Aung Sann Win

50 Flips | 1 Magazine | 2 Likes | @AungSanWin2och | Keep up with Aung Sann Win on Flipboard, a place to see the stories, photos, and updates that matter to you. Flipboard creates a personalized magazine full of everything, from world news to life’s great moments. Download Flipboard for free and search for “Aung Sann Win”

ဆုနဲ့ မထိုက်တန်ကြောင်း ဟားဗတ် မှာ ဒေါ်စု ဆန္ဒပြခံရ --------------------------------------------- စက်တင်ဘာလ ၁၇ ရက်နေ့က ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် ဆုယူဖို့ လာတဲ့အချိန်မှာ ဟားဗတ်ကျောင်းသား အများအပြားရဲ့ ကန့်ကွက်ဆန္ဒပြခြင်းကို ခံခဲ့ရပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဆုကို ဟားဗတ်တက္ကသိုလ် သိပ္ပံဆောင်ခန်းမ၌ ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူချိန် အဆောက် အဦအပြင်ဘက်မှာ နိုင်ငံပေါင်းစုံမှ ကျောင်းသားအများအပြား ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူများက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အနေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးပင် မလုပ်နိုင်ကြောင်း၊ ပဋိပက္ခ များမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အသံတိတ်နေကြောင်းနဲ့ ယခုရရှိတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဆုနဲ့မထိုက်တန်ကြောင်း ရေးသားထားတဲ့ စာတန်းများကိုကိုင်ဆွဲပြသ ခဲ့ကြပါ တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးမလုပ်နိုင်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကို ဟားဗတ်ဖောင်ဒေးရှင်းက ဆုပေးအပ်ခြင်းမှာ မထိုက်တန်ကြောင်း အော်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်။ အခြားအချိန်များက ဆန္ဒပြခံရလျင် သွားရောက်တွေ့ဆုံ မေးမြန်းတာမျိုး ရှိခဲ့ပေမယ့် ဒီတစ်ကြိမ် ဆန္ဒပြခံရချိန် မှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းခြင်းမရှိဘဲ ကားနဲ့ အမြန်ထွက်ပြေးသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခဲ့ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်မှု လုံးဝမရှိခဲ့သလို ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသား ဒေသတွေက စစ်ဘေးရှောင်စခန်းတွေကို လုံးဝသွားရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဟားဗတ်ကျောင်းသားများလိုပဲ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေ ကလည်း ကျေနပ်မှုမရှိကြောင်း သိရပါ တယ်။ ကချင်ဒုက္ခသည်များအရေး ဆောင်ရွက်သူ ဒေါ်မေရီတောင်က “ကချင်ပြည်နယ်မှာ၂၀၁၁စစ်ဖြစ်ကတည်းကဒီ၅နှစ်ကျော်ကာလအတွင်းမှာ ကချင်စစ်ပြေးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးဘာတစ်ခုမှ ပြောတာမျိုးကိုကြား မိတာမရှိဘူး။ဒီလိုမျိုးအခြေအနေတွေဖြစ်နေတဲ့အချိန်မှာဒီဆုကိုဒီလိုပေးလိုက်တဲ့အတွက်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့သူတစ်ဦးအနေနဲ့ကတော့အရမ်းအံ့သြတယ်”လို့ ဆိုပါတယ်။ ရန်ကုန်အခြေစိုက်ရှမ်းလူငယ်အဖွဲ့အစည်းဥက္ကဋ္ဌကိုစိုင်းအောင်မြင့်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လူမှုရေး အလွန်အားနည်းပြီး ဆုနဲ့မထိုက်တန်ဘူး လို့ဆိုပါတယ်။ “ကျနော်တို့ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်မှာဆိုရင်ဒုက္ခသည်တွေရှိတယ်။ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဆီက စကားတစ်ခွန်းမှ ထွက်မလာ သေးဘူး။သူတို့ဘာနဲ့တိုင်းတာပြီးတော့ ပေးတယ်ဆိုတာမသိပေမယ့် မဖြစ်သင့်သေးဘူး”လို့ ဆိုပါတယ်။ တိုင်းရင်းမီဒီယာ သတင်းဌာနဖြစ်တဲ့ ချင်းဝေါလ်မှ ထုတ်ဝေသူ ဆလိုင်းမာန်း ကတော့ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆုပေးတိုင်း မယူသင့်ဘူးလို့ ကျွန်တော်ယူဆတယ်။ လူတွေအမြင်မှာ နိုင်ငံရေးလုပ်တာ ဆုယူနိုင်ငံရေး လို့ ယူဆကုန်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိချိန်က မေးခွန်းထုတ်မှု များသာရှိခဲ့ပေမယ့် အခုနှစ် လူသားချင်းစာနာမှုဆုရရှိချိန်မှာ တော့ မေးခွန်း ထုတ်မှုများသာမက ဆန္ဒပြမှုပါခံနေရတာဖြစ်ပါတယ်။ အထူး သဖြင့် တိုင်းရင်းသားအများအပြားက မကျေမနပ်ဖြစ်နေပြီး အမေရိကန်ခရီး စဉ်မှအပြန် ဆန္ဒပြဖို့ ပြင်ဆင်နေ ကြောင်း သိရပါတယ်။ တော်ဝင်ငြိမ်းမောင် ********************************* မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက "လူသားချင်းစာနာ ထောက်ထားရေးဆု"ပေးအပ် သည့်အပေါ် ဟားဗစ် အစ္စလာမ္မစ် အသိုင်းဝိုင်း ကန့်ကွက်။ ။ ----------------------------------------------------------------------------------------------------------------- (September 18, 2016) မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက လူသားချင်းစာနာ ထောက်ထားရေးဆု ပေးအပ်သည့်အပေါ် ဟားဗစ် အစ္စလာမ္မစ် အသိုင်းဝိုင်း ကန့်ကွက်ခဲ့ကြောင်း သတင်းရ ရှိပါတယ်။ မွတ်ဆလင် ကျောင်းသားတွေနဲ့ အဖွဲ့စည်းတွေ ဟာ ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက ဒေါ်အောင်ဆန်း စုကြည်အား 2016 ရဲ့ လူသားချင်းစာနာ ထောက်ထားရေးဆု အတွက် ရွေးချယ်ခဲ့မှု အား ကန့်ကွက်ခဲ့ တယ်လို့သိ ရပါတယ်။ [MUSLIM students and groups are protesting Harvard Foundation’s selection of Myanmar (Burma) leader Aung Sang Suu Kyi for the “2016 Humanitarian of the Year” award, saying she has done nothing to address the persecution of the Rohingya Muslim minority in her country.] ပြီးခဲ့တဲ့ စနေ နေ့က ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက ဒေါ်အောင်ဆန်း စုကြည်အား 2016 အတွက် "လူသားချင်းစာနာ ထောက်ထားရေးဆု"ပေးအပ် တဲ့ အခန်းအနား ကျင်းပနေ စဉ်အချိန်တွင်း ဟားဗတ် တက္ကသိုလ် အစ္စလာမ္မစ် အသိုင်းဝိုင်း (Harvard Islamic Society) မှ ကျောင်းသားများဟာ အပြင်ဘက်မှာ ကန့်ကွက်ဆန္ဒပြရန် ရပ်စောင့် နေခဲ့တယ်လို့ သိရပါတယ်။ [The Harvard Foundation named Nobel laureate and Myanmar leader Aung San Suu Kyi its 2016 Humanitarian of the Year in a ceremony Saturday, while students from the Harvard Islamic Society stood outside to protest what they consider her silence toward the country’s persecuted Muslim minority.] Credit by: Nyein Chan Aung ===================================================================== အထက်ပါသတင်းနှင့်ပက်သက်၍ အငြင်းပွား လိုသူများအတွက် သက်သေ အဖြစ် သတင်းမူရင်း လင့်များကို ဖော်ပြ ထား ပါတယ်ခင်ဗျာ။ Reference: Muslim Students Criticize Selection of Myanmar Leader for Humanitarian Award http://www.thecrimson.com/article/2016/9/17/students-criticize-suu-kyi/ Muslims rail against Harvard as Suu Kyi named ‘Humanitarian of the Year’ https://asiancorrespondent.com/2016/09/muslims-rail-harvard-suu-kyi-named-humanitarian-year/ Nobel Laureate Aung San Suu Kyi Receives Humanitarian Award As Students Protest Outside http://www.thecrimson.com/article/2016/9/19/suu-kyi-humanitarian-award/?utm_source=thecrimson&utm_medium=web_primary&utm_campaign=recommend_sidebar်

ချစ်သူနဲ့ မင်္ဂလာပွဲဆင်နွှဲတော့မယ့် မင်းဦး ဆယ်နှစ်ကျော်ကြာလက်တွဲခဲ့သည့် ချစ်သူ ခိုင်ဝေသူနှင့် လာမည့် နိုဝင်ဘာလကုန်တွင် မင်္ဂလာပွဲပြုလုပ်မည်ဟု မင်းဦးကပြောသည်။ ‘‘နိုဝင်ဘာလပိုင်းလောက် ကျင်းပဖြစ်မှာပါ။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ ဒင်နာပွဲလေးပဲလုပ်ဖြစ်မှာပါ’’ဟု မင်းဦးက ပြောသည်။ အဆိုပါ မင်္ဂလာညစာစားပွဲကို နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ရန် စီစဉ်ထားပြီး မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ယခုရက်ပိုင်းတွင် အင်းလေးဒေသ၌ ရိုက်ကူးထားကြောင်း ၎င်းက ပြောသည်။ ထို့အပြင် စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်သည့် မွေးနေ့၌ အင်းလေးဒေသတွင် ရုပ်ရှင်ရိုက်ကူးနေ၍ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း မင်းဦးက ပြောသည်။ လတ်တလောတွင် အနုပညာလှုပ်ရှားမှုအဖြစ် ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်တို့နှင့်အတူ အင်းလေးဒေသ၌ စက်တင်ဘာလကုန်အထိ ရိုက် ကူးမည်ဟု သိရသည်။ 7DAY

What You Need To Know About Facebook Changes on Flipboard

Facebook announced changes to the content they’re willing to share with third parties, including Flipboard. We want to give you a head’s up about what this means for you. Here’s what you need to know:<p>If you are among the two percent of readers who views Facebook on Flipboard, we regret to tell you …

သတင်း - အဆိုတော်စန္ဒီမြင့်လွင်၏မွေးနေ့အလှူပုံရိပ်

သတင်း - သရုပ်ဆောင်သစ်ကျော်ထက်နှင့်ဝါရင့်အနုပညာရှင်များပါဝင်တဲ့ သူငယ်ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းသတင်း

သတင်း - Reflection ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပုံရိပ်များ

သတင်း - ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနား

သတင်း - ဆုပန်ထွာရဲ့မွေးဖွားလာမည့်သားဦးရတနာလေးအားကြိုဆိုပွဲ

သတင်း - မင်းသမီးငါးယောက်ဖြင့်ကြော်ငြာရိုက်ကူးနေသော bella Cosmetic

မင်္ဂလာဒုံလေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ မသင်္ကာသူ ၃ဦးနှင့် ပတ်သက်ပြီး သတင်း ...

သတင်း - နီနီခင်ဇော်ရဲ့ အနီရောင် DVD Karaoke စာနယ်ဇင်းမိတ်ဆက်ပွဲ

DVB - တပတ်အတွင်း သတင်း အစီအစဉ်

DVB - တပတ်အတွင်း သတင်း အစီအစဉ်

ကာတွန်း မူးပေါ်

ဖေ့စ်ဘုတ်ရွာရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသသည့် သတင်း

DVB - တိုင်းရင်းသား သတင်း အစီအစဉ် (ချင်း)

ထိုင်းနိင်းငံ လူသတ်မူး သတင်း

ချီလီတွင် ဝေလငါးကောင်ရေ (၇၀) သောင်တင် သေဆုံးမှုဖြစ်ပွား . . . ရုပ်/သံ သတင်း

Watch 12 Cars Throw Down in World’s Greatest Drag Race 6

11 BDC contenders plus one surprise guest<p>We’ve arrived at the end of Best Driver’s Car Week 2016, and that can only mean one thing: it’s time for the sixth installment of the World’s Greatest Drag Race. By now you already know which car we named Best Driver’s Car, but you don’t know which of the 12 …

"အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ကိုဖမ်းမိပြီ" အိမ်အကူမိန်းကလေးနှစ်ဦးကိုနှိပ်စက်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျောက်တံတားရဲစခန်းမှာ အမူဖွင့်ခံထားရတဲ့အမျိုးသမီးနှစ်ဦးထဲက ဆိုင်ပိုင်ရှင်ဒေါ်တင်သူဇာကိုဒီကနေ့ညမှာဖမ်းမိပြီဖြစ်တယ်လို့ ကျောက်တံတားမြို့ နယ်ရဲစခန်းတာဝန်မှုးကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။ "အမှုလိုက်တဲ့ တာဝန်ကျ ရဲတွေဆီကို ဆက်လက်စုံစမ်းနေပါတယ်။ လောလောဆယ်အတည်ပြုပေးနိုင်တာကတော့ တရားခံကို ဖမ်းမိပြီဆိုတာပါပဲ"လို့ တာဝန်မှူး ဒုရဲအုပ်အောင်ဇော်ဝင်းကပြောပါတယ်။ ဒေါ်တင်သူဇာကို သင်္ကန်းကျွန်းမြို့ နယ် (ခ)ရပ်ကွက်ပြည်တော်သာလမ်းမှာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေရင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ "အခုကျွန်တော်တို့  ဖမ်းမိထားတဲ့ လူတွေကို ဒီညတစ်ခါတည်း စစ်ကြောရေးလုပ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ စခန်းမှာ စစ်ဆေးမှာလား၊ စစ်ကြောရေးစခန်းမှာ စစ်ဆေးမှာလားဆိုတာတော့ မပြောနိုင်သေးဘူး။"လို့ တာဝန်မှူး ဒုရဲအုပ်အောင်ဇော်ဝင်းကဆက်ပြောပါတယ်။ ရန်ကုန်မြို့လမ်း၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှာ နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေး ငယ်နှစ်ဦးကိစ္စနဲ့ ပတ်သတ်လို့ ဒေါ်တင်သူဇာနဲ့ သီရိလတ်တို့ကိုကျောက်တံတားမြို့မရဲစခန်း က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့အရေးယူဆောင်ရွက် သွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ညနေပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊လမ်း၄၀ အထက်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာရဲ့နေအိမ် ၈လွှာမှာ လွန်ခဲ့တဲ့ငါးနှစ်ခန့်က အသက်၁၂အရွယ် အိမ်အကူအမျိုးသမီးငယ်များမှာနှိပ်စက်ခံနေရတာကိုတွေ့ရပြီး ခန္ဓာကိုယ်အနှံ ပြတ်ရှရာများတွေ့ရှိခဲ့ကြောင်း၊ နှိပ်စက်ခံရတဲ့ အမျိုးသမီးငယ်များနေထိုင်တဲ့နေရာ ကော့မှုးကိုပါသွားရောက်စုံစမ်းခဲ့ပြီး ဒေါ်တင်သူဇာ ဟာအမျိုးသမီးငယ်များရဲ့လစာကို ၂၀၁၄ခုနှစ်သြဂုတ်လမှာနောက်ဆုံးပေးပြီးလုပ်ခလစာများမရရှိဘဲ လုပ်ကိုင်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ် ရှာဘွားကျေးရွာ အုပ်စုဖျံရွာချောင်ကျေးရွာက မသဇင် အသက် ၁၆နှစ်၊ မစန်းကေခိုင်အသက် ၁၇နှစ် တို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စတင်ပြီးအင်းဝစက်ချုပ်ဆိုင်မှာ အလုပ်စတင် လုပ်ခဲ့ပါတယ်။ မစန်းကေခိုင်ရဲ့ လက်၁၀ချောင်းလုံး နဲ့ညာဘက်လက်မောင်း တို့ရိုက်ချိုးခံထားရပြီး လက်ချောင်းများကွေးကောက်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ဓားနဲ့ အနှံမွှန်းခံထားရတဲ့ဒဏ်ရာများ ရရှိထားတာကို သတင်းထောက်များနဲ့တွေ့ဆုံချိန်က ပြသခဲ့ပါတယ်။ဒါအပြင့် အသက် ၁၆နှစ်အရွယ် မသဇင် မှာလည်း ခန္ဓာကိုယ်အနှံမီးလောင်ဒဏ်ရာများရရှိထားတာတွေကို သတင်းထောက်တွေမျက်မြင်တွေ့ မြင်ခဲ့ရပါတယ်။ Author/ချမ်းသာ Photo/Yangon police

ထွက်ပြေး တိမ်းရှောင်နေသော အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်ကို ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၂၀ အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းက (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားသော အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာ၊ (၅၇)နှစ်ကို ၎င်း၏ အဒေါ်ဖြစ်သူ နေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ နေအိမ်မှ ၂၀.၉.၂၀၁၆ ရက်နေ့ ည ၁၀ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော စုမွန်လတ်ကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။ ကျောက်တံတားမြို့မရဲစခန်းတွင် ရန်ကုန်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ကာယကံရှင် မိန်းကလေးတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး အမှုဖွင့်နေချိန်တွင် အင်းဝအပ်ချုပ်ဆိုင်မှဒေါ်တင်သူဇာ နှင့် မစုမွန်လတ်တို့က ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။ ဓာတ်ပုံ_ ရန်ကုန်တိုင်းရဲတပ်ဖွဲ့