြန်ကြားရေးဝန်ကြီးဌာနနဲ့မဆိုင်တဲ့ အရပ်သားဝန်ကြီးတစ်ပါးကလည်း သူရိယ နေ၀န်းဂျာနယ်သည် ဒီလိုသာ ဆက်လက် ရေးသားနေရင် ထုတ်ဝေခွင့်ရပ်ဆိုင်းသွား နိုင်ချေရှိကြောင်း တစ်နေရာက ကြားလိုက် ရပါတယ်။ စစ်ဘက်ကလာတဲ့ဗိုလ်ချုပ်ကြီး တွေ ကတောင် ဒီမိုကရေစီနဲ့လူ့အခွင့် အရေးတွေ ငြိမ်းချမ်းရေးတွေ ပြုပြင်ပြောင်းလဲရေး တွေကို ယုံယုံကြည်ကြည်နဲ့ကူးပြောင်းပြီး လူထုနဲ့လက်တွဲ နေတဲ့အချိန်မှာ အရပ်သား ဘ၀ကနေ၀န်ကြီးဖြစ်လာတဲ့ဝန်ကြီး တစ်ပါး က အခုလိုသူရိယနေ၀န်းကို ပြောလာတာ မျိုးကြားရတော့ အံ့သြမိပါတယ်။ အဲဒါ ကြောင့်အရပ်သားတွေထဲကလည်း အာဏာ ရလာရင် တပ်မတော်က ဗိုလ်ချုပ်ကြီး တွေ မလုပ်တဲ့မာကြောမှု၊တင်းမာမှု၊ ရာဇမာန် တင်းမှုတွေ ရှိလာဦးမယ်။ နောက်ဆုံးတစ်ခုက ကျွန်တော် တို့ ရဲ့သူရိယနေ၀န်းဂျာနယ်ကို ပထမဆုံး ပုံနှိပ်ပေးနေတဲ့ပုံနှိပ်စက်ကအကြောင်း တစ်ခုပြကာ ရိုက်ခွင့်ငြင်းသွားတယ်။ ဒုတိယ စက်က ကျွန်တော်တို့မိတ်ဆွေလို့ခင်တဲ့ စက်ကို ပြောင်းရိုက်ပါတယ်။ အဲဒီပုံနှိပ်စက် ကအလုံမြို့နယ်၊ အောက်ကြည်မြင့်တိုင် လမ်းမကြီးပေါ်က အလုံရဲစခန်းရှေ့က စီးပွား ရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပိုင်ဝင်းကြီးထဲမှတည်ထားတဲ့ စက်ဖြစ်ပါ တယ်။ ဂျာနယ် (၂)ကြိမ်ထွက်ရှိပြီးနောက်ပိုင်း ကျွန်တော်နဲ့ အင်မတန်ခင်တဲ့ ပုံနှိပ်စက်ပိုင် ရှင်က ကျွန်တော်တို့ဂျာနယ်အား ဆက်လက် ရိုက်နှိပ်ရန်ရုတ် တရက်ငြင်းဆိုသွားပါတယ်။ကျွန်တော်တို့မှာ ဘယ်မှာရိုက်နှိပ်ရမှန်း မသိ တော့အောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီ ကျွန်တော် မိတ်ဆွေပုံ နှိပ်စက်ပိုင် ရှင်ရဲ့ငြင်းဆိုမှုနောက် က ဖိအားတွေများစွာပါဝင်လာနေတယ်လို့ ယူဆပါတယ်။ ကျွန်တော်အား ၎င်းင်းမိတ်ဆွေ မှ ဆက်လက်ရိုက်ပေးချင်ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရိုက်ပေးနိုင် တော့ကြောင်း အကြောင်းပြန်လာပါတယ်။ ပို၍ဆိုး လာတာက ကျွန်တော်၏ဆောင်းပါး များ စုပေါင်းရိုက်နှိပ်ထားသော ဆောင်းပါး ပေါင်းချုပ်၊ လုံးချင်းစာအုပ်များအား ရိုက် လက်စအဖုံးပန်းချီမရသည့်ကိစ္စကြောင့် အဖုံး မအုပ်ရသေးဘဲ ရှိနေတဲ့ ၎င်းင်းတစ်ဝက်တပျက် လုံးချင်းစာအုပ်များကို ကျွန်တော့်ထံ လာ ရောက်ပို့ပေးလိုကြောင်း ပုံနှိပ်စက်ထဲတွင် ထားစရာအခက်အခဲ ဖြစ်နေတာကြောင့် အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့နဲ့ ပတ်သက်တာအားလုံးဟာ သမ္မတကြီးသွား နေတဲ့ ပွင့်လင်းမြင်သာတဲ့ခေတ်ထဲမှာ မဟုတ် ဘဲ ကျွန်တော်တို့သည် ၂၀၁၀ မတိုင်ခင်က ခေတ်စနစ်လိုပဲ နေ့ စဉ်ကြုံတွေ့ဖြတ်သန်းနေ ရပါတယ်။ သမ္မတကြီးခင်ဗျာ ပြီးခဲ့တဲ့နိုဝင် ဘာလ ၁ရက်နေ့ ၂၀၁၃တွင် ကျွန်တော်တို့ သူရိယ နေ၀န်းဂျာနယ်အား စာနယ်ဇင်း မိတ်ဆက်ပွဲ သတင်းစာရှင်းလင်းပွဲကျင်းပရန် ကျွန်တော် နေရာခန်းမလိုက်ငှားပါတယ်။ အခြားသော ဂျာနယ်တစ်ခုအား နေ့လည် ၃ နာရီမှ ၅နာရီအထိ ၎င်းင်းဟိုတယ်မှ ငှား ရမ်းထားပါသည်။ ၅နာရီမှ ၇ နာရီ ကျွန်တော်တို့အား ငှားရမ်းပါ တယ်။ သို့သော် သူရိယနေ၀န်းဂျာ နယ်မှဟု ဆိုလိုက်သည်နှင့် ၎င်းင်း ဟိုတယ်မှ မငှားရမ်းရဲတော့ဘဲ တောင်း တောင်းပန်ပန်ဖြင့် ပြန် ဖျက်သိမ်းခဲ့ပါတယ်။ နောက်တော့ ပုဇွန်တောင် ရေကျော်လမ်းမထဲရှိ့ ဗြ ခန်းမကို သွားငှားပါ တယ်။ ပထမခွင့်ပြုပါတယ်။ နောက်တော့ သူရိယနေ၀န်း ဆို ၍ မငှားရဲတော့ကြောင်းပြော ပြန်ပါတယ်။ ထောက်ခံပါကြောင်း ဖတ် ရှုပါကြောင်း၊ ကြောက်သဖြင့် မငှားရမ်းရဲ၍ ဖြစ်ရပါကြောင်း တောင်းတောင်းပန်ပန်ဖျက်သိမ်းခဲ့ပါ တယ်။ တစ်ဖက်က တောင်းပန်သူ များက ကျွန်တော်တို့ အဖေအရွယ် များဖြစ်၍ ကျွန်တော်တို့နောက်ဆုံး သုဝဏ္ဏအားကစားရုံနံဘေးရှိ ၁၀၁ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရပါတယ်။ သတင်းစာရှင်း လင်းပွဲကျင်းပနေ စဉ် ကျွန်တော်တို့အား ဆိုင်ကယ် ၄စီးဖြင့် အရပ်ဝတ်များ ၀တ်ဆင် ထားသော ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေး စအဖ၊ြှ ဆိုသူ ၆ဦးခန့် တစ်ချိန်လုံးစောင့် ကြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီလို လုံခြုံရေးသတင်းယူရန် လာရောက် ခြင်းကို ၎င်းင်းတို့အလုပ် လုပ်နေခြင်း ဖြစ်၍ ဘာမှကန့် ကွက်ရန်မရှိပါ။ ကျွန်တော်အဖွဲ့ ထဲမှ ကိုဇော်ကြီးအား အခန်း တစ် ခုထဲသို့ခေါ်သွား၍ အတင်း အကျပ်မေးမြန်းသည့်သဘော များ ပြုလုပ်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ဆန္ဒဦးတည် ရာဟာ ပွင့်လင်းမြင်သဲာ့ဒီမိုကရေစီ နိုင်ငံ၊အကြောက်တရားမရှိတော့တဲ့ မြန်မာနိုင်ငံတော်သစ်ဆီကို သွား နေတာဖြစ်ပြီး ယခု ကျွန်တော်တို့ လက်တွေ့မြင်တွေ့နေရတာက ၂၀၁၀ မတိုင်ခင်ကအတိုင်း အချို့ကျန်ရှိ နေသေးတာတွေ ဖြစ်ပါတယ်။ အဲဒီလို အရပ်ဝတ် ထောက်လှမ်းရေးတွေကို လွှတ်ပြီး သတင်းယူမည့်အစား ရဲတပ်ဖွဲ့ ယူနီဖောင်းနဲ့တရားဝင်မေးမြန်း ခြင်း၊လုံခြုံရေးယူခြင်းမျိုးက ပိုမို အဆင် ပြေချောမွေ့နိုင်ပါတယ်။ နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်း ရေးကိုမရမကတည်ဆောက်မယ် ဆိုတဲ့ ဆုံးဖြတ်ထားတဲ့ငြိမ်းချမ်းရေး သမ္မတတစ်ဦး၊ ဒေါ်အောင်ဆန်း စုကြည်ကို နှစ်ပေါင်း ၂၅နှစ်ကျော် ရန်ဘက်အသွင်ကနေ မိတ်ဖက်အ သွင်ကို စတင်ပြောင်းလဲစေခဲ့သည့် သမ္မတစ်ဦး၊ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌရာထူးကို ရယူနိုင်ခဲ့သူ တစ်ဦး၊ အမှောင်လှိုင်းထဲက တံခါး ပိတ်နေတဲ့မြန်မာပြည်ကို ကမ္ဘာ ကြီးနဲ့ ပြန်လည်ဆက်စပ်ပေါင်း ကူးပေးခဲ့တဲ့ သမ္မတတစ်ဦး၊ မြစ်ဆုံ လို တရုတ်အကျိုးသာရှိ၍ ပြည် ထောင်စု အကျိုးမဲ့တဲ့လုပ်ရပ်ကို ရပ်ဆိုင်းစေခဲ့သူတစ်ဦး၊ ဦးဆောင် နေတဲ့ သမ္မတကြီးရဲ့အစိုးရ အဖွဲ့ ထဲမှသည်ပင်လျှင် ခေတ်ဟောင်း စနစ်ဟောင်း ရဲ့လက်ကျန်ဝန်ကြီး တွေ၊ အာဏာရှင်စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်ကိန်း အောင်း နေတဲ့ဝန်ကြီးတွေ၊ ကုဋေကြယ် သန်းကြယ်သူဌေးဝန်ကြီးတွေ တ ချို့ တလေရှိနေတဲ့အခြေအနေ ဟာ သမ္မတကြီးရဲ့ပုံရိပ်ကို များစွာ ထိခိုက်သွားစေပါတယ်။ ဒါကြောင့် သမ္မတကြီးရဲ့အစိုးရအဖွဲ့ကို အတိ အကျစုံစမ်းစစ်ဆေးပြီး အစိုးရ အဖွဲ့အတွင်း သန့်ရှင်းရေး၊စိစစ်ပြီး အပြောင်းအလဲခရီးစဉ်မှာ လိုက်ပါ သင့်သူအရည်အသွေးပြည့်ဝသူ၊ လူထု အကျိုးစီးပွားဖက်မှ ရပ် တည်နေသူများကိုပါဝင်စေလျက် ပြန်လည် စီစစ်ပေးပါရန် တောင်း ဆိုအပ်ပါတယ်။ လေးစားစွာဖြင့် မြန်ပြေငြိမ်းချမ်း

သို့/အမေစုရေ မင်္ဂလာပါဗျာ။ အမေစု ကျန်းမာပါစေဗျာ။ ကျုပ်လို့ပြောပြီး ရေးရတာ ကျုပ်ကအညာသားဗျ။ ဒါကြောင့်ကျုပ်တို့အညာမှာက အ ဖေကိုလည်း အဘ၊အမေကိုလည်း အစ်မ၊ ကျွန်တော်တို့လည်း ကျုပ် လို့ခေါ်ရမှ အားရပါးရရှိလို့ပါ။ မ လေးမစားမဟုတ်ဘူးဆိုတာ ကျုပ် ရှင်းပြပါရစေ အမေစုရေ...။ ဒီလိုပါဗျ။ ကျုပ်တို့မြန် မာပြည်မှာက အခုဆိုအားလုံးအ တုတွေချည်းပဲ။ စားတဲ့ဆီလည်းအ တု တရုတ်ပြည်ကသွင်းနေတယ်။ တရုတ်ပြည်ကြီးသားတွေသုံးစွဲပြီး စွန့်ပစ်ရတော့မယ့် စက်သုံးဆီအ ဆင့်ရောက်တဲ့ ဆီပျက်တွေကို ဓာ တုဗေဒဆေးတွေနဲ့အရောင်ချွတ်ပြီး တကယ့်ဆီအရောင်ပေါက်လာအောင် လုပ် အနံ့တွေ ဓာတုနည်းတွေ ထည့်ပြီး ကျုပ်တို့မြန်မာပြည်ထဲကို လောစစ်ဟန်လမ်းမကြီးကနေတဆင့် ၀င်ရောက်လာတာ။ကျုပ်တို့မြန်မာ တွေက အိပ်ယာနိုးလာတာနဲ့မုန့် ဟင်းခါးထဲမှာ ပဲကြော် ဘူးသီး ကြော်လေးထည့်ပြီးစားပြီးမှ လုပ်စ ရာရှိတာဆက်လုပ်ကြတာဆိုတော့ အဲဒီတရုတ်ဆီအတုတွေနဲ့ကြော် ထားတဲ့ ပဲကြော် ဘူးသီးကြော်တွေ စားကြရ။ ရောဂါတွေရ၊ ဆေးရုံ တွေရောက်၊ စောစောစီးစီးသေကြ ရဖြစ်နေတာ။ နောက်တော့ ဆေးဝါး အတုတွေ နေထိုင်မကောင်းရင်မြန် မာပြည်မှာက အင်္ဂလန်မှာ၊ အမေ ရိကားမှာ၊ စင်ကာပူမှာလိုမဟုတ် ဘူး။ လမ်းထိပ်က ကွမ်းယာဆိုင်၊ စတိုးဆိုင်လောက်မှာပဲ ခေါင်းကိုက် လို့၊ ကိုယ်ပူလို့၊ ဖျားလို့ စသဖြင့် ပြောပြီး ကွမ်းယာဆိုင်ကလူ၊ စတိုး ဆိုင်ကလူကိုပြောပြီး ဆေးဝယ်ကြ တာ။ တချို့ဆေးဆိုင် ဏ့မောခေပ တွေမှာဆို ဆေးရောင်းတဲ့ကလေး မလေးတွေက အင်္ဂလိပ်စာတောင် ကောင်းကောင်းမတတ်ဘူး။ ၀ဲတဲ တဲလေသံလေးတွေနဲ့ဆေးရောင်း ပေးလိုက်တာပဲ။ ဒါကြောင့် ဆေး မှားသောက်ပြီး ဒုက္ခတွေရောက်ကြ ရ။ ဆေးအတုတွေသောက်ပြီးရော ဂါတခြားဆေးတခြားနဲ့ မသေသင့် ပဲသေကြရတာပဲဗျ။ နိုင်ငံတကာ မှာလို မြန်မာပြည်မှာလဲ ဆေးဝါးနဲ့ ပတ်သက်တဲ့ဥပဒေကြမ်းတွေလွှတ် တော်မှာ တင်သွင်းဆွေးနွေးအ တည်ပြုပြဋ္ဌာန်းသင့်ပါပြီ။ လမ်း ဘေးကွမ်းယာဆိုင်တွေ၊ ဆေး ရောင်းချခွင့်လိုင်စင်မရှိတဲ့ဆေးဆိုင် တွေ စတိုးဆိုင်တွေမှာ ဆေးရောင်း ချခွင့်မပြုသင့်တော့ပါဘူး။ လိုင်စင် ရှိတဲ့ဆေးဆိုင်တွေမှာပဲ ဆေးကို အာမခံငွေရပြေစာနဲ့အတူ ရောင်း ချသင့်တဲ့အကြောင်းလွှတ်တော်မှာ အမေစုတင်ပြပေးပါဗျာ။ နောက်တော့အရက်အ တု။ အမေစု အရက်သောက်တာ မကြိုက်ဘူးဆိုတာ ကျုပ်သိထား တယ်။ မိုးကုတ်သွားတဲ့ခရီးမှာ “ကို မော်”အရက်တွေသောက်ထားတာ အမေစုသိလို့ စိတ်တွေအရမ်းဆိုး ပြီးဆူနေခဲ့တာ ကျုပ်မှတ်မိနေသေး တယ်။ ကိုမော်တစ်ယောက် ဂျပန် မှာ အရက်တွေဆက်သောက်မ သောက်တော့ မသေချာဘူး။အမေ စုရေ...မြန်မာတစ်ပြည်လုံးက အမေစုရဲ့ လူငယ်၊ လူကြီး၊လူလတ် တွေအားလုံးမှာ ၇၀%ကတော့ အ ရက်သမားတွေချည်းဖြစ်ကုန်ကြပါ ပြီ။ အခုပြည်တွင်းဖြစ် နာ မည်ကြီးနေတဲ့ (...ျွသပေူတို့ ...ဃျူျေတို့)စတဲ့ ပြည်တွင်းဖြစ် ၀ီစကီအရက်တွေကို မအိုဆေးလို့ ပြောနေကြတယ်။မအိုဆေးဆိုတာ သောက်နေတဲ့သူတွေမအိုမင်းသွား ခင်ပဲ သေဆုံးသွားရမှာသေချာလို့ ပျိုနုပျိုမြစ်မြစ်ဘ၀နဲ့တင် အဲဒီအ ရက်တွေက သေမင်းဆီကိုခေါ်သွား မှာသေချာလို့ ““မအိုဆေး””လို့ခေါ် နေကြတာ။ အဲဒီပြည်တွင်းဖြစ်ဝီစ ကီတွေ အရက်အတုတွေသောက် ရင်း ဆယ်နှစ်ဝန်းကျင် ၈နှစ်ဝန်း ကျင်ဆို သေရင်သေ၊ မသေရင်လူ စဉ်မမီနိုင်တဲ့ဘ၀ရောက်ကြရတာပဲ။ အဲဒီအရက်တွေကိုချက်တဲ့စက်ရုံမှာ ဘာစံချိန်စံညွှန်းသတ်မှတ်ချက်မှ မရှိဘူး။ မူးရင်ပြီးရောဆိုပြီး ချက် ရောင်းနေကြတာ။ အခုလူတစ် ယောက်က အရက်ကုမ္ပဏီတစ်ခု ထောင်ပြီး အရက်ရောင်းချင်ရင် အရက်အမည်နဲ့တံဆိပ်တစ်ခုမှတ် ပုံတင်ပြီး တံဆိပ်လုပ်လိုက်ရင်ရပြီ အဲဒီကုမ္ပဏီကရောင်းချင်တဲ့တံဆိပ် နဲ့ရောင်း၊ အရက်ပုလင်းထဲက ကုန် ကြမ်း၊ အရက်ကို သန်လျင်ဘက်မှာ ချက်တဲ့ စက်ရုံကြီးငယ်တွေက ပုံး ကြီးတွေနဲ့အိမ်တိုင်ယာရောက်ပို့ ပေးတယ်။ အဲဒီအရက်ကုန်ကြမ်း တွေရတော့မှမိမိကြိုက်နှစ်သက်တဲ့ တံဆိပ်ကပ်ထားတဲ့ပုလင်းလွတ်တွေ ထဲထည့် အဖုံးတွေဘာတွေစက်နဲ့ ပိတ်ပြီးရောင်းနေကြတာပဲတဲ့။ နိုင်ငံခြားကလာတဲ့ အ ရက်တွေကလည်း ၉၀%က အတု တွေချည်းပဲ။ တလောကပဲ လှိုင် သာယာစက်ရုံမှာ နိုင်ငံခြားအရက် ပုလင်းအခွံလွတ်တွေ ဗူးဆို့တွေ အ ရက်အတုတွေ သိန်းရာနဲ့ချီပြီးတန် ဖိုးရှိတာတွေ သက်ဆိုင်ရာကဖမ်းမိ သွားပြီ။ ဒါမျိုးတွေ ဒီလိုစက်ရုံတွေ မြန်မာတစ်ပြည်လုံးမှာဘယ်လောက် ရှိမလဲမပြောနိုင်ဘူး။ လူငယ်တွေ အရက်သောက်တော့ လမ်းမှား လိုက်နေကြပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်တွေသောက် စောစောစီးစီး ပဲ သေမင်းနိုင်ငံကို စံမြန်းနေကြရ ပါပြီ။ သူတို့လူငယ်တွေမှာ လမ်း ပျောက်နေကြပြီ။ အတုအကြောင်းနဲ့မြန် မာပြည်ဇာတ်လမ်းပြောရရင်တော့ မြန်မာတစ်ပြည်လုံးမှာ အားလုံးအ တုတွေချည်းပဲ အမေစုရေ...။ အရက်၊ ဆေးဝါး၊ စားဆီ၊ မော် တော်ကား၊ လက်ကိုင်တယ်လီဖုန်း ကစပြီး နိုင်ငံရေးရာမှာ ဦးဆောင် ဦးရွက်ပြုနေတဲ့သူတွေအထိ အတု တွေရှိနေတယ်။ စစ်သားအတု၊ စစ် ဗိုလ်အတု(စစ်ဗိုလ်ယောင်ဆောင် ပြီး လိမ်ညာခြိမ်းခြောက်တဲ့သူတွေ မကြာခဏမိနေတယ်)၊ ရဲအတု တွေပါပဲ။ ကျုပ်တို့မြန်မာပြည်မှာ အတုတွေထဲမှာ အတုတကာအတု အများဆုံးကတော့ ရွှေအတုပဲဗျ။ မြန်မာလူမျိုးတွေက ရွှေကိုသိပ် မြတ်နိုးနှစ်သက်ကြတာ။ မြန်မာနဲ့ အိန္ဒိယက ရွှေကို အငတ်ခံပြီးစု ဆောင်းတတ်တဲ့ဓလေ့ရှိတယ်။ အ တုတကာအတုထဲမှာ ရွှေအတုက အဆိုးဆုံပဲလို့ထင်တယ်။ မြန်မာ ဆင်းရဲသားတွေက ငွေစကလေး များရလာရင် ရှိတာကလေးနဲ့ရွှေစ ကလေးပြေးဝယ်ပြီးစုဆောင်းတတ် ၀တ်တတ်ကြတယ်။ ပွဲနေပွဲထိုင်ဆို ရင် ရွှေလက်စွပ်ကလေး၊ ရွှေဆွဲ ကြိုးကလေး၊ ရွှေနားကပ်ကလေး၊ ရွှေလော့ကက်သီးကလေးများဝတ် ရဆင်ရရင် ပျော်ကြရွှင်ကြမော်ရ တာ။ အဲဒီလိုရွှေကိုသိပ်ချစ်တတ် တဲ့မြန်မာပြည်ကြီးကိုလည်း အဲဒီ ရွှေတွေကပဲ ဒုက္ခလှလှကြီးပေးနေ ခဲ့တာပဲလေ။ ဒါကြောင့်ရွှေအတုတွေနဲ့ ခရီးဆက်နေရတဲ့ အမေစု တစ်ယောက် ရှေ့ဆက်ရမယ့် နိုင်ငံ ရေးခရီးကြမ်းမှာ အတုအားလုံးနဲ့ ရွှေအတုတွေကိုတော်လှန်ရေးသတိ ထားပြီး မှန်ကန်တဲ့နိုင်ငံရေးရဲဘော် ရဲဘက် မိတ်ဆွေကို ရွေးချယ်သွား နိုင်ပါစေလို့ လေးစားစွာ တင်ပြ လိုက်ပါတယ်ဗျာ။ အဘများသို့ ကျုပ်တို့မြန်မာပြည်က လည်း တစ်နေ့ပြီးတစ်နေ့ တစ်ရွှေ ပြီးတစ်ရွှေပဲအုပ်ချုပ်နေခဲ့တာပဲလေ။တနေပြီး တနေ၊ တရွှေပြီးတရွှေ၊ မြန်မာပြည်သူတွေကို ဆင်းရဲအတိ ဒုက္ခရောက်အောင်လုပ်ခဲ့တာပဲလေ။ ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၅၈ က တစ်ကြိမ်၊ ၁၉၆၂ကတစ်ကြိမ် အာဏာသိမ်းတယ်။ ၁၉၆၂ က တော့ ပြန်ကိုမဆင်းပေးတော့ဘူး။ ၁၉၅၈က အစမ်းသိမ်းကြည့်တာ။ အလုပ်ဖြစ်မှန်းသိတော့ ၁၉၆၂မှာ အကြောင်းရှာပြီး ရာသက်ပန်အာ ဏာသိမ်းလိုက်တော့တာပဲ။ အာ ဏာသိမ်းကတည်းက အတူပါဝင် လာခဲ့ လက်တွဲခဲ့ကြတဲ့ ဗိုလ်ချုပ် အောင်ကြီး၊ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်တင်ဖေအစရှိသူတို့ကို နောက်တော့ ဖယ်ရှားခဲ့တယ်။ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးချစ် နိုင်တို့အုပ်စုကိုလည်း ၁၉၆၀ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မှူး ကြီးများညီလာခံကျင်းပပြီး ထွက် ခိုင်းခဲ့တယ်။ နောက်တော့ ဗိုလ်ချုပ် ကြီးသူရတင်ဦး၊ ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်-မုဒုံ)တို့ကိုဖယ်ရှားတယ်။ နောက်တော့ သူဒုက္ခရောက်တော့ မယ့်အလှည့်ရောက်တော့မှ ဗိုလ် ချုပ်ကြီးစောမောင်နဲ့ဗိုလ်ချုပ်ခင်ညွန့် တိုပကို သူ့အိမ်ခေါ်ပြီး အာဏာ သိမ်းခိုင်းတော့တာပဲ။ နောက်ဆုံး သူ့ဇာတ်သူမနိုင်ဘဲ နောက်ကွယ် ကကြိုးကိုင်တဲ့ အာဏာရှင်ဘ၀က နေ သူ့တပည့်တွေကပဲ သူ့ကိုအ ကျယ်ချုပ်ပြန်ထားခဲ့ရတဲ့ န၀တရဲ့ အကျဉ်းသားဘ၀ကျရောက်ပြီး ကွယ်လွန်ဇာတ်သိမ်းသွားခဲ့ရတာပဲ။ နောက်တော့ ရွှေတက် လာတယ်။ ဗိုလ်ချုပ်မှူးကြီးစော မောင်ကို ကျန်းမာရေးအရဆိုပြီး အနားပေးလိုက်တယ်။နောက်တစ် ဆင့် န၀တအာဏာသိမ်းစဉ်က တည်းကပါလာခဲ့တဲ့ န၀တထူ ထောင်သူတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်း ကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်(လယ်/ဆည်ဝန်ကြီး ဟောင်း)တို့အုပ်စုကိုဖယ်ရှားတယ်။ နောက်တစ်ဆင့် န၀တအာဏာ သိမ်းတဲ့ စက်တင်ဘာ ၁၈ရက်၊ ၁၉၈၈က အဓိကလူထုကိုချေမှုန်း ခဲ့တဲ့ တပ်မ ၁၁နဲ့တပ်မ ၂၂တပ်မှူး တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဝင်းမြင့်နဲ့ ဗိုလ်ချုပ်ကြီးတင်လှတို့ကိုဖယ်ရှားခဲ့ တယ်။ ဒီကြားထဲမှာ သူ့ရဲ့အစိုးရ အပေါ်နိုင်ငံတကာမှာလိုက်ပြီးရပ် တည်ပြောကြားပေးနေရတဲ့ ဦးဝင်း အောင်တို့ကို ထောင်ထဲထည့်လိုက် တယ်။ နိုင်ငံခြားရေးဝန်ကြီးဦးအုန်း ကျော် နိုင်ငံခြားထွက်ပြေးသွားရ တယ်။ ဗိုလ်ချုပ်ကြီးစိန်အောင်၊ ဗိုလ်ချုပ်ကြီးမျိုးညွန့်(ရန်ကုန်တိုင်း မှူး)တို့ကို ဖယ်ရှားခဲ့တယ်။ အတွင်း ရေးမှူး-၂ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီဟသူရစစ်မောင်တို့က တော့ ကံဆိုးပြီး ဖားအံမြို့ပေါ်က သံလွင်မြစ်ထဲကိုြ-၁၇ ရဟတ် ယာဉ်ပျက်ကျပြီး ဇာတ်သိမ်းခဲ့ ရတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ဗိုလ် ချုပ်သီဟသူရစစ်မောင်ဆိုတာက မြန်မာ့တပ်မတော်မှာ စစ်ဆင်ရေး တွေမှာ အများကြီးအတွေ့အကြုံ ရှိခဲ့ပြီ။ တပ်မတော်မှာ အစအစရှိ တဲ့ခေါင်းဆောင်တွေအားလုံး တ သီကြီး ရဟတ်ယာဉ်ပျက်ကြရာမှာ ပါသွားကြတယ်။ နောက်ဆုံးကျတော့ ဗိုလ် ချုပ်ကြီးစိုးဝင်းကိုပွဲထုတ်လာတယ်။ ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ပါဝါနဲ့ န၀တ ထူထောင်တဲ့နေရာမှာ နံပါတ် ၁၊ ၂၊ ၃လို့ပြောလို့ရတဲ့ ထောက်လှမ်း ရေးဗိုလ်ချုပ်ကြီးခင်ညွန့်ကိုဖယ်ရှား ပစ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေကို ဖယ်ရှားလိုက်ခဲ့ပြီးတဲ့အချိန်ကစပြီး သူ့ရဲ့သြဇာအာဏာဟာ မြန်မာ ပြည်တစ်ဝန်း ပြိုင်ဆိုင်သူဝေဖန်သူ လုံးဝမရှိနိုင်တော့တဲ့ အကြင်းမဲ့အာ ဏာဘုန်းမီးနေလတောက်သွားခဲ့ တယ်။ နောက်ဆုံး ၂၀၁၀ရောက် တော့ ဗိုလ်ချုပ်ကြီးရွှေမန်း(သူရဦး ရွှေမန်း)နဲ့ဗိုလ်ချုပ်ကြီးသိန်းစိန်(ဦး သိန်းစိန်)တို့ကို အာဏာလွှဲသွားခဲ့ တယ်။ သူနဲ့အတူကောင်းအတူဆိုး ဖက် အတူပါလာခဲ့တဲ့ သမ္မတဦး စန်းယုနဲ့ပုံစံတူ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူနဲ့အတူ ရာဇ ပလ’င်ပေါ်က ဆွဲပြီးဆင်းသွားခဲ့ကြ တယ်။ အခုဆို ဗိုလ်ချုပ်ကြီးမောင် အေးလည်း လေတွေဘာတွေဖြတ် ပြီး သူ့ကျန်းမာရေးတောင်အနိုင် နိုင်ဖြစ်နေပါပြီ။ ဘာမှကိုမလုပ်နိုင် တော့ပါဘူး။ ဆေးပဲကုနေရတဲ့ဘ၀ ရောက်နေပါပြီ။ ကျန် န၀တ၊ နအ ဖ ဗိုလ်ချုပ်ကြီးတွေလည်း မွေးနေ့ ပွဲတက်လိုက်၊ မင်္ဂလာဆောင်တက် လိုက်၊ လက်ထပ်လက်စွပ်စွပ်ပေး လိုက်၊ ပန်းကုန်းစွပ်ပေးလိုက်စတဲ့ အလုပ်ပဲလုပ်နေကြရပါပြီ။အာဏာ ရဲ့အဝေးဆုံးမှာပဲ နေထိုင်ကြရ တော့တယ်။ နောက်ဆုံး ၁၉၈၈က တက်လှမ်းခဲ့တဲ့ န၀တ၊ နအဖအစိုး ရခေါင်းဆောင်တွေရဲ့ဘ၀တွေ သ မင်လည်ပြန်ကြည့်လိုက်တော့ ဗိုလ် ချုပ်မှူးကြီးဟောင်းဦးသန်းရွှေတစ် ယောက်ပဲ ကျန်တော့တာတွေ့ရပါ တယ်။ ဒါကြောင့် အဘရဲ့ နောက်ဆုံးနေ၀င်ချိန်ဆည်းဆာကို မြင်တွေ့နေရတဲ့အချိန်လေးမှာတိုင်း ပြည်နဲ့လူမျိုးအပေါ် စေတနာတတ် နိုင်သရွေ့ထားပြီး ကောင်းမှုကု သိုလ်တွေနဲ့သာ သံသရာဆက် လက်ခရီးဆက်ပါလို့ပဲ မေတ္တာရပ် ခံချင်ပါတယ်။ ကျုပ်တို့ကျောင်းသား တွေ၊ နိုင်ငံရေးသမားတွေကလည်း ဘယ်လိုလက်စားချေရေးတွေလုပ် ကြမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြုသူအသစ် ဖြစ်သူအ ဟောင်းဆိုတဲ့ မြန်မာ့ဓလေ့ဗုဒ္ဓဘာ သာယဉ်ကျေးမှုမှာရှိတယ်မဟုတ် လား။ ကျုပ်တို့ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ ထောင်တွေ တန်းတွေထဲမှာ ဘယ်လောက်ပဲ ခံရခံရ မြန်မာပြည်သူတွေနဲ့မြန်မာ ပြည်ကြီး ဒီမိုကရေစီနိုင်ငံစစ်စစ် ဘ၀ကို အမြန်ဆုံးမြင်တွေ့ရရင် တော်ပါပြီ။ အဘလုပ်ခဲ့သမျှ အဘ မြေးလုပ်ခဲ့သမျှတွေအားလုံးပြည်ဖုံး ကားချလို့ရပါတယ်။ ထပ်ထပ်ပြီး စော်ကေားမော်ကားမှုအသစ်တွေ သာမလုပ်ပါနဲ့တော့ အဘကိုရွေ။ အဘရဲ့သားသမီးမြေးမြစ် အထူး သဖြင့်မြေးကိုရွှေ။ အဘနဲ့အဘရဲ့ ဇနီးတို့ဆုံးမပြုပြင်စေချင်တယ်။ ကျုပ်တို့ကျောင်းသားတွေ၊ ၈၈တွေ အတိုက်အခံနိုင်ငံရေးသမားတွေ အများစုဟာ ဗုဒ္ဓဘာသာမြန်မာလူ မျိုးတွေပါ။ သံသရာနဲ့ဝဋ်ကြေးကို ကြောက်ကြပါတယ်။ လက်စားချေ ရေးကိုဘယ်တော့မှမလုပ်ပါဘူး။ သင်ပုန်းချေရေးကိုသာ ကျုပ်တို့ဦး တည်နေတာပါ။ ကျုပ်တို့က စစ်ခုံရုံးတွေ ကချမှတ်လိုက်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကို မြန်မာပြည်တ ၀န်းက အကျဉ်းထောင်တကာ လှည့်ပြီး နှစ်ပေါင်းကြာရှည်နေထိုင် ခဲ့ရပေမယ့် ကျုပ်တို့ဆန္ဒကတော့ ပြုခဲ့တဲ့အာဏာရှင်တွေကို စစ်ခုံရုံး တွေ၊ လူထုခုံရုံးတွေ၊ ပြည်သူ့ခုံရုံး တွေတက်စေဆိုတဲ့ လက်စားချေ ရေးတွေမလုပ်ချင်ပါဘူး။ အဘတို့ရဲ့နောက်ဆုံး နေ၀င်ချိန်ဆည်းဆာကိုသာ တရား ဓမ္မနဲ့ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်း သွားစေချင်ပါတယ်။ နောက်ဆုံးအ ချိန် ဆည်းဆာရဲ့အလှအပကိုပဲ ကျန်ရစ်ခဲ့ကြမယ်။ ပြည်သူသန်း ၆၀ရဲ့ဘ၀တွေကိုလည်း သူတို့ဖြစ် ချင်တဲ့ဆန္ဒ ကျုပ်တို့လိုလားတဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ကျုပ်တို့ ကြိုက်နှစ်သက်တဲ့သမ္မတ၊ ကျုပ်တို့ ကြိုက်နှစ်သက်တဲ့အစိုးရ၊ ကျုပ်တို့ ရွေးချယ်ချင်တဲ့လွှတ်တော်နဲ့ နိုင်ငံ ရေးခေါင်းဆောင်တွေ၊ ကျုပ်တို့ပြည် သူတွေစိတ်ကြိုက်လွတ်လပ်စွာ အ ဘတို့အဘရဲ့ဆည်းဆာနေ၀င်ချိန်ကို ကျုပ်လည်းအေးအေးချမ်းချမ်းပဲ ဖြတ်သန်းစေချင်ပါတယ်။ ဒါပေမဲ့ အဘရဲ့မြေးကိစ္စတော့ ထုတ်ပြော မှရတော့မယ်။ အဘရဲ့သားသမီး တွေလည်း ဒီလောက်အထိအသံဗ လံတွေ နင်းကန်မထွက်တော့ပါ ဘူး။ ခပ်အေးအေးနဲ့နေနေကြပါ ပြီ။ အခြေအနေသစ်ကို နားလည် သဘောပေါက်တဲ့ အနေအထား ရောက်ကုန်ကြပါပြီ။ ဒါပေမဲ့ အဘ ရဲ့မြေးတစ်ဦးကတော့ အခြေအ နေကိုသဘောမပေါက်ဘဲ လမ်းတ ကာမှာ လူတစ်ကာကိုလိုက်ပြီးဗိုလ် ကျချင်တဲ့စိတ်ဓာတ်၊ ဖက်ဆစ်စိတ် ဓာတ်က၀င်နေဆဲပါ။ ကျုပ်တို့ ၈၈ ကျောင်းသားတွေနဲ့လည်း အရွယ် မတူပါဘူး။ အသက်အရွယ်တွေ ကွာခြားကြပါတယ်။ သားအချစ် မြေးအနှစ်ဆိုတာကျုပ်တို့နားလည် သဘောပေါက်နိုင်ပါတယ်။ ဒါပေ မဲ့ အဘမြေးလုပ်ချင်တိုင်းလုပ်လို့ ရအောင် ကျုပ်တို့မြန်မာပြည်သူ တွေက အရုပ်တွေ၊ သက်မဲ့တွေ၊ န လဗိန်းတုံးတွေ၊ သစ်တုံးတွေမ ဟုတ်ဘူးလေ။ အရင်တုန်းကအုပ် ချုပ်ချင်တိုင်းအုပ်ချုပ်လို့ရခဲ့တဲ့ ၁၉၈၈အချိန်ကာလမဟုတ်တော့ ဘူးလေ။ ပြည်သူတိုင်းလက်ထဲမှာ တစ်ကမ္ဘာလုံးကို စက္ကန့်ပိုင်းအတွင်း သတင်းပို့လွှတ်လို့ရတဲ့ ရုပ်ပုံတွေ လွှင့်တင်လို့ရတဲ့ ဖုန်းတွေလူတိုင်း နီးပါးရှိနေပါပြီ။ လူထုလက်ထဲက လက်ကိုင်ဖုံးတွေက အဘတစ်ချိန် က ခိုင်းခဲ့တိုင်ုးလပ်ခဲ့ရတဲ့ တပ်ထဲ က သေနတ် ၅သိန်းထက်ကြောက် စရာကောင်းတယ်။ ပိုပြီးထက်မြက် ပါတယ်။ ရွေးချယ်ဆုံးဖြတ်ခွင့် အပြည့်အ၀လုပ်ပါစေတော့ဗျ။ ကျုပ်တို့ကြိုက်တဲ့သမ္မတ ကျုပ်တို့ကြိုက်တဲ့ အခြေခံဥပဒေ ကျုပ်တို့ကြိုက်တဲ့မြန်မာ့တပ်မတော် ကျုပ်တို့ကြိုက်တဲ့လွှတ်တော်နဲ့ပါလီ မန်တွေကို ကျုပ်တို့ဘာသာဆုံး ဖြတ်လုပ်ကိုင်ပါရစေတော့... နောက်ဆုံးအဘကိုပြော ချင်တာက ဧရာဝတီမြစ်ကြီးကမြန် မာပြည်မှာ အရင်ဆုံးစီးဆင်းခဲ့တာ ပါ။ နောက်မှ လူသားတွေ၊ တ ကောင်း၊ ဟန်လင်း၊ ပိဿနိုး၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာ ၀တီ၊ ရွှေဘို၊ မန္တလေးစတဲ့ ယဉ် ကျေးမှုမြို့တော်ကြီးတွေ ပေါ်လာ တာပါ။ အရင်ဆုံးစီးဆင်းခဲ့တဲ့ မြန်မာမတိုင်ခင်ကတည်းက ရှိနှင့် နေခဲ့တဲ့ ဧရာဝတီကို ကျုပ်တို့ဘယ် အာဏာရှင်၊ ဘယ်ဧကရာဇ်ကမှ ဘယ်သို့စီးစေ၊ ညာသို့ကွေ့စေ၊ နောက်ပြန်လှည့်စေလို့ အမိန့်ပေး စေခိုင်းလို့မရနိုင်ပါဘူး။ ဧရာဝတီ သည် သူ့ဖာသာလွတ်လပ်စွာ သ မိုင်းရေစီးကြောင်းအတိုင်းစီးဆင်း တော့မှာပါ။ ဘယ်သူကမှ ဘယ်အ ဖွဲ့အစည်းကမှ ဧရာဝတီကိုတား ဆီးလို့မရပါဘူး။ ဒီလိုပဲ ကျုပ်တို့မြန်မာ ပြည်သူသန်း ၆၀ရဲ့ဘ၀ကိုလည်း ဘယ်သူမှတားဆီးလို့မရနိုင်တော့ ပါဘူး။ ကျုပ်တို့မြန်မာပြည်ကြီး စိတ်ကြိုက်လွတ်လပ်စွာစီးဆင်းတော့ မှာဖြစ်ပါတယ်။

ဟိုတယ်တို့၊မြေပိုင်ရှင်တို့၊ စက်ရုံပိုင်ရှင်၊စီမံကိန်းပိုင်ရှင်ဆိုတာ တွေဟာ ဖြစ်ဖို့လွယ်တဲ့ကိစ္စမဟုတ် ဘူး။ ရိုးရိုးထမင်းဆိုင်ကလေးတစ် ဆိုင်၊ စားသောက်ဆိုင်ကလေးတစ် ဆိုင်ပိုင်ဖို့တောင် တကယ်ကိုလွယ် တာမှတ်လို့။ နောက်ဆုံးဗျာဂျာနယ် လက်ပွေ့ ရောင်းတဲ့ဘ၀နဲ့ဂျာနယ် ကို သစ်သားဗန်းကလေးခင်းပြီး ရောင်းတဲ့အဆင့်တောင် တစ်ဆင့် နဲ့ တစ်ဆင့်မနည်းကွာကြတာ။ ပဲပြုတ်တောင်းကို ခေါင်းပေါ်ရွက် ပြီး ရပ်ကွက်တကာ “ပဲပြုတ်”ဆိုပြီး အော်အော်ရောင်းနေတဲ့ မအေးနဲ့ ဈေးထဲမှာ ဆိုင်ဖွင့်ပြီး ပဲပြုတ်ကို ဇိမ်ကျကျရောင်းရတဲ့ မထား တောင် ဘ၀ကမနည်းကွာတာ။ မအေးလည်း ပဲပြုတ်သည်မထား လို့ အထိုင်ရာင်းချင်ရှာမှာပေါ့ဗျာ။ ဆိုက် ကားအပိုင်နင်းတဲ့သူနဲ့အငှား နင်းရတဲ့ ဘ၀လည်း အရမ်းကွာ တယ်။ရန်ကုန် မြို့၊လှိုင်မြို့နယ်လို နေရာမျိုးမှာဆိုက် ကားတစ်စီးရဲ့ လိုင်စင်ကတင် ၁၅ သိန်းပေါက် တယ်။ ဒါတောင် ဆိုက်ကားမပါ သေးဘူး..။ မြန်မာပြည်ရဲ့အောက်ခြေ ဘ၀ပြည်သူ ၉၉%ရဲ့အခြေ အနေက အဲဒီလိုခက်နေကြရတာ။ ဆိုက်ကား ပိုင်ရှင်ဘ၀ရောက်ဖို့ ဆိုတာတသက် လုံးနင်းလာခဲ့ရတဲ့ ဆိုက်ကားဆရာဘ သန်းတစ် ယောက်ရဲ့မမျှော်မှန်းရတဲ့ အိပ် မက်ပဲဗျာ။ ပဲပြုတ်သည်မထားနဲ့ ဆိုက် ကားသမားဘသန်းတို့ ကိုယ်ပိုင် ပဲပြုတ် ဆိုင်နဲ့ကိုယ်ပိုင်ဆိုက်ကား ဖြစ်လာဖို့ ဒီတသက်မမျှော်မှန်းနိုင် ပေမဲ့။ လူတစ်စုကတော့ နေ့ချင်း ညချင်း ဟိုတယ်ပိုင်ရှင်၊မြေပိုင်ရှင် ကြီးတွေ၊ စက်ရုံစီမံကိန်းပိုင်ရှင်ကြီး တွေ ဖြစ်ဖို့ သိပ်လွယ်တာ။ ၂၀၀၇ခုနှစ်ဝန်းကျင်က နေ ပြည်တော်က ဟိုတယ်ဇုန်မှာကို မြေဧက ၆၀ကျော် ၇၀ဧက ၀န်း ကျင်ကို အလကားနီးပါးရလိုက်ကြ တာ။ လူတစ်ဒါဇင်နီးပါးလောက် ပါပဲ။ ကျုပ်အကုန်သိတယ်။ တစ်ဦးတစ်ဦးကို မြေဧက ၇၀စီ ရလိုက်ကြတာ။ မုန့်ဖက်ထုပ် ရောင်းတဲ့မိန်းမကြီး၊အိမ်အပြန် ရောင်းမကုန်တဲ့ ကျန်တဲ့မုန့်ဖတ် ထုပ် ကလေးတွေ၊ ရပ်ကွက်ထဲက တွေ့တဲ့ကလေး ဝေပေးတာကြနေ တာပဲ။ ရော့ ဒီဧက ၇၀ မင်းယူ၊ ရော့ဒီဧက ၇၀ မင်းယူ။ တစ်ဧကကို ကျပ်သိန်း ၁၅၀ ပဲ အများဆုံးသွင်း ရတယ်။ တချို့ဆို တစ်ဧက သိန်း ၅၀ပဲ သွင်းရတယ်။ အချိန်အကန့် အသတ်ကလည်း အများ ကြီးပေး ထားခဲ့တာနော်။ အေးအေးဆေးဆေးလေး အရစ် ကျသွင်းလို့ရသေးတယ်။ နေပြည်တော်ဟိုတယ်ဇုန်က မြေဧက ၇၀ကို မုန့်ဖက်ထုပ် အလ ကားရသလိုရလိုက်တာ။ မုန့် ဖက် ထုပ်ကမှ ချက်ချင်းလက်ငင်းချေ ရဦးမှာ ။ ဧက ၇၀ က အကြေးနဲ့ ခပ်ဖြည်း ဖြည်းပေးရတာ။ ပြီးတော့ အဲဒီမြေ ဧက ၇၀မှာ ဟိုတယ်ကြီး ဖြစ်ပေါ်လာအောင် ဆောက်လုပ် နိုင်ဖို့လည်း ဘာမှပူပင်စရာမလိုဘူး ဗျ။ ဟိုတယ်ဆောက်ဖို့ သူတို့ အိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှ ရှိစရာမလိုဘူး။ ကားအစီး ၂၀ ပါမစ်ချပေးလိုက်တယ်။အလကား ရ တဲ့မုန့်ဖက်ထုပ်စားရင် မျိုချလို့ ရအောင် ရေနွေးကြမ်းတစ်ခွက်ပါ အစစ်ပေးလိုက်တာ။ ကားပါမစ် က မာစီးဒီး ၁၀စင်း၊ ၀က်ဂွန်လို့ ခေါ်တဲ့ လန်ခရူဇာက(၁၀)စီး (ူညေိခမကငျနမ) ဟိုတယ်သူဌေး လောင်းလျာတစ်ဦးကို ကားအစီး (၂၀)ပါမစ်ရတော်မူကြတယ်ဗျ။ ကားတစ်စီးရဲ့ပါမစ်က အဲဒီ ၂၀၀၇က တစ်စီးစာပါမစ် စာရွက် တစ်ရွက်က သိန်း၃၀၀၀( သိန်းသုံး ထောင်ကျပ်ချက်ချင်းရတယ်) ။ ကားအစီး(၂၀)ဆိုတော့ သိန်း ပေါင်း ၆၀၀၀၀ သိန်းပေါင်း ခြောက်သောင်းလောက် အလ ကားရသွားတယ်။ အခုဒေါ်လာ ပေါက်ဈေးနဲ့ဆို ဒေါ်လာ ၆သန်း အလကားရသွားတယ်။ မြေဧက ၇၀ရဲ့ ပေါက်ဈေးက တစ်ဧကကို သိန်း ၂သောင်း ဒေါ်လာ ၂သန်း၊ ဧက (၇၀)ဆိုတော့ မြေအတွက် ရလိုက်တာ ဒေါ်လာသန်း ၁၄၀၊ မြန်မာငွေတောင် မတွက်တတ် တော့ပါဘူးဗျာ။ မြန်မာကျပ်ငွေကို ဒေါ်လာသန်း ၁၄၀ +ကားပါမစ် ၆သန်း ၊ ၁၄၆ သန်း ဒေါ်လာကို ကုန်ကားကြီးတွေနဲ့ တင်မယ်ဆို ဆယ်ဘီးကား ၁၀စီး လောက်နဲ့ တောင် တင်ရမယ်ထင်တယ်။ အဲဒီခရိုနီတစ်ဒါဇင်က ခရိုနီ ခေတ်ကို စတင်ထူထောင်ခဲ့သော ကျုပ်တို့၏နာမည်ကျော်ခရိုနီကြီးများ ဖြစ်လေသည်ပေါ့ဗျာ။ သူတို့ တစ် ဒါဇင်လောက် နောက်ပိုင်းမှာ ဆောက်တဲ့ဟိုတယ်တွေမှာတော့ ဘာအခွင့်အရေးမှမရရှာပါဘူး။ ပေါက်ဈေးနဲ့ဝယ်ပြီးတော့ ကိုယ့် ပိုက်ဆံနဲ့ကိုယ်ဆောက်ကြရတာ ပါပဲ။ အားလုံးသိတော်မူနေတဲ့ ယနေ့ထိပ်သီးခရိုနီကြီးတွေပဲပေါ့ ဗျာ။ အမြည်းလေးအနေနဲ့ နမူနာ တော့ ပေးလိုက်ပါဦးမယ်။ ကျုပ်တို့ ၏ ခရိုနီဇာတ်လိုက်ကျော်ကြီး မစ္စတာကျွန်းသစ်၊ မစ္စတာလက် နက်၊ မစ္စတာဘိန်းဘုရင်၊ မစ္စတာ ရုပ်မြင်သံကြား(ရေဘ၀ဲ)ဆရာကြီးတို့ ဦး ဆောင်ဦးရွက်ပြု အပေါင်းအပါ တစ်ဒါဇင်ပေါ့ဗျာ။ မစ္စတာကျွန်း သစ်(ရွှေနန်းတော်ဟိုတယ်)၊ မစ္စတာဘိန်းဘုရင်(မြတ်တော်ဝင်ဟို တယ်)၊ မစ္စတာရွှေတောင် (ဲကညခအငသည ပြေစပငအတေ )၊ မစ္စတာရုပ်မြင် သံကြား (ရွှေဧည့်သည်ဟိုတယ်)။ ချမ်းသာပြီးရင် ချမ်းသာ တာနော်။ မမျိုနိုင်တော့ပါဘူးဆို မှထပ်ပြီး မျိုဆို့ရတဲ့သူတို့ဘ၀က စပါးအုံးမြေကြီးတွေနဲ့တူတယ်။ ဗိုက်ထဲမှာလည်း ဂျီတစ်ကောင်မျို ထားရလို့မလုပ်နိုင်ဘူး။ အသာ လေး လူလစ်တာနှင့်မှိန်းပြီးခွေပြီး ဇိမ်ကျနေတာ။ ထပ်အမျိုခံဖို့ နောက်ထပ်နွား ပေါက်တစ်ကောင် လာချပေးသလို ဖြစ်ခဲ့ကြရတာ။ နေပြည်တော်ဟိုတယ်ဇုန်မှာ မြေဧက ၇၀နဲ့ဟိုတယ်ဆောက်ဖို့ ကား အစီး(၂၀)ပါမစ်ရစတမ်း ဆိုရင်စောစောက ဆိုက်ကား သမားဘသန်းနဲ့ပဲ ပြုတ်သည် မထားကိုလည်း ပေးလိုက်ပါလား။ နေ့ချင်းညချင်း ဆိုက်ကား သမား ဘသန်းကနေ နေပြည်တော် ဟို တယ်ဇုံကြီးမှ ရွှေဆိုက်ကားဘသန်း နန်းတော်ဟိုတယ်၊ ပဲပြုတ်သည်မ ထားကလည်း ရွှေပဲပြုတ်မြတ် တော်ဝင်တို့၊ရွှေပဲပြုတ်ဧည်သည် ဟိုတယ်တို့ ချက်ချင်းဖြစ်ကုန်မှာ ပေါ့ဗျာ။ ဘာခက်တာမှတ်လို့။ အလကားရတဲ့မြေဧက ၇၀ကို ချုံ တွေခုတ်ပြီး အလကားရတဲ့ ကား ပါမစ်ရောက်ပြီး ဟိုတယ်ဆောက် လိုက်ရုံပေါ့။ အဲဒီလို ၉၉%လူထု ဘ၀နဲ့ခရိုနီလက်တစ် ဆုပ်စာဘ၀ ကကွာနေတာဗျို့။ မိုးနဲ့မြေလို ကွာ နေတာ။ ခင်ဗျားတို့ ခရိုနီကြီးတွေ ကို လျှော့မတွက်နဲ့။ လျှော့တွက်ရင် မြန်မာတွေခံသွားရလိမ့်မယ်။ ခရိုနီနီက လောလောဆယ် ထောင်သူရဲဘအုပ်လိုကောင် မျိုးကို အစိမ်းလိုက်ဝါးစားချင် နေ တာ၊ ကြံနေတာသိတယ်။ ခင်ဗျား တို့မြန်မာတွေ ခရိုနီတွေကို ယဉ်ပါး လာအောင်၊ ပြောင်းလဲလာအောင်၊ စိတ်ထားပြောင်းလဲ အောင်ကြိုး စားကြည့်ချင်တဲ့သူ တွေလည်းရှိ တယ်။ အနီးကပ်ယုံယုံကြည်ကြည် နဲ့ မနေအပ်တဲ့ အမျိုးအစားထဲမှ မင်း၊အရူး(စိတ်မနှံ့သူ)၊ လက်သည်း ခြေသည်း၊ အစွယ်သွားရှိတဲ့ သတ္တ၀ါစတာတွေ ကိုရှေးလူကြီး တွေက နောင်လာ နောင်သားတွေ မှာခဲ့ကြတယ်။ ကျုပ်ဘအုပ်က မြန်မာတွေကို ထပ်မှာမယ်။ ခရိုနီ ကိုလည်း အဲဒီယုံယုံ ကြည်ကြည် နဲ့နီးကပ်မနေအပ်ဘူး။ အန္တရာယ် များတယ်။ အခု ခရိုနီမစ္စတာ ကျွန်းသစ်တို့ မစ္စတာဘိန်းတို့က ငြိမ်နေတာ အလကားမဟုတ်ဘူး။ ရုရှားမော်စကိုမှာ မယ်စကြ၀ဠာ အလှမယ်ရွေးပွဲမှာ ရှေ့ဆုံးကထိုင် ကြည့်ပြီးအားပေးတော်မူဖို့ မော်စကို ကို ရောက်နေကြတာ။ အခုလောလောဆယ် မစ္စတာ ကျွန်းသစ်ကျွန်း၊ မစ္စတာ ဘိန်းတို့ ငြိမ်နေပေမယ့် မကြာခင်မှာ ခရိုနီ အစိုးရတောင်ဖွဲ့ချင်ဖွဲ့ နေကြဦး မှာ။ ၂၀၁၅ရွေးကောက်ပွဲမှာ ၀င် ပြိုင်မယ့် သမ္မတတွေနဲ့အပြိုင် ခရိုနီ သမ္မတလောင်းတွေ ဘာတွေလုပ် ပြီး ဒါမှမဟုတ် နောက်ကွယ်က ခရိုနီတွေ ကြိုးကိုင်မယ့်ခရိုနီအစိုးရ ဆိုတာကမ္ဘာသမိုင်းမှာ ပထမဆုံး အစိုးရအဖြစ် မြန်မာပြည်မှာ ပေါ် ချင်ပေါ်လာသီးမှာ။ ဘာဖြစ်လို့ ကျုပ်ပြောနေရသလဲဆိုတော့ မစ္စတာကျွန်းသစ်တို့၊ မစ္စတာ ဘိန်းတို့ မစ္စတာရွှေတောင်တို့က ငွေအားအရမ်းကြီးတယ်။ ကျုပ်တို့ မြန်မာပြည်ကို ငွေနဲ့ပေါက်ပြီး ငွေ နဲ့ဖို့ပြီး ဖြစ်ဖြစ်ဝယ်သွားလို့ရတယ်။ ဒါတောင် သမ္မတဦးသိန်း စိန်လိုပုဂ္ဂိုလ်ရယ်၊ ဒေါ်အောင်ဆန်း စု ကြည်လိုလူထုခေါင်းဆောင် ရယ်၊ မြန်မာ့တပ်မတော်ရယ်ဆိုပြီး မယှဉ်နိုင်တဲ့ အကြီးအကဲ၊ အဖွဲ့ အစည်းတွေရှိ နေလို့ ဒီခရိုနီတွေ မြန်မာပြည်ကို အပြတ်မ၀ယ်သေး တာ။ တကယ်တော့လည်း ၀ယ် တော့ဝယ်ထားပြီပါပြီး။ ကျုပ်တို့ မြန်မာပြည်က သူတို့အိတ်ကပ် ထဲ ရောက်နေတာကြာလှပါပြီ။ ခရိုနီ များနဲ့မြန်မာပြည်အပြီးအပြတ် အရောင်းအ၀ယ်စာချုပ်မချုပ်ဆိုပေး သေးတာဘဲ ရှိတော့တာပါ။ သမ္မတဦးသိန်းစိန်က လူ ကောင်းပေမဲ့ သူ့အစိုးရအဖွဲ့ထဲမှာ ပါနေတဲ့ဆရာကြီးတွေတချို့က မစ္စ တာကျွန်းသစ်တို့ မစ္စတာဘိန်းတို့ မစ္စတာရွှေတောင်တို့ထဲက ကျေး ဇူးခံကျေးဇူးတရားတွေက သိပ်ကြီး မား ဆက်စပ်နေတာတွေ့ရှိတယ်။ သမ္မ တဦးသိန်းစိန်တစ်ယောက်ထဲ မှန်ကန်ရိုးသားနေလို့ အစိုးရ တစ်ခုလုံးကို စိတ်ချရပြီလို့ ပြော နေလို့မရဘူးလေ။ သမ္မတကြီးကို ၀ိုင်းပြီး ညာချနေတာတွေ ရှိနေ တယ်။ ဒီလိုပဲဒေါ်အောင်ဆန်း စုကြည်ပဲဖြစ်ဖြစ် မြန်မာတပ်မ တော်ထဲမှာပဲဖြစ်ဖြစ် သူတို့ကျေးဇူး ခံကျေးဇူးတွေ ဘယ်လောက်အထိ ပါဝင်ပတ်သက်နေသလဲ မပြော ပြနိုင်ဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ် မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မ တော်ခေါင်းဆောင်အများစု က တော့ ကင်းရှင်းတယ်လို့သိထား တယ်။ အပြောင်းအလဲကို သွား ချင်တယ်။ ဒီမိုကရေစီဘက်ကို ဦးတည်နေတယ်။ ဒီမိုကရေစီနိုင် ငံတစ်ခုရဲ့ တပ်မတော်ပုံစံကိုပဲ ဦးတည်နေတယ်။ သမာသမတ် ကျကျနဲ့ခရိုနီတွေရယ်၊ ဖက်ဆစ် ကြီးငယ်တွေရယ်၊ ပြည်သူလူထု ရယ်ကြားမှမှန်မှန်ကန်ကန် ရပ်နေ တယ်လို့ ကြားသိထားတယ်။ ဒါပေမဲ့ တပ်ထဲမှာခရိုနီ လူတွေရှိ ကောင်းရှိနိုင်တာပဲ။ ဒါပေမဲ့ ကျုပ်ကတော့ မြန်မာ့တပ်မ တော်ကို ဒီမိုကရေစီကို လုံးဝ ဦးတည်နေတဲ့ ငြိမ်းချမ်းရေးကို မရမက တည်ဆောက်နေတဲ့၊ ပြည်သူ့ဘက်ကရပ်တည်မဲ့ ပြည်သူ့ ဆန္ဒဖြည့်စွမ်းမဲ့ တပ်မတော် ဖြစ်လာလိမ့်မယ်လို့ပဲ ခန့်မှန်းတွက် ချက်ထားနေတယ်။ စောင့်ကြည့် ကြပေါ့ဗျာ။ ပြန်ဆက်ရရင် နေ့ချင်း ညချင်းဆောက်တယ်။ ဧက ၇၀ နဲ့ ကားစီး (၂၀)ရသွားတာတို့၊ ဟိုမြေ ကွက်၊ ဟိုလယ်ကွက်တွေ ဧက ပေါင်း သောင်းနဲ့ချီပြီးရသွားတာကို ၀မ်းသာလွန်းလို့ မျက်ရည်တွေစို့ပြီး သမတတ်ပျော်နေတဲ့အဲဒီ လက် ရွေးစင်တစ် ဒါဇင်တွေနောက်ထပ် တစ်ဒါဇင် နှစ်ဒါဇင်တွေက သူတို့ ကိုခုလိုဘ၀ ရောက်အောင်လုပ် ပေးခဲ့တဲ့အဘကြီးတို့ကို ဘိုးစဉ် ဘောင်ဆက် အိမ်ပေါ်က ဘုရား စင်ဘေးမှာ ရုပ်ထု ထုပြီးကိုးကွယ် သွားကြတော့မှာပေါ့ဗျာ။ သူတို့ ဘ၀မှာ မမျှော်မှန်း ရဲခဲ့တဲ့အရာ တွေ “ပုဏ္ဏားနတ် သမီးရကိန်း” ဆိုက်ခဲ့တာပဲဗျာ။ မုဆိုးရွှေအိုး ရကိန်းကြုံခဲ့တာပဲဗျ။ ဒီအဘကြီး တို့သာ မရှိရင်သူတို့ဒီလို ဘယ်လို ဖြစ်နိုင်ခဲ့မှာလဲ။ ဒါပေမဲ့ မဟာ ကျေးဇူး တော်အနန္တတွေကြောင့် ဒီအဘကြီးတွေရဲ့အကျိုးစီးပွား တွေသားတွေ သမီးတွေမြေးတော် မြစ်တွေနဲ့ ပတ်သက်လာတာမှန် သမျှ အဲဒီဘ၀ပြောင်းခဲ့ရတဲ့ ခရိုနီ ကြီးတွေက အသက်နဲ့ရင်းပြီး ကာကွယ်ခုခံမဲ့ပုံ ဖမ်းနေတာပေါ့ ဗျ။ သမီးကခိုင်းလည်း ပြာပြာ သလဲလုပ်ပြ မြေးကခိုင်းလည်း ပြာပြာသလဲလုပ်ပြကြရ တာပေါ့ ဗျာ။ အခုထိ(၂၀၁၃) အထိကိုပြာ နေကြတာ။ နှမ်းနေတာပဲ။ အဘ ကြီး၊အဘကြီးသမီး၊ အဘကြီးမြေး နဲ့ဖြစ်နေကြတာ။ ကျုပ်တော့မြင်ရ တွေ့ရကြားရတာတွေကို စိတ်နှလုံး တွေ နောက်လို့ အာဏာနဲ့ချမ်းသာ ကြယ်ဝသူမှုဟာ လူတွေရဲ့ စိတ် နှလုံးသားတွေမို့ ဖျက်ဆီးနေတဲ့ အရာပဲလို့ တရားကျလာတယ်။ အထက်ဖား အောက်ဖိအထက်က အဘကြီးနဲ့ ပတ်သက်လာရင် ပြာပြာသလဲအခုပဲ အသေပဲခံ တော့ မလိုဟိုပြေးဒီလွှား။ အောက်က တပည့်လက်သား ၀န်ထမ်းတွေနဲ့ပတ် သက်လာရင် ကြတော့ မြေရှင်ပဒေသရာဇ် ဧကရာဇ်တစ်ပါးလို ပုံဖမ်းပြီး ခေါက်ဆွဲကြော်တောင်ကိုယ့်လက် နဲ့ ဇွန်းနဲ့တောင်မစား ချင်တော့ ဘူး။ ခွံ့ကျွေးရမတတ်ဖြစ် နေကြ တာ။ နေပြည်တော်ကြီးတည် ဆောက်ရေးကြောင့် လူတစ်စုက တော့ သာမန်လူအဖြစ်ကနေ နတ်စည်းဇိမ်ရသွားခဲ့တာကြောင့် နေပြည်တော်ကြီးကိုသူတို့က ရွှေ ပြည်တော် ရွှေနန်းတော်တို့တောင် မခေါ်ရက်ဘဲ “နတ်ပြည်တံခါး”လို့ တောင်ခေါ်ချင်ဆိုချင် ကျေးဇူး တင်ချင်နေကြတာ။ နတ်ပြည်ကို အရောက်ပို့ပေးခဲ့တာပဲလေ။ နေပြည်တော်ကြီးသို့မဟုတ် နတ်ပြည်တံခါး နတ်ပြည်ရဲ့ အ၀င်မုခ်ဦးပေါ့ဗျာ။ ဥပမာ ကံ့ကော်အ၀ိုင်း၊ နှင်းဆီအ၀ိုင်းစ တဲ့အ၀ိုင်းကြီးတစ်ခုခုကို ဆောက် လုပ်ပေးရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုခုစီ တစ်ဝိုင်းကို သိန်း ၈၀၀၀ သိန်းရှစ်ထောင် ဒေါ်လာရှစ်သိန်းရတယ်။ ရန်ကုန် လှိုင်သာယာဘက်က ပန်းရံဆရာ တစ်စုကို အပ်ရင်တော့ ကျွန်တော် အထင် သိန်း ၈၀နဲ့တော့ လုပ်ပေး နိုင်တဲ့အလုပ်တွေပါ။ သိန်း ၈၀နဲ့ လုပ်ပေးနိုင်တဲ့ကံ့ကော်အ၀ိုင်းကို သိန်း ၈၀၀၀ ပစ်ပေးကျွေးခဲ့တာ။ ဒါကြောင့် သူတို့ခရိုနီတွေ ကနေပြည်တော်ကို သန့်ရှင်းသော မြေလို့တောင် သတ်မှတ်နေ ကြတာ။ ဒါပေမဲ့ ကျုပ်ကလည်း သတိပေးလိုက်မယ်။ တစ်ခါ တစ်ခါ ခင်ဗျားတို့တွက်ကိန်း တွေကကွက်တိ ဖြစ်ချင်မှဖြစ်လာ တတ်မှာ။ ခင်ဗျားတို့ နေပြည် တော်ဆောက်လုပ်ရေးတွေ ကြောင့် နေပြည်တော်ကို နတ် ပြည် တံခါးလို့ထင်ထားတာ မဟုတ်ဘဲ လွဲသွားခဲ့ပြီး အ၀ိစီ တံခါး၊ ငရဲပြည်သွား တဲ့အ၀င် တံခါး ဖြစ်နေတတ်တယ်ဆို တာ လေးတော့ သတိပေးလိုက်ချင် တယ်။ ထောင်သူရဲဘအုပ်

ကိုအောင်သူခင်ဗျား ကိုအောင်သူက ၁၉၈၈က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ တံတားနီအရေးအခင်းမှာ ကိုအောင်တို့ဦးဆောင်ပြီးတော့ ထောင်ကျတန်း ကျတွေတိုက်ပွဲဝင်ပြီးတော့ ကိုအောင်သူက ထောင်ထဲမှာ ၁၆နှစ် ၁၇နှစ် လောက်နေထိုင်ခဲ့ရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော်အဲဒီလိုသိထားပါတယ်။ ကျွန်တော်တို့ သူရိယနေ၀န်းဂျာနယ်ကနေပြီးတော့ကိုအောင်သူ့ကို ကျွန်တော်တို့မေးမြန်းချင်တဲ့မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ပြီးခဲ့တဲ့ရက်ပိုင်း သီတင်းကျွတ်ပွဲမှာဘာပြောထားလဲဆိုတော့ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့လူကြီးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးတို့မိသားစုကို မိမိတို့မိသားစုကသွားရောက်ဂါရ၀ပြုပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲဖြစ်ပေါ်နေမှုကိုဘေးကနေ စိတ်ဝင်တစား စောင့်ကြည့်တဲ့သဘောရှိပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ဖို့လည်း သူ့မှာ စိုးရိမ်စိတ်တွေရှိပါတယ်။ ဒါကတော့ နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံ့အကြီး အကဲတစ်ယောက်အနေနဲ့ သူ့ရဲ့အမှန်အတိုင်း၊ ပကတိအတိုင်းခံစားဆောင်ရွက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စေတနာနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော်အကျိုးရလဒ်က အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်အနေနဲ့ နိုင်ငံရေး နဲ့ပတ်သက်မှု မရှိပါဘူး။ အကယ်၍စိတ်ထဲမှာရှိရင်လည်း လက်တွေ့သူလုပ်ဆောင်လို့မရနိုင်ပါဘူး။ နိုင်ငံရေးအရတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေပြောရမယ်ဆိုရင် ဥပ ဒေပြု ရေး၊ တရားစီရင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စသီးခြားဆောင် ရွက်နိုင်တဲ့အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်စရာ မရှိပါဘူး။ နိုင်ငံရေးနဲ့လည်းပတ် သက်မှုမရှိပါဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တော့ သူရဦးရွှေမန်းကတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြန်မာ့နိုင်ငံရေးအပေါ် စိုးရိမ်မှုနဲ့ပတ်သက်ပြီးတော့ ကိုအောင်သူရဲ့ အယူအဆ၊ အမြင်လေးကို ကျွန်တော်တို့သိပါရစေခင်ဗျာ။ သူရဦးရွှေမန်းပြောတဲ့အပေါ်မှာ ကျွန်တော်က (၂)ပိုင်းမြင်တယ်ပေါ့ဗျာ။ (၂)ပိုင်းမြင်တာမှာ သူပြန်ပြောတဲ့ လေယူလေသိမ်းက ဘယ်လိုရှိမယ်ဆိုတာတော့ ကျွန် တော်မသိဘူး။ သို့ပေမယ့်လို့ သူ ပြောတဲ့အထဲမှာ ပထမတစ်ပိုင်းက ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်အ တွက်စေတနာထား ပြီးဆောင်ရွက် ခဲ့တယ်ပေါ့ဗျာ။ ပြီးတဲ့အခါကျ တော့ ဦးရွှေမန်းပြောတဲ့အထဲမှာ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက်စေတနာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့ တစ်ပိုဒ်ပြီးတော့သူက အဲ့ဒါကို ဘာ နဲ့သွားဆက်လည်းဆိုတဲ့အခါကျတော့ သို့သော် အကျိုးရလဒ်က အားလုံးသိကြတဲ့အတိုင်းပါပဲ သူက ဒီစာကြောင်းနဲ့ပြန်ဆက်ထားတယ်။ သို့သော် အကျိုးရလဒ်က အားလုံး သိကြတဲ့အတိုင်းပါပဲဆိုတဲ့အခါကျတော့ ဒါစေတနာနဲ့ဆောင်ရွက်ခဲ့တာတော့မှန်တယ်။ သို့သော်ဆို တာက အနောက်ဖက်က သူ စေတနာထားတဲ့ အတိုင်းတိုင်းပြည် ကြီးကဖြစ်မလာဘူး။ အုပ်ချုပ်ရေး ပိုင်းကလည်းဖြစ်မလာဘူး၊ တရားစီရင်ရေးအပိုင်းကလည်းဖြစ်မလာဘူး စသဖြင့်ပေါ့နော် အဲ့ဒီလိုကဏ္ဍပေါင်းစုံကနေသူမျှော်မှန်းထားတဲ့ အတိုင်းဖြစ်မလာဘူးဆိုတဲ့အဓိပ္ပါယ်ကိုဆောင်တယ်။ သူရဦးရွှေမန်း ပြောသွားတဲ့အထဲမှာ ကျွန်တော်ကတော့ ဒီလို (၂)ပိုင်းခွဲပြီးမြင်တယ်။ ဘယ်ကာလ ဘယ်အပိုင်းအခြားမှာ တော့ ဘယ်အဆင့်အထိ ဘယ်ပုံသဏ္ဍန်နဲ့သွားမယ်၊ အဲ့ဒီပုံသဏ္ဍန်ထဲမှာမှ အနှစ်သာရဘယ်လောက်အထိကို ထည့်ထားမယ်ပေါ့နော် ဆိုလိုတဲ့သဘော လွှတ်တော်ဆိုလို့ရှိရင် လည်းလွှတ်တော်ပုံသဏ္ဍန်နဲ့သွားမယ်အဲ့ဒီအထဲမှာမှ ဒီမိုကရက်တစ် အနှစ်သာရကို ဘယ်လောက်အထိထည့်မယ်၊ နောက်ဘယ်အပိုင်း အခြားလောက်မှာတော့ ဒီမိုက ရက်တစ် အနှစ်သာရကို ဒီ့ထက် ပိုပြီးထည့်မယ် ဆိုတာက သူတို့ ဆီမှာက တကယ့်ကိုစနစ်တကျနဲ့ ဆောင်ရွက်ထားတာဖြစ်တယ်ဆိုတဲ့အခါကျတော့ အခု သို့သော် ဆို တာက သူမျှော်မှန်းထားတဲ့ အတိုင်းတော့ဖြစ်မလာဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်ပေါ့။ ဒါတော့ နိုင်ငံရေးအရတစ်ပိုင်းပေါ့ဗျာ၊နောက်တစ်ပိုင်းက သူ့အသက် အရွယ်အရ သူ့မိသားစုအပိုင်း ဒီဟာတွေအပေါ်မှာလည်း သူ့အနေနဲ့ စိုးရိမ်တာလည်းဖြစ်မယ်။ သူရဦးရွှေမန်းကိုတော့ သူက သူစိုးရိမ်တဲ့အပိုင်း၊ သူ့မိသားစုအပိုင်း ကို ပြောတယ်လို့ကျွန်တော်ကမရည်ရွယ်ဘူး။ ကျွန်တော့်စိတ်ထဲမှာမထင်ဘူး။ တိုင်းပြည်အတွက် ပြောထာဖြစ်လိမ့်မယ်။ တိုင်းပြည်အတွက်ပြောတာမှာ တိုင်းပြည်ကို သူ့အနေနဲ့ ဒီလိုစိုးမိုးခြယ်လှယ်ခဲ့တဲ့အပိုင်းမှာ သူခန့်မှန်းသလောက် ဖြစ်မလာဘူး။ သူခန့်မှန်းထားသလို တညီတညွတ်တည်းဆောင်ရွက်နေတဲ့ပုံသဏ္ဍန်မဟုတ်ဘူး။သူ့ အနေနဲ့ အမိန့်သြဇာအာဏာကလည်းတစ်ဖြည်းဖြည်းလျှော့ပါးလာတာကို သူကိုယ်တိုင်လည်းသိလာတဲ့အခြေအနေမှာရှိလိမ့်မယ်။ ဥပမာ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအပိုင်း၊ နောက်တစ်ခါ တပ်ချုပ်ကြီးအပိုင်း၊ ဒီအပိုင်းတွေနဲ့ နောက်ဒေါ်အောင်ဆန်းစုကြည်ကို သူထားတဲ့ ဏသျငအငသည အဲ့ဒီအပိုင်းတွေကို အကုန်လုံးြေူညေခန တွေကိုချိန်ပြီးတော့ အခြေအနေတစ်ခုကို ရောက်နေပြီလို့သူခန့်မှန်းတယ်လို့ယူဆတယ်။ ကျွန်တော်နောက်ဆုံးမေးချင်တဲ့အပိုင်းကတော့ သူစိုးရိမ်တဲ့ အပိုင်းကိုလည်း တစ်ချို့က ပြောကြတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးအခြေအနေကို စိုးရိမ်တယ်လို့ပြောတဲ့အခါကျမှပဲ လူထုကလည်းစပြီး စိုးရိမ်လာတယ်လို့ပြောနေတဲ့အသံတွေကြားနေရပါတယ်။ ပထမသူနားသွားပြီးပေါ့ဗျာ နိုင်ငံရေးနဲ့လုံးဝမပတ် သက်တော့ဘူး။ စာဖတ်တယ်၊ တရားအားထုတ်နေတယ်လို့သတင်းကြားတယ်။ လုံးဝနိုင်ငံရေးနဲ့ကင်းရှင်းသွာတယ်လို့ယူဆရတယ်။ စိုးရိမ်တယ်လို့ သူကပြောတဲ့ စကားက ကျွန်တော်တို့နိုင်ငံရေး ကို နောက်ကြောင်းပြန်လှည့်ချင်လို့ သူနဲ့ပတ်သက်တဲ့သြဇာအာဏာ တစ်နည်းအားဖြင့် သူပြန်ဝင်လာ ချင်တဲ့သဘောတရားတွေများ ရှိမလားဆိုတဲ့ လူထုက စိတ်ပူတဲ့အသံတွေကို ကျွန်တော်တို့ကြားနေရပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ ကိုအောင်သူအနေနဲ့ နောက်ဆုံးဖြေပေးပါ။ အဲ့ဒါကတော့ ဖြစ်နိုင်မယ်မထင်ပါဘူး။ နောက်ကြောင်းပြန်လှည့်တယ်ဆိုတာကလည်း တိပ်ခွေတစ်ခွေကို ပြန်ရစ်သလိုလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီအခြေ အနေ ရောက်အောင်ကို မြန်မာနိုင်ငံသည် နိုင်ငံတကာရှုခင်းမှာ နိုင်ငံတကာက လက်ခံလာတဲ့အဆင့်အထိရောက်အောင် မနည်းကြီးဆောင်ရွက်ခဲ့ရတာပေါ့နော်။ အဲ့ဒါ ကြောင့်မို့ နောက်ပြန်လှည့်ဖို့ဆိုတဲ့အခြေအနေကလည်းမဖြစ်နိုင်သလို သူကိုယ်တိုင်ကိုယ်ကျတကယ့်ကိုနိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူး။ သို့သော် သူကိုယ်တိုင်ပါဝင်ပတ်သက်တယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ယုံကြည်ထားတာဖြစ်တယ်။ ကိုဌေးကြယ် ကိုဌေးကြယ်ခင်ဗျာ။ ကိုဌေးကြယ်ဟာ (၁၉၈၈)ခုနှစ်(၈)လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာဖို့အတွက်ကို ကျွန်တော်တို့ရန်ကုန် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်နေရာကနေပြီးတော့ တကယ်ကို ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးအနေနဲ့ (၈) လေးလုံးအရေးတော်ပုံကြီးကို ဦး ဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်လို့ ကျွန်တော်တို့သိထားပါတယ်။ ကိုဌေးကြယ်ကမြန်မာနိုင်ငံအတွက်ကို ကိုဌေးကြယ်ဘ၀ရဲ့အချိန်နှစ်ပေါင်း(၂၀)နီးပါး လောက်ထောင်ထဲကိုထွက်လိုက်၊ ၀င်လိုက်တိုင်းပြည်အတွက်စွန့်လွှတ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုဌေးကြယ်ကို ကျွန်တော်တို့ သူရိယနေ၀န်းဂျာနယ်ကနေ မေးခွန်းတစ်ခုလောက်မေးပါရစေ။ အဲ့ဒါဘာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြီး ခဲ့တဲ့ရက်ပိုင်း သီတင်းကျွတ်ပွဲမှာ ဘာပြောထားလဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့ လူကြီးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးတို့မိသားစုကို မိမိတို့မိသားစုက သွားရောက်ဂါရ၀ပြုပါတယ်။ လူ ကြီးတစ်ယောက်အနေနဲ့ မြန်မာနိုင် ငံရဲ့တိုးတက်ပြောင်းလဲဖြစ်ပေါ်နေမှုကို ဘေးကနေ စိတ်ဝင်တစားစောင့်ကြည့်တဲ့သဘောရှိပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ဖို့လည်း သူ့မှာ စိုးရိမ်စိတ်တွေ ရှိပါတယ်။ ဒါကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့အကြီးအကဲတစ်ယောက်အနေနဲ့ သူ့ရဲ့အမှန်အတိုင်း၊ ပကတိအတိုင်း ခံစားဆောင်ရွက်တာဖြစ် ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စေတနာနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်က အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်မှုမရှိပါဘူး။ အကယ်၍ စိတ်ထဲမှာ ရှိရင်လည်း လက်တွေ့သူလုပ်ဆောင်လို့မရနိုင်ပါဘူး။ နိုင်ငံရေးအရတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေပြောရမယ်ဆိုရင်ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စသီးခြားဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ပါဝင်ပတ်သက်စရာမရှိပါဘူး။ နိုင်ငံရေးနဲ့လည်းပတ်သက်မှုမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းက နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သူရဦးရွှေမန်းကတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြန်မာ့နိုင်ငံ ရေးအပေါ် စိုးရိမ်မှုနဲ့ပတ်သက်ပြီးတော့ ကိုဌေးကြယ်ရဲ့အယူအဆ၊ အမြင်လေးကို ကျွန်တော်တို့သိပါရစေခင်ဗျာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံမှာ နှစ်(၂၀)ကျော်တာဝန်ယူသွားခဲ့တာပေါ့လေ။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဗိုလ်ချုပ်ကြီးနေ၀င်းပြီးရင်၊ ဗိုလ်ချုပ် မှူးကြီးသန်းရွှေဟာ နှစ်အများဆုံး နိုင်ငံအာဏာကိုယူခဲ့တဲ့သူတစ်ယောက်လို့ ကျွန်တော်တို့မှတ်တမ်းတင်ရမှာပါ။ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနေနဲ့ တိုင်းပြည်ရဲ့အပြောင်းအလဲတွေကို စိုးရိမ်တယ်ဆိုတဲ့ဟာက ဒီကနေ့ကျွန်တော်တို့သွားနေတဲ့ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲမှု အခြေအနေဟာ ဒီမိုကရေစီလမ်း ပြုပြင်ပြောင်းလဲရေးကိုသွားနေတယ်။ ကျွန်တော်တို့တိုင်းပြည်ကို တကယ်ပြုပြင်ပြောင်းလဲမှုကို တည်ဆောက်မယ်လို့ သမ္မတဦးသိန်းစိန်ကလည်း ကတိက၀တ်ပေး ထားတယ်။ ဦးသိန်းစိန်ရဲ့နိုင်ငံပြုမိန့်ခွန်းပေါ့ဗျာ။ သူပထမ စစတက်ခြင်း မိန့်ခွန်းမှာကို တိုင်းပြည်မှာ တကယ်သိသာထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေလုပ်မယ်ဆို တာကို ပြည်သူပြည်သားအားလုံးကို ကတိက၀တ်ပေးပြီးသားပါ။ အခုနိုင်ငံရေးအခြေအနေနဲ့ ကျွန်တော်တို့ဟာ နောက်နှစ်မှာဆိုရင်(၂၀၁၄) အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူရပါတော့မယ်။ ကမ္ဘာ့ရဲ့ကွင်းထဲကို ၀င်ရပါတော့မယ်။ နိုင်ငံတကာကနေပြီးတော့ လေးစားလောက်တဲ့ နိုင်ငံရေးအခြေအနေရှိရပါတော့ မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကတောီ့န်နျအသွသလနမညာနညအ ပေါ့ဗျာ။ အာဏာသိမ်းထားတဲ့အစိုးရပေါ့။ နိုင်ငံတကာနဲ့ ယှဉ် လို့ရှိရင် နိုင်ငံရေးအဆင့်ဟာ အသိ အမှတ်ပြုရုံလေးပြုထားရတဲ့အခြေအနေပါ။ အခြေအနေအရအသိ အမှတ်ပြုထားရတဲ့အခြေအနေပါ။ ဒီကနေ့ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းဟာ ပြည်သူကရွေး ချယ်တင်မြောက်ထားတဲ့အစိုးရပါ။ ဂုဏ်သိက္ခာခြင်းတစ်ခြားစီပါပဲ။ ပြီးတော့ကျွန်တော်တို့ တိုင်းပြည်မှာပြုပြင်ပြောင်းလဲမှုကိုသွားနေတယ်။ တကယ်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ဆိုလို့ရှိရင် (၂၀၀၈)ဖွဲ့စည်းပုံဟာ ပြင်ကိုပြင် ရလိမ့်မယ်။ (၂၀၀၈)ဖွဲ့စည်းပုံပြင် နိုင်ဖို့အတွက်ဆိုရင် ဒီ(၂၀၀၈)ဖွဲ့ စည်းပုံမှာ ပြင်လို့မရလောက်အောင်ကိုထိန်းချုပ်ထားတဲ့ ဗာနညိာနညအ ဏမသခနိကမန ပေါ့ဗျာ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ခြင်းဥပဒေ အခန်း(၁၂)ပေါ့။ ဒါကိုကျွန်တော်တို့ပထမဆုံး ပြင်ရပါလိမ့်မယ်။ သူဘာကိုစိုးရိမ် လည်းတော့မသိဘူးဗျ။ ဒီကနေ့ တိုင်းပြည်မှာ သွားနေတဲ့အခြေအ နေဟာ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေဘက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို ကျွန်တော်တို့ပြောကြပါတယ်။ ဆိုလိုတာက ကျွန်တော် တို့ မြန်မာတစ်မျိုးသားလုံးမှာ ကျွန်တော်တို့တိုင်းရင်းသားအားလုံးအပါအ၀င် ကျွန်တော်တို့နိုင်ငံသားအားလုံးဟာ တစ်စီးတစ်လုံးတည်း တိုင်းပြည်ကိုတည်ဆောက် ချင်တယ်။ ဒီတစ်မျိုးသားလုံး ပြန်လည်စုစည်းညီညွတ်မှုကိုရချင်ပြီ။ ကျွန်တော်တို့သမိုင်းမှာ နှစ်ပေါင်းများစွာ နှစ်(၅၀၊၆၀)နီးပါးပေါ့။ ကျွန်တော်တို့ကွဲခဲ့တာပေါ့။ အဲ့ဒီ ကွဲခဲ့တဲ့ရလဒ်ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက်သောအာဏာရှင်တို့ဟာ ဗိုလ်ချုပ်နေ၀င်းပေါ့၊ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေပေါ့ ဒီခေတ်တွေမှာ ကျွန်တော်တို့နိုင်ငံမှာ စည်းလုံးညီညွတ်မှုမရခဲ့ပါဘူး။ အခုကျွန်တော်တို့သွားနေတဲ့ တိုင်းပြည်မှာ တကယ့်စည်းလုံးညီညွတ်မှုသူငိမေငအပ ပေါ့ဗျာ။ ဒီသွေး စည်းညီညွတ်မှုကိုရအောင် ကျွန်တော်တို့သွားနေကြတယ်။ သွားနေတော့ဒီသွားနေတဲ့အပေါ်မှာရော ဒီပြုပြင်ပြောင်းလဲမှုဟာ အရှိန်အဟုန်မြန်နေလို့စိုးရိမ်တာ လား။ ဒါမှမဟုတ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဘယ်နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာမှမပါတဲ့ အပိုဒ်ပေါ့ဗျာ။ နောက်ကြောင်းပြန်ပြီး တရားစွဲခွင့်မရှိရဆိုတဲ့ဟာ။ ဒါကို ပဲစိုးရိမ်တာလား။ ကျွန်တော်တို့ဆိုလိုတာက အမျိုးသားပြန်လည်သင့် မြတ်ရေးကိုသွားမယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ဒါပေမဲ့သမိုင်းဟာတော့ သမိုင်းအဖြစ်ကျန် ရမှာပါ။ အမှန်တရားကိုဖော်ထုတ်တဲ့နေရာမှာတော့ အမှန်တရားအဖြစ်ပဲကျန်ရမှာပါ။ ပြန်လည်ပြီးတော့ အရေးယူခြင်း၊ တုံ့ပြန်ခြင်းဆိုတဲ့ဟာမျိုးကိုတော့ ကျွန်တော်တို့စဉ်းစားထားမဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းကိုတော့အမှန်အဖြစ်ဖော်ထုတ်ရမှာပါ။ ဒါကတစ်ပိုင်းပါ။ ကျွန်တော်တို့ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးကို သွားနေတဲ့အခါမှာ ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့ဗျာ၊ (၂၀၁၅)ရွေး ကောက်ပွဲမှာ တိုင်းရင်းသားအားလုံးပေါင်းစုံပါဝင်တဲ့ ရွေးကောက်ပွဲ မျိုးကျွန်တော်တို့ဖြစ်စေချင်တယ်။ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ လွှမ်းခြုံတဲ့ရွေးကောက်ပွဲမျိုးဖြစ်စေချင်တယ်။ အဲ့ဒီလိုမျိုးဖြစ်နိုင်ဖို့ဆိုရင် (၂၀၀၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံးပြင်ရပါလိမ့်မယ်။ အဲ့ဒီမှာ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကိုယ်ပိုင်ပြဋ္ဌာန်းနိုင်မှု ကိုကန့်သတ်ထားတဲ့ အချက်တွေကို ပယ်ဖျက်ပေးနိုင်ရပါလိမ့်မယ်။ ပြီးတော့ ဒီမိုကရေစီနဲ့အချိုးမကျတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို အဟန့်အတာဖြစ်စေတဲ့အချက်တွေကိုလည်း ကျွန်တော်တို့ ပြင်ဆင်ရပါလိမ့်မယ်။ ဒီကနေ့ကျွန်တော်တို့ဟာ တပ်မတော်ကို သီးခြားနိုင်ငံ သားအခွင့်အရေးတွေဆိုပြီးပေးနေရတဲ့ပုံစံမျိုးဖြစ်နေတယ်။ ကျွန် တော်တို့ဆိုလိုတာက တပ်မတော်ဟာ မြန်မာ့နိုင်ငံရဲ့ကာကွယ်ရေးကိုတာဝန်ယူထားတဲ့ တပ်မတော်ဖြစ်စေချင်တယ်။ ပြည်သူကနေ ကိုယ်စားပြုတဲ့ တပ်မတော်မျိုးဖြစ်စေချင်ပါတယ်။ ပြည်သူနဲ့တစ်သားတည်းဖြစ်နေတဲ့တပ်မတော်ပဲဖြစ်စေချင်တယ်။ ကျွန်တော်တို့က တပ်တော်ရဲ့အခန်းကဏ္ဍဆိုတဲ့ဟာ မျိုးကိုလည်း ကျွန်တော်တို့ဟာလုံးဝပယ်ချနေခြင်း၊ တိုက်ခိုက်နေခြင်းမဟုတ်ပါဘူး။ ဒီကနေ့ဖြစ်နေတဲ့အပြောင်းအလဲတွေမှာ လုံခြုံရေး အရတပ်မတော်ရဲ့အခန်းက ဏ္ဍဟာရှိရမယ်ဆိုရင် ကျွန်တော်တို့ဆိုလိုချင်တာဥပဒေရှိတယ်၊ လွှတ်တော်ရှိတယ်၊ တရားဥပဒေဆိုတာရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးကိုပဲ ကျွန်တော်တို့သွားရ ပါလိမ့်မယ်။ တပ်မတော်ဟာ ကာကွယ်ရေးတာဝန်အနေနဲ့လည်း ဒီလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ယူလို့ရပါတယ်။ သီးခြားအခန်း ကဏ္ဍကြီးအနေနဲ့ ယူစရာ မလိုပါဘူး။ ဒါပေမဲ့လို့ အခုကျွန်တော်တို့နိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ငြိမ်းချမ်းရေးကိစ္စတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာပြင်ဆင်ရေးကိစ္စတွေ (၂၀၁၅)ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိဖို့ဆိုတာတွေ တိုင်းပြည်ရဲ့ ပြန်လည်ထူထောင် ရေးကိစ္စတွေ၊ တိုးတက်ရေးကိစ္စ တွေ၊ ဒီလိုမျိုး ကျွန်တော်တို့နိုင်ငံမှာ လုပ်စရာကိစ္စတွေအများကြီးရှိသေးတယ်။ ဒီဟာတွေကို ကျွန်တော်တို့ဟာ အချိန်မလုံလောက်ဘူးဆိုပြီး တော့ ရပ်နေလို့မရပါဘူး။ ဓားမတို နေလို့ရှိရင် ရှေ့တစ်လှမ်းတိုးခုတ် ရမှာပဲ။ အဲ့ဒီတော့ကျွန်တော်တို့ မှာ ရွေးချယ်စရာမရှိဘူး။ အားလုံးကို တစ်ပြိုင်နက်တည်း မြန်မြန် ဆန် ဆန်ပြုပြင်ပြောင်းလဲ ဖို့လိုအပ်တယ်။ ဒီလိုလိုအပ်မှုတွေကို ကျွန်တော်တို့အားလုံးညီညီညွတ်ညွတ် နဲ့ နိုင်ငံသားအားလုံးဟာ ၀ိုင်းဝန်း ပြီးတော့ ရုန်းနိုင်ကြဖို့လိုအပ်တယ်။ ဒီကနေ့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်နေတဲ့အဖွဲ့ဟာလည်း တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ကို တကယ်ဖော်ဆောင်မဲ့သူတွေ လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ နောက်ဆုံးတစ်ခုကျွန်တော် မေးပါရစေ။ ပြည်သူတွေကြားမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ (အငြိမ်းစား)ကနေပြီးတော့ မြန်မာ့နိုင်ငံရေးအပေါ်မှာ စိုးရိမ်တာနဲ့ ပတ်သက်လို့ လူထုကြားမှာပြော နေတဲ့ဟာတွေကတော့ သူတို့ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိုးရိမ်မှပဲ လူထုကနေအခုမှစပြီးတော့စိုးရိမ်သွားတယ်လို့ ပြောနေတာတွေလည်းရှိပါတယ်။ ရပ်ကွက်ကျေးရွာတွေထဲမှာ သဘောက ဗိုလ်ချုပ်မှူးကြီး သန်းရွှေစိုးရိမ်တာက နိုင်ငံရေးအနာဂတ်ကိုစိုးရိမ်တာလား၊ သူ တည်ဆောက်ထားတဲ့ တရာဥပဒေ ပြောင်းလဲသွားမှာကို စိုးရိမ်တာလား သူ့ရဲ့သားသမီး၊ ဆွေမျိုး သားချင်းတွေရဲ့အနာဂတ်အတွက် စိုးရိမ်တာလားပေါ့ဗျာ၊ ပြောတဲ့ ဆိုတဲ့လူထုအသံတွေရှိပါတယ်။ အဲ့ဒါလေးကိုဌေးကြယ်လိုရင်းလေး ကိုပြောပြပေးပါ။ လူထုဆန္ဒက ဘယ်လိုဖြစ်နိုင်လည်းဆိုတာကိုပေါ့။ ပြည်သူတွေကြားထဲမှာပေါ့ဗျာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အခုအချိန်အထိ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက် နေတုန်းလို့ပြောကြာတာပဲ။ ကျွန်တော်တို့မယုံပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူကတစ်၊ ပြည်သူကနေပြီးတော့ရွေးချယ်တင်မြောက်ထားတားတဲ့ နိုင်ငံရဲ့ကိုယ် စားလှယ်ဆိုတဲ့အစိုးရအဖွဲ့ဟာ လုပ်ပိုင်ခွင့်အပြည့်ရှိရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ကောင်းခြင်း၊ ဆိုးခြင်း ကိုတာဝန်ခံတဲ့အဖွဲ့ပဲဖြစ်ရပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့အုပ်ချုပ်တဲ့ခေတ်က ကုန်သွားပါပြီ။ အဲ့ဒီအတွက်ဗိုလ် ချုပ်မှူးကြီးသန်းရွှေဟာ ဒီလိုစိုးရိမ် တယ်ဆိုလို့ရှိရင်လည်း လူကြီးတစ် ယောက်ရဲ့စိုးရိမ်ခြင်းမျိုးပဲထားလိုက်ပါတော့။ ဆိုလိုတာက ကျွန်တော်တို့တိုင်းပြည်မှာ ပြောင်းလဲစရာရှိ တာတွေကိုရဲရဲဝံ့ဝံ့ပြောင်းလဲရပါ လိမ့်မယ်။ သူရဲ့သား၊ သမီး၊ မြေး၊ မြစ်တွေ ပိုင်ဆိုင်မှုဥစ္စာတွေ၊ ဧရာမကြီးကျယ်လှတဲ့ စီးပွားရေးကုမ္ပဏီကြီးတွေ ဒါတွေရဲ့အနာဂတ်ကို စိုးရိမ်သလား၊ အဲ့ဒါတော့ တရာဥပဒေရှိပါတယ်။ တရားမျှတမှုအတွက်ပဲ လူအဖွဲ့အစည်းကရပ်တည်ရပါလိမ့်မယ်။

ဧရာဝတီဟာ အချုပ်အနှောင်နဲ့စီးဆင်းခဲ့ရတာ နှစ်ပေါင်း ၆၀ မက တော့ပါဘူးဗျာ။ အင်္ဂလိပ်ကျွန်ဘ၀၊ ဂျပန်ဖက်ဆစ်လက်အောက်ဘ၀၊ တရုတ်ကျူးကျော်မှုအကြိမ်ကြိမ်တွေရဲ့ အကြား ၁၉၆၂ကနေ ၂၀၁အထိ အာဏာရှင်တွေရဲ့လုပ်ချင်တိုင်းလုပ်တာပြုသမျှ နုခဲ့ရတဲ့ဧရာဝတီရဲ့ ရေပြင် ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေများလှပါပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာ ဆုံးရေးဆွဲခဲ့ရတဲ့ဖွဲ့စည်းပုံအခြေခံဥပ ဒေကြီး(၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ)လည်း စိတ်ကြိုက်ရေးဆွဲခဲ့ကြပြီ ဗျာ။ စိတ်ကြိုက်ရွေးကောက်ပွဲလည်း ကျင်းပချင်သလို ကျင်းပပြီးကြပြီဗျာ။ ကမ္ဘာ့အထူးဆန်းဆုံးမြို့တော်ကြီးနေပြည်တော်ကြီးကိုလည်း သူတို့ စိတ်တိုင်းကျ လက်ရွေးစင်ခရိုနီကြီးငယ်တွေကို ကန်ထရိုက်တွေပေးပြီး ကုဋေကြယ်သူဌေးတွေ ဖြစ်စေခဲ့ပြီးပြီဗျ။ မြစ်ချောင်းမရှိတဲ့အရပ်မှာပဲ အင်္ဂတေတွေ ပင်လယ်ပြင်လိုခင်းထားတဲ့မြို့ကြီးတစ်မြို့၊ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီးပြီဗျာ။ စိတ်ကြိုက်နိုင်ငံရေးပုံစံလည်း ပြောင်းလဲခဲ့ပြီးပြီ။မြန်မာပြည်ဟာ အခုမှ လွတ်လပ်စငှက်ငယ်တစ် ကောင်လို အပျံသင်စပျံသန်းနေပါပြီ။ ပြီးခဲ့တဲ့အပတ်က မြန်မာ့ရိုး ရာသီတင်းကျွတ်ပွဲတော်မှာ ကျုပ်တို့ ရဲ့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးက သူတို့ရဲ့လူကြီးဟောင်းအဘကြီးကို သွားရောက်ဂါရ၀ပြုခဲ့တယ်။ ဒါကတော့ လူသားတိုင်း ကိုယ့်ဆန္ဒကိုယ်ပိုင် ဆန္ဒနဲ့ ကြိုက်တဲ့လမ်းရွေးခွင့်ရှိပါတယ်။ ကန်တော့ပိုင်ခွင့် ဂါရ၀ပြုပိုင်ခွင့် ရှိပါတယ်။ သြ၀ါဒစကားတွေလည်း နာယူပိုင်ခွင့်ရှိပါတယ်။ ကိုယ်ကြိုက်လို့ ကိုယ် သွားဂါရ၀ပြုတာပဲ။ “ပြဿနာက မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း သူမှာ စိုးရိမ်စိတ်တွေ ရှိနေပါတယ်”ဟူသော ကိစ္စအတွက်တော့ ကျယ်ပြန့်တယ် ဗျာ။ ဘာတွေကို စိတ်ပူနေတာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေက ၂၀၁၅မှာ ဘယ်သူ့ကို သမ္မတ ဖြစ် စေချင်နေတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့် ဘယ်လို လုပ်သင့်တယ် ဘယ်လိုကိုင်သင့်တယ်ဆိုတာတွေ အကြံဉာဏ်တွေ၊ အယူ အဆတွေ နည်းနာတွေပေးလိုက်သေးသလားဆိုတာတွေ ကျုပ်တို့ ဆက် စဉ်းစားရတော့မယ်။ အကယ်၍ မင်းကတော့ သမ္မတဖြစ်အောင်လုပ်၊ ဒေါ်အောင်ဆန်း စုကြည်ကို ဘယ်လိုနေရာထား လက်ရှိသမ္မတဦးသိန်းစိန်ကတော့ ဘယ်လို၊ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုတော့ ဘယ်လိုဆိုတာတွေ ဆက်ညွှန်ကြားတာတွေ လမ်းညွှန်တာတွေ အကြံပေးတာတွေမပါခဲ့ဘူးလို့ ပြောလို့မရဘူးလေ။ သီတင်းကျွတ်ကန် တော့ကျတယ်ဆိုမှတော့ ချက်ချင်းကန်တော့ပြီးထပြန်မှာတော့ မဟုတ် ဘူး။ လက်ဖက်ကလေးစား ရေနွေးလေးသောက်နဲ့တော့ အနည်းဆုံး ၁နာရီ ၂နာရီတော့ ကြာမှာပဲ။ “ဒီနေရာမှာ ကျုပ်တစ်ခုသွားသတိရမိတယ်။ ခရစ်ယာန်သမ္မာ ကျမ်း စာဓမ္မဟောင်း ထွက်ခြောက်ရာကျမ်းမှာ အဲရတ္တ(ယခု အီဂျစ်ပြည်) ကနေ့ ဂျူးတွေ(ဣသနေလတွေ)ကို ကယ်တင်ပြီး ဆိုင်းနိုင်းသဲကန္တရကို ဖြတ်လာ သောအခါ ခါနန်ပြည်(ယခု အစ္စရေးပြည်)ကို ရှာဖွေနေကြတဲ့ ဂျူးတွေကို တောင်ခြေမှာစခန်းချခိုင်းပြီး မိုးခက်ကတောင်ဘေးမှာ ဘုရားသခင်နဲ့ သွား တွေ့ဆုံပြီး တောင်အောက် ပြန်ဆင်းလာတယ်။ ဘုရားသခင်ရဲ့ ညွှန်ကြား ချက်ပညတ်တော် ၁၀ ပါးကို ကျောက်သားပေါ်မှာ ရေးထွင်းပြီး မိုးခက် ပြန်ဆင်းလာတယ်။ ဂျူးတွေကို ပညတ်တော် ၁၀ပါးကိုပြတယ်။ ကျုပ်သဘောအရတော့ နားသွားပြီပဲဗျ။ နားလိုက်တော့ပေါ့။ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဦးနေ၀င်းလည်း နားပေးသွားတာပါပဲ။ ဦးနေ ၀င်းမရှိတော့ ဆက်တက်လာတဲ့ နောက်လူတွေလည်း သူ့ဘာသာ သူ တော့ နားသွားခဲ့ကြတာပဲ။ ပိုတော့ ဆိုးသွားကြတာပေါ့ဗျ။ ဒါပေမဲ့ ကျုပ်တို့ မြန်မာတွေကလည်း ဆင်းရဲမွဲတေတဲ့ ဒဏ်ကို ခံနိုင်နေကြပါပြီ။ ဆင်းရဲလို့ ကုန်းကောက်စရာမှ မရှိတော့တာဗျ။ ဘာကိုစိုးရိမ်စရာရှိတော့လို့လဲ။ ဘာမှမရှိတော့တဲကျုပ်တို့မြန်မာပြည်သူတွေ ဘာကိုစိုးရိမ်စရာတစ်ခုမှကို မရှိတော့တာ။ တဲစုတ်ကနေ ရေခဲသေတ္တာလည်း ပျောက်စရာကို မရှိဘူး ဗျ။ တဲစုတ်မီးလောင်သွားတော့လည်း ငုတ်တုတ်ကလေး ထိုင်ကြည့်နေ လိုက်ရုံပေါ့ဗျ။ မီးသတ်ပိုက်ခေါင်းတို့ မီးသတ်သမားတို့လည်း အလုံ အလောက်မှမရှိတာ။ လာသတ်လို့လည်း သေရမှာ မကြောက်ကြတော့ဘဲ မြန်မာတွေဘ၀ပဲဗျာ။ ကျုပ်တို့ပြည်သူ သန်း ၆၀ မှာ ၉၉%ကတော့ မစိုး ရိမ်ပါဘူးဗျို့။ သန်းခါင်ထက် ညဥ့်လည်း မနက်တော့ပါဘူး။ နူနေပါတယ် ဆိုနေမှ ၀ဲစွဲမှာလည်း မစိုးရိမ်မိတော့ပါဘူး။ ကျားကိုက်ခံထားရပါ တယ်ဆိုမှ အပေါက်ကလေးနဲ့လားလို့ စိုးရိမ်တဲ့အမူအယာနဲ့လူနာလာ မေးသ လို့ဗျို။ လူထုကို စော်ကားနေတာများလားဗျ။ လုပ်ဇာတ်ကြီးပါဗျာ။ ခြံ စည်းရိုးပေါ်ခွထိုင်နေတာ အရှင်းသားကြီးမြင်နေရတယ်။ ၂၅နှစ်လုံး လုံး ဒေါ်အောင်ဆန်းစုကြည်ကို “ကုလားမ”လို့သာ တွင်တွင်ပြောခဲ့ကြ တဲ့သူတွေပဲ။ အခုတော့ အမကြီး အမကြီးနဲ့ လုပ်နေကြပြန်ပြီ။ ရယ်ချင် တယ်ဗျ။ အံ့သြလွန်းလို့လဲသေတောင်သေချင်တယ်။ မြေမှာ လျှာနှစ်ခွရှိ တယ်ဆိုတာ ဟုတ်တယ်ဗျ။ အခုပွဲကလေးကောင် ဂျင်ထိုးသလို လေး ကောင်စလုံးကို အောပြီးထိုးထားတာ။ ကြက်ရော၊ ဖားရော၊ ၀က်ရော၊ ငါးရှည့်ရောကို မလွတ်တမ်းထိုးထားတာ နိုင်ငံရေးလုံးဝကစားနေတာ တွေ့ရတယ်။ ကျုပ်တို့မြန်မာတွေကို မြန်မာပြည်သူတွေကို မြန်မာနိုင်ငံတော်ကြီး ကို လုံးဝ လုံးဝ မစိုးရိမ်ပါနဲ့ဗျာ။ ကျုပ်တို့က တစ်ကိုယ်လုံး နူနေပါပြီ။ ၀ဲရော ဂျွတ်ရော၊ ပွေးရော ထပ်စွဲလို့လည်း ဘာမှမထူးတော့ပါဘူး။ စိုး ရိမ်တယ်ဆိုတဲ့စကားက သူတို့ဆွေမျိုးသားချင်းတွေ၊ သားသမီးတွေ မြေးတော်မြစ်တော်တွေရဲ့ နောင်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့မြန်မာပြည်ရဲ့သမိုင်းမှာ အနော်ရထာမင်းတရားကြီးမရှိ တော့လည်း ကျန်စစ်သားမင်းကြီးဆိုတာ ပေါ်လာတာပါပဲ။ တကယ်လို့ ပုဂံနိုင်ငံတော်ကြိးကို အနော်ရထာ ထူထောင်ခဲ့တာမှန်ပေမဲ့ ကျန်စစ်သား မင်းကြီးက ဆက်လက်ထွန်းကားအောင်တည်ဆောက်ခဲ့ရတာပဲ။ ဒုတိယ မြန်မာနိုင်ငံတော်ကလည်း တပင် ရွှေထီးမရှိတော့ ဘာမှဖြစ်မသွားပါဘူး။ ဘုရင့်နောင်ကျော်ထင်မင်းတရားကြီးဆိုတာ မြန်မာအင်ပါယာ ထူထောင် ခဲ့သေးတာပဲ။ တတိယမြန်မာနိုင်ငံတော်ကို ကြည့်ပြန်တော့ အလောင်းမင်း တရားကြီးဦးအောင်ဇေယျ၊ ယိုးဒယား မြို့တော် အယုဒ္ဓယကို ၀ိုင်းထားရင်း ဖျားနာလို့ မြန်မာတပ်မတော်ကြီး အယုဒ္ဓယကနေစစ်ဆုတ်ခဲ့ရတယ်။ ဘီးလင်းနယ်၊ ကင်းရွာရောက်တော့ အလောင်းမင်းတရားကြီး ကံကုန် တယ်။ မြန်မာ့တပ်မတော်ကြီး ဘာမှမဖြစ်ခဲ့ပါဘူး။ မြန်မာနိုင်ငံတော်ကြီး ဘာမှမဖြစ်ခဲ့ပါဘူး။ သားတော်မြေဒူးမင်းသားက ဆင်ဖြူရှင်ဘွဲ့ခံပြီး မြန် မာနိုင်ငံတော်ကြီးကို အကြီးမားဆုံးထူထောင်နိုင်ခဲ့သေးတာပဲ။ ကျုပ်တို့ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်နှင့်ဝိုင်ဒီးတိုးတိုးအိတ်၊ ကျောင်းမှာတိုးတိုးတိတ်တိတ်ပြောခဲ့ ကြရတာ မှတ်မိသေးတယ်။ ဦးနေ၀င်း မရှိတော့င် မြန်မာပြည်ဘာတွေဖြစ်မလဲမသိဘူး။ တိုင်းပြည်ပျက်မလား မပျက်လားပေါ့ဗျ။ တကယ်တမ်းကျတော့ အာဏာရှင်ဦးနေ၀င်းတောင် မသေဆုံးရခင်ကတည်းက န၀တရဲ့ အကျဉ်းသားဘ၀ကိုကျရောက်သွား ခဲ့ရတာပဲ မဟုတ်လား။ မြန်မာပြည်နိုင်ငံရေးက သိပ်ခန့်မှန်းရခက်တယ်။ ဒီကနေ့ ဧကရာဇ် နောက်တစ်ရက် အကျဉ်းသားဖြစ်ချင်ဖြစ်တတ်တာ။ ဒီကနေ့သူဌေး မနက်ဖြန်အကျဉ်းသားဖြစ်ချင်ဖြစ်တာ။ ဦးနေ၀င်းလည်း ကြောက်ရ၊ ဦးနေ၀င်းမြေးတွေလည်း ကြောက်ခဲ့ရပြီးပြီ။ အခုလည်း အဘလည်း ကြောက်ရ၊ အဘမြေးလည်းကြောက်ရဖြစ်နေဦးမှာလား ကြောက်လို့ကို မကုန်နိုင်တော့ဘူး။ ဒီနေရာမှာ ကျုပ်မိတ်ဆွေတစ်ဦးဖြစ်တဲ့ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်က တစ်ခါပြောဖူး တယ်။ သမ္မတကြီးဦးသိန်းစိန်ကို ကြည့်ရတာ ငါတော့မကြောက်သလို ဖြစ်နေတယ်တဲ့။ ခင်ချင်စရာကောင်း သလိုတောင် ဖြစ်နေတယ်တဲ့။ အဲဒါသမ္မတ ဦးသိန်းစိန်ရဲ့အောင်မြင်မူပဲ။ မယုံရင် မိုးသီးဇွန်ကို ဖုန်းဆက်ပြီး မေးကြည့် လို့ရတယ်။ ဦးသိန်းစိန်က မဟုတ်တာ တစ်ခုမှမလုပ်ခဲ့တာဘဲဗျ။ မြေသိမ်း၊ လယ်သိမ်းတာလည်း မကြားဖူးဘူး။ ကျုပ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ခင်တယ်။လေးစားတယ်။ ထောက်ခံတယ်။ သမ္မတဦးသိန်းစိန်ရဲ့လူထုအတွက် အကျိုး ရှိမယ့်လုပ်ရပ် တွေ လုပ်လာလေတယ်။ အောက်တိုဘာ သုဝဏ္ဏဘောလုံးကွင်းမှာ တက္ကသိုလ်များဘော လုံးပွဲလုပ်တယ်။ အဲဒီတက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌက အဘ ဟောင်းကြီးရဲ့မြေး။ ဘယ်သူက သူ့ကိုတက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌခန့်လိုက်သလဲမသိဘူး။ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အား/ကာ ခန့် တာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ခန့်တာလား။ ဒါမှမဟုတ် ကိုယ့်ဘာသာခန့်တာလား ဆိုတာ မေးချင်တယ်။ တက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌအဆင့်ဆိုတာ နည်းတာမှတ် လို့ဗျ။ အင်မတန်အခိုင်အမာရှိတဲ့သူတွေ လုပ်သင့်တာပေါ့။ ဒါနဲ့ ဘော လုံးပွဲမှာ ဘောလုံးကောက်တဲ့ကောင်လေးတွေက တစ်ပွဲလုံးအတွက် ဘော လုံးကောက်ခ တစ်ယောက်ကို ၁၈၀၀ ကျပ်တောင်းတယ်။ အဲဒါကို တက္က သိုလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကများလို့တဲ့မပေးနိုင်ဘူးတဲ့”လို့ ဘော လုံး ကွင်းထဲမှာ ပြောလိုက်တယ်။ သူ့အဖိုးက လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းမဟုတ် တော့ဘဲနဲ့တပ်ထဲက ရဲဘော်လေးတွေခေါ်ပြီး ဘောလုံးကောက်ခိုင်းမယ်လို့ သူ့ ပါးစပ်က ထွက်သွားတဲ့ စကားက တော်တော်ကို အာဏာရှင်ဆန်နေတာတွေ့ရတယ် ။ တပ်မတော်ထဲက တပ်မတော်သား လေးတွေကို သူ့အဖိုးကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့က ကြေးစားစစ်သားတွေလို့ သဘောထားနေ သလိုဖြစ်နေတယ်။ တပ်မတော်သားတွေရောတပ်မတော်ကြီးပါ သိက္ခာကျစေတဲ့ စကားပဲဗျ။ မြန်မာ့ တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တာ။ ပြည်သူတွေပဲပိုင်တာ။ ဘယ် ဗိုလ်ချုပ်ကြီးနဲ့ ဟိုဗိုလ် ချုပ်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကမှပိုင်ခွင့်မရှိဘူးဗျ။ အဖိုးကတစ်မျိုး၊မြေးက တစ်မျိုးဗျ။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကြီး ဒီဝါကျွတ်သီတင်းကျွတ်မှာ သွားပြီး ဂါရ၀ပြုနေတဲ့ အချိန် ကြားသိခဲ့ရတဲ့ မြန်မာပြည်ရဲ့အခြေအနေကို အဘကြီးက စောင့်ကြည့်နေကြောင်း၊ စိုးရိမ်ပူပန် ပါကြောင်းဆိုတဲ့သတင်းကို ကျုပ်တို့ မြန်မာပြည်သူတွေ တုံ့ပြန်ချင်တာက ဘာမှလည်း စိတ်မပူပါနဲ့တော့။ ဘာမှလည်းမစိုးရိမ်ပါနဲ့တော့။ နောက်ကွယ်ကလည်းမနေပါနဲ့တော့။ ရှေ့ကိုလည်း ပြန်ထွက်မလာပါနဲ့ တော့လို့ ကျုပ်တို့ မြန်မာပြည်သူတွေလက်ရှိသမ္မတ၊ လွှတ်တော်၊ မြန်မာ့တပ်မတော်၊ ဒေါ်အောင်ဆန်း စုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညီညီညွတ်ညွတ်ပဲ ကောင်းရာမွန်ရာလမ်းကြောင်းကို ဆက် လက်ချီတက်ပါရစေတော့။ အချုပ်အချယ်အောက်မှ နှစ် ၆၀ စီးခဲ့ရလေသော ဧရာဝတီရေ၊ ဒီတစ်ခါတော့ လွတ်လပ်စွာ စီးဆင်းပေလေတော့လို့ ကျုပ်တောင်းဆို လိုက်တယ်ဗျ။ အာဏာရှင်ဝါဒ မုချချုပ်ငြိမ်းရမည် စစ်သူရဲဗလမင်းထင်