Nay Zaw

17 Added | 1 Magazine | 4 Likes | @Nipro | Keep up with Nay Zaw on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Nay Zaw”

Simple tips for flat belly

image: © Sergey / Fotolia<p>Here I am going to point out some of the simple tips that will help you to get a flat belly.<p><b>Do not expect too much at the</b> …

Log In or Sign Up to View

See posts, photos and more on Facebook.

Bradley Cooper and Suki Waterhouse make loved-up appearance at White House dinner

<b>Bradley Cooper</b> and <b>Suki Waterhouse</b> looked inseparable as they arrived hand in hand to the White House for a state dinner hosted by Barack Obama and …

Julia Louis-Dreyfus

First trailer and poster for Paul Walker's final completed film Brick Mansions

Ahead of its release in April, Relativity Media has debuted the first poster and trailer for the <b>District 13</b> remake <b>Brick Mansions</b>, the final completed …

Ring Master: Matt Aitken talks about The Hobbit: The Desolation of Smaug

<b>Trevor Hogg chats with Matt Aitken about a shape-shifter, Elves who live underground, and the awakening of a dragon named Smaug….</b><p>Matt Aitken<p>“We grew …

Star Wars OL

Bold lips and radiant skin: Recreate the "mod maven" beauty look with @stilacosmetics instructions now on the RM.edit blog

#azarialamode #fashion #ootd #style #BLAKELIVELY WEARING #MICHEALKORS – MICHAEL KORS FALL 2014 FRONT ROW #frontrow #nyfw #mbfw

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှသည် ... လွန်ခဲ့သည့် နှစ်ပေါင်း ၉၉ နှစ်အချိန် ၁၉၁၅ ခုတွင် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မထင်မရှား နတ်မောက်မြို့ကလေး၌ တစ်နေ့မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ အောင်ဆန်းဟု အမည်တွင်စေမည့် အကြီးကျယ်ဆုံး လူသားတစ်ဦးကို မွေးဖွားခဲ့သည်။ ယင်းနေ့သည် မြန်မာ့သမိုင်း၏ အနာဂတ်အတွက် အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာမည့် လမ်းစပင်ဖြစ်သည်။ ယင်းနေ့သည် နောင်တစ်ချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကလေးသူငယ်များနေ့ဟူ၍ ဂုဏ်ပြုသတ်မှတ်ရလောက်အောင် သမိုင်းတွင် ကျန်ရစ်ခဲ့သော ဖေဖော်ဝါရီ ၁၃ ရက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ခြယ်မှုန်းမည်ဆိုလျှင် စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မေ့ပျောက်ထားခဲ့၍ မရစကောင်းပေ။ ငယ်စဉ်အရွယ် လူမှန်းသိတတ်စ အချိန်ကတည်းက မဟုတ်မမှန်တာမပြောဆို ရွံမုန်းခဲ့သည့် မောင်ထိန်လင်း၊ တက္ကသိုလ်ကျောင်းသားဘ၀ ကြွားကြွားဝါ၀ါ မနေတတ်ဘဲ ရိုးရိုးကုပ်ကုပ် မှုန်တေတေနေတတ်သည့် ကိုအောင်ဆန်း၊ အနေအထိုင်ဆင်းရဲမှုကို ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်ကာ အပင်ပန်းဆင်းရဲခံ နိုင်ငံအတွက် နေ့ရောညပါ မအိပ်မနေ ကြိုးစားတတ်သည့် သခင်အောင်ဆန်း၊ တစ်နိုင်ငံလုံးက ပြည်သူလူထုကို လွတ်လပ်ရေးအတွက်ဆိုသည့်စိတ်နှင့် တပေါင်းတစည်းတည်း ဖြစ်သွားအောင် လှုံ့ဆော်နိုင်ခဲ့ပြီး ကိုယ်တိုင်လည်း တိုက်ပွဲတွေကြား အသက်စွန့်ကြိုးပမ်းခဲ့သည့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ နောက်ဆုံးတိုင်းပြုပြည်ပြု လွှတ်တော်အတွင်း ရာထူးကြီးကြီး ရခဲ့သော်လည်း အနားယူပြီးချိန်တွင် စာရေးဆရာ ဖြစ်ချင်ခဲ့သည့်၊ တစ်နိုင်ငံလုံး၏ လေးစားမှုကို ခံယူရသော်လည်း တစ်သက်ပတ်လုံး သာမန်လူတစ်ယောက်လို အဆောင်အယောင်တွေမပါ၊ ပကာသနတွေမပါ ရိုးရိုးလေး နေသွားခဲ့သည့် ဦးအောင်ဆန်း။ မြန်မာနိုင်ငံအတွက် သူ့ရဲ့ကျေးဇူးတွေကား များလှသည်။ ယခင်အာဏာရှင်များ လက်ထက်တွင် နိုင်ငံရေးနွှယ်သော ပုဂ္ဂိုလ်ရေး အာဃာတများကြောင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမှောင်ချထားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့် အခမ်းအနားများကို ပြီးစလွယ်မည်ကာမတ္တ ပြုလုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်တုများ၊ ရုပ်ပုံများကိုလည်း ကွယ်ပျောက်သွားအောင် နည်းအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြသည်။ သို့သော် အောင်ဆန်းဆိုသော အမည်နာမသည် ပြည်သူလူထု၏ အသွေးအသားရင်ထဲတွင် နက်ရှိုင်းစွာ နေရာယူခဲ့သည်။ မည်သို့ပင် မေ့ပျောက်သွားအောင်လုပ်လုပ် လွတ်လပ်ရေးဖခင်သည် ပြည်သူတို့၏ရင်ထဲမှ ဖယ်ရှား၍မရခဲ့ပေ။ အသက်သေဆုံးသွားပြီ ဖြစ်သော်လည်း လူသန်းပေါင်းများစွာတို့၏ ရင်ထဲတွင် အာဇာနည် တစ်ယောက်အဖြစ် အမြဲတမ်း ရှင်သန်နေသည်။ အတုယူ အားကျစရာ စိတ်ဓာတ်တွေနှင့် ပြည့်နေသည့် အောင်ဆန်းစိတ်ဓာတ်သည် လူငယ်တွေ၏ရင်ထဲတွင် စီးဝင်နေကြသည်။ ယနေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက် မွေးနေ့ဖြစ်သည်။ တစ်မျိုးသားလုံး၏ လွတ်လပ်ရေးအတွက် အသက်စွန့် ကြိုးပမ်းသွားခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းသာ ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေပါမူ အစစအရာရာ နိမ့်ပါးနေသည့် နိုင်ငံ၊ အချင်းချင်းသွေးစည်းညီညွတ်မှု ပြိုကွဲကာ သူတစ်လူငါတစ်မင်း အလဲလဲအကွဲကွဲ ဖြစ်နေသည့် နိုင်ငံကို ယူကျုံးမရ ဖြစ်ရရှာပေလိမ့်မည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အချိန်အခါတွင် ပါးစပ်ဖျားနှင့်သာ ချီးမွမ်းဂုဏ်ပြုနေမည့်အစား ဗိုလ်ချုပ်အမှန်တကယ် ဂုဏ်ယူဝင့်ကြွားရမည့် နိုင်ငံတစ်ခု ဖြစ်လာစေရန်အတွက် စည်းစည်းလုံးလုံး ၀ိုင်းဝန်းကြိုးပမ်းကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်